ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၁၁/၁၅ စာ. ၃၃
  • အတွင်းအလှသည် တည်မြဲသောတန်ဖိုးရှိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အတွင်းအလှသည် တည်မြဲသောတန်ဖိုးရှိ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၁၁/၁၅ စာ. ၃၃

အတွင်းအလှသည် တည်မြဲသောတန်ဖိုးရှိ

“လူရွယ်တစ်ဦးသည် အလှအပနှင့် မွန်မြတ်သောအကျင့်ကို တန်းတူသဘောထားသည်” ဟု သစ္စာရှိသက်ကြီးခရစ်ယာန်တစ်ဦးကဆိုသည်။

မှန်ပါသည်၊ လူသည် ကြာမြင့်စွာကတည်းက အပြင်ပန်းအလှကို အလွန်အလေးပေးတတ်ကြပြီး ယင်းက အတွင်းပိုင်းတန်ဖိုးကို တလွဲအကဲဖြတ်စေလေ့ရှိသည်။ သို့သော် ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့၏အပြင်ပန်းအသွင်အပြင်ကို ပမာဏမထားဘဲ အတွင်းစိတ်၌အဘယ်သို့သောသူဖြစ်ကြောင်း ကြည့်ရှုတော်မူ၏။ ဤနည်းဖြင့် ကိုယ်တော်သည် စေ့စပ်စုံလင်သည့်အကဲဖြတ်မှုဆိုင်ရာ အကောင်းဆုံးနမူနာကို ချမှတ်ပေးသည်။ ကျမ်းစာအရ ဘုရားသခင်ကိုယ်တော်တိုင် ဤသို့ဆိုခဲ့သည်– “ထာဝရဘုရားသည် လူမြင်သကဲ့သို့မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်။”—၁ ဓမ္မရာဇဝင် ၁၆:၇။

ဘုရားသခင်သည် လူ့အလှစစ်၏ ရင်းမြစ်ဖြစ်တော်မူပြီး လူတစ်ဦး၏အရည်အသွေးမှန်ကို အကဲဖြတ်သောအခါ ဝိညာဉ်ရေးအရည်အချင်းများသည် တန်ဖိုးအရှိဆုံးဖြစ်သည်ဟု ကိုယ်တော်၏နှုတ်မြွက်စကားတော်ကဖော်ပြသည်။ “ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့်ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ထာဝရဘုရားကိုကြောက်ရွံ့သောမိန်းမမူကား ချီးမွမ်းခြင်းကိုခံရလိမ့်မည်” ဟုကျမ်းစာကဖော်ပြသည်။ (သု. ၃၁:၃၀) အမှန်မှာ အပြင်ပန်းအရဆွဲဆောင်မှုရှိခြင်းသည် အတွင်းပိုင်းအကျည်းတန်မှုကို ဖုံးကွယ်နိုင်သည်။ (ဧသတာ ၁:၁၀-၁၂; သု. ၁၁:၂၂) ကိုယ်ခန္ဓာအလှအပသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်ပျောက်လွင့်သွားနိုင်သော်လည်း အတွင်းပိုင်းအလှ—နှလုံးအရည်အချင်းများ—မူ ကြီးထွားတည်မြဲနိုင်သည်။

ထို့ကြောင့် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ချုပ်တည်းခြင်းစသည့် အရည်အချင်းများကို ပြုစုပျိုးထောင်ခြင်းသည် တကယ်ပင်ပညာရှိရာရောက်သည်! (ဂလာတိ ၅:၂၂၊ ၂၃) သို့ဖြင့် အမှန်တည်မြဲသောတန်ဖိုးရှိသည့် အတွင်းအလှကို ကျွန်ုပ်တို့ရယူပိုင်ဆိုင်နိုင်သည်။—၁ ပေတရု ၃:၃၊ ၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ