ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၆/၁ စာ. ၈
  • မေတ္တာရှင်ဘုရားသခင်ကို သိရှိလာရခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေတ္တာရှင်ဘုရားသခင်ကို သိရှိလာရခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • အတွင်းငြိမ်သက်မှုကို မည်သည့်နေရာတွင် သင်ရှာတွေ့နိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ကျန်းမာရေး အခက်အခဲ ရှိပေမဲ့ ကိုယ်ကျိုးပဲ မကြည့်
    တွေ့ကြုံမှုများ
  • သာသနာပြုတစ်ဦးဖြစ်လိုသည့် ဆန္ဒကို ယေဟောဝါရှင် ကြွယ်ဝစွာကောင်းချီးပေးခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • သူခိုးများမရှိသောကမ္ဘာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၆/၁ စာ. ၈

ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း

မေတ္တာရှင်ဘုရားသခင်ကို သိရှိလာရခြင်း

အန်တိုနီယိုအမည်ရှိ ဘရာဇီးအမျိုးသားတစ်ဦးသည် အသက် ၁၆ နှစ်အရွယ်တွင်ပင် ဘဝကိုစိတ်ပျက်လျက်ရှိသည်။ ဘာမျှအသုံးမကျဟူသောခံစားချက်က သူ့ကို မူးယစ်ဆေးနှင့် အရက်ကိုအလွဲသုံးသူဖြစ်စေခဲ့သည်။ ကိုယ်ကိုကိုယ်သတ်သေရန် မကြာခဏစဉ်းစားခဲ့သည်။ ထိုအချိန်အခါမျိုးတွင် “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုသူ့မိခင်ပြောခဲ့ဖူးသောစကားကို သူပြန်သတိရသည်။ (၁ ယောဟန် ၄:၈) သို့သော် ဤမေတ္တာရှင်ဘုရားသခင် အဘယ်မှာရှိသနည်း။

သူစွဲနေသည့်အရာများကိုဖြတ်ဖို့ ကြိုးစားရာတွင် အန်တိုနီယိုသည် ဒေသခံတရားဟောဆရာထံမှ အကူအညီတောင်းဆိုခဲ့သည်။ အန်တိုနီယိုသည် . . . ချာ့ချ်တွင် အလွန်တက်ကြွသူတစ်ဦးဖြစ်လာသော်လည်း မေးခွန်းများစွာရှိနေဆဲဖြစ်သည်။ ဥပမာ၊ “[အမှန်] တရားကိုလည်းသိကြသဖြင့်၊ ထိုတရားသည်သင်တို့ကိုလွှတ်လိမ့်မည်” ဟူသောယေရှု၏စကားက သူ့ကိုစိတ်ရှုပ်ထွေးစေခဲ့သည်။ (ယောဟန် ၈:၃၂) အဘယ်လွတ်လပ်မှုမျိုးကို ယေရှုကတိပြုခဲ့ခြင်းနည်း။ ချာ့ချ်သည် သူ့မေးခွန်းများအတွက် စိတ်ကျေနပ်ဖွယ်အဖြေတစ်ခုမျှမပေးနိုင်ခဲ့ချေ။ နောက်ဆုံးတွင် အန်တိုနီယိုသည် ပြန်လေလွင့်သွားကာ သူ၏အကျင့်ဟောင်းများကို ကျင့်ပြန်လေတော့သည်။ အမှန်ဆိုလျှင် ဆေးစွဲသည့်အခြေအနေမှာ ပို၍ဆိုးဝါးလာ၏။

ဤအချိန်လောက်တွင် အန်တိုနီယို၏ဇနီးမာရီယာသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာခဲ့သည်။ သူ၏လေ့လာမှုကို အတိုက်အခံမပြုသော်လည်း အန်တိုနီယိုသည် သက်သေခံများကို “အမေရိကန်နယ်ချဲ့ဝါဒအတွက် လုပ်ဆောင်နေကြသော အမေရိကန်ဘာသာတရားတစ်ခု” အဖြစ်ယူမှတ်ကာ စိတ်ထဲမှဖယ်ရှားပစ်ခဲ့သည်။

စိတ်ဓာတ်အကျမခံဘဲ မာရီယာသည် အန်တိုနီယိုစိတ်ဝင်စားမည်ထင်သော ဆောင်းပါးများပါသည့် ကင်းမျှော်စင် နှင့် နိုးလော့!မဂ္ဂဇင်းများကို တစ်အိမ်လုံးအနှံ့ချထားပေးသည်။ အန်တိုနီယိုသည် စာဖတ်ဝါသနာပါသည့်အတွက် သူ၏ဇနီးမရှိချိန်များ၌ မဂ္ဂဇင်းများကို ရံဖန်ရံခါ လှန်လှောကြည့်လေသည်။ ကျမ်းစာဆိုင်ရာမေးခွန်းများ၏ အဖြေများကို သူ၏ဘဝတွင် ဦးဆုံးအကြိမ်တွေ့ ရှိခဲ့သည်။ “ကျွန်တော့်ဇနီးနဲ့ သက်သေခံတွေပြနေကြတဲ့ မေတ္တာနဲ့ကြင်နာမှုတွေကိုလည်း ကျွန်တော်စသတိထားမိလာတယ်” ဟုသူပြန်ပြောပြသည်။

၁၉၉၂ ခု၊ နှစ်လယ်ပိုင်းတွင် သူလည်း ယေဟောဝါသက်သေများနှင့်ကျမ်းစာလေ့လာမည်ဟု အန်တိုနီယိုဆုံးဖြတ်ခဲ့သည်။ သို့သော် သူသည် မူးယစ်ဆေးများကိုအလွဲသုံး၍ အရက်အလွန်အကျွံသောက်ဆဲဖြစ်သည်။ ညနက်တစ်ညတွင် သူနှင့်သူ၏မိတ်ဆွေတစ်ဦးသည် မြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ အိမ်သို့အပြန်တွင် ရဲကသူတို့ကိုရပ်စေ၍စစ်ဆေးခဲ့ရာ အန်တိုနီယိုလက်ဝယ်တွင် ကိုကင်းတွေ့ ရှိသဖြင့် သူ့ကိုစရိုက်နှက်တော့သည်။ ရဲသားတစ်ဦးက သူ့ကိုရွှံ့တောထဲတွန်းချကာ သူ့မျက်နှာကိုသေနတ်ဖြင့်ချိန်ထားသည်။ အခြားရဲသားတစ်ဦးက “သူ့ကိုသတ်ပစ်လိုက်!” ဟုအော်ပြောသည်။

အန်တိုနီယိုသည် ရွှံ့ထဲလဲနေစဉ် သူ့ဘဝကိုပြန်တွေးမိသည်။ သူမှတ်မိနိုင်သော ကောင်းရာများသည် သူ့မိသားစုနှင့် ယေဟောဝါသာလျှင်ဖြစ်သည်။ ထိုအခါ တိုတိုတုတ်တုတ်ဆုတောင်းကာ ယေဟောဝါ၏အကူအညီကို အသနားခံလေသည်။ အကြောင်းအထွေအထူးမရှိဘဲ ရဲများထွက်သွား၏။ ယေဟောဝါသူ့ကိုကာကွယ်ပေးသည်ဟု ယုံကြည်လျက် အိမ်သို့သူပြန်သွားခဲ့သည်။

အန်တိုနီယိုသည် အားသစ်ထပ်လောင်း၍ ကျမ်းစာကိုစလေ့လာတော့သည်။ ယေဟောဝါ၏နှစ်သက်မှုရရှိဖို့ တဖြည်းဖြည်းသူပြောင်းလဲလာခဲ့သည်။ (ဧဖက် ၄:၂၂-၂၄) ချုပ်တည်းခြင်းကိုမွေးပြီး မူးယစ်ဆေးစွဲသည့်ပြဿနာများကို သူစတင်ဖြေရှင်းခဲ့သည်။ သို့တိုင် သူသည် ဆေးဘက်ဆိုင်ရာအကူအညီလိုအပ်ခဲ့သည်။ ပြန်လည်ထူထောင်ရေးဆေးရုံတွင် နှစ်လကြာခဲ့ရာ ထိုအတောအတွင်း ထာဝရအသက်ရစေသောအသိပညာစာအုပ်အပါအဝင် ကျမ်းစာစာပေများစွာကို ဖတ်ရှုခွင့်ရခဲ့၏။ ထို့နောက် အန်တိုနီယိုသည် ဤစာအုပ်များမှ သူသိရှိခဲ့ရာများကို အခြားလူနာများအားပြောပြခဲ့သည်။

အန်တိုနီယိုသည် ပြန်လည်ထူထောင်ရေးဆေးရုံမှဆင်းပြီးနောက် သက်သေခံများနှင့် ကျမ်းစာဆက်လေ့လာခဲ့သည်။ ယနေ့ အန်တိုနီယို၊ မာရီယာ၊ သူတို့၏သမီးနှစ်ဦးနှင့် အန်တိုနီယို၏မိခင်တို့သည် ပျော်ရွှင်စည်းလုံးသောမိသားစုတစ်ခုအဖြစ် ယေဟောဝါ၏အမှုတော်ကိုအတူတကွ ဆောင်ရွက်နေကြသည်။ “‘ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏’ ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်အမှန်ကို ကျွန်တော်အခုနားလည်ပြီ” ဟုအန်တိုနီယိုကပြောသည်။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ရီယိုဒီဂျနေရို၌ဟောပြောခြင်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ