“ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ ကျွန်မလည်ပတ်မှု”
ကောလိပ်ကျောင်းသူ လော်ရာaသည် ဘာသားရေးဆုတောင်းပွဲတစ်ခု တက်ရောက်ပြီး သူ၏အတွေ့အကြုံကို ရေးသားရန် တာဝန်ပေးအပ်ခံခဲ့ရသည်။ယေဟောဝါသက်သေများကို သူရွေးချယ်ခဲ့ပြီး သူ၏စာစီစာကုံးကို “ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ ကျွန်မလည်ပတ်မှု” ဟုခေါင်းစဉ်ပေးခဲ့သည်။ လော်ရာသည် ယေဟောဝါသက်သေများနှင့်ပတ်သက်၍ အဘယ်ထူးခြားမှုကိုတွေ့ခဲ့သနည်း။ သူဖော်ပြခဲ့သောအရာများစွာအနက် အောက်ပါတို့ပါဝင်သည်။
ကလေးငယ်များ— “ကလေးအားလုံးသည် လူကြီးများနှင့်အတူ တစ်ခန်းတည်းတွင် ရှိကြသည်။ ကျွန်မတက်ရောက်ခဲ့ဖူးသမျှ ချာ့ချ်အားလုံးတွင် ကလေးများသည် ၎င်းတို့၏မိဘများမပါဘဲ ဆန်းဒေးစကူးကို တက်ရောက်ကြရသည်။”
လူမျိုးရေးညီညွတ်မှု— “အများအားဖြင့် ချာ့ချ်များသည် တစ်စုံတစ်ခုသောလူမျိုး သို့မဟုတ် မျိုးနွယ်စုကိုသာ အသင်းသားများအဖြစ်ပါဝင်ခွင့်ပြုကြသည်။ . . . သို့တိုင် ယေဟောဝါသက်သေများမူ အုပ်စုခွဲခြားခြင်းမရှိဘဲ အားလုံးအတူတကွထိုင်ကြသည်။”
လှိုက်လှဲပျူငှာသောစိတ်— “လူအတော်များများ ကျွန်မထံလာ၍ စကားပြောကြသည်။ . . . အချို့က တစ်ယောက်ယောက်နှင့် ကျွန်မကျမ်းစာသင်နေသလားဟူ၍ပင် မေးကြသည်။ သို့တိုင် ကျွန်မကို သူတို့တွန်းအားပေးနေသည်ဟု မခံစားခဲ့ရပါ။ သူတို့ . . . ကျွန်မကိုဆုံးဖြတ်ချက်ချစေသည်။”
အလှူငွေကောက်ခံခြင်းမရှိ— “ကျွန်မအမှန်တကယ်အံ့သြမိသည်မှာ မည်သူမျှ အလှူငွေမကောက်ခံခြင်းဖြစ်သည်။ . . . ကျွန်မတက်ရောက်ခဲ့ဖူးသောချာ့ချ်များမှာ ကလေးတန်းများ၌ပင် အလှူငွေကောက်ကြသည်။”
ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါသက်သေများ၏ အသင်းတော် ၉၀,၀၀၀ နီးပါးရှိသည်။ သင်နှင့်အနီးဆုံးအသင်းတော်ထံ လည်ပတ်ကြည့်ပါလေ။
[အောက်ခြေမှတ်ချက်များ]
a အစားထိုးအမည်။