ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၁၁/၁၅ စာ. ၂-၄
  • ကယ်တင်မည့် မျှော်လင့်ချက် တစ်စုံတစ်ရာရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကယ်တင်မည့် မျှော်လင့်ချက် တစ်စုံတစ်ရာရှိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်၏ ‘ကယ်တင်ခြင်းမျှော်လင့်ချက်’ ကို တောက်ပနေစေလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ကယ်တင်ခြင်း—ယင်း၏အမှန်တကယ်ဆိုလိုရင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ကယ်တင်ခြင်းခံရရန် ကျွန်ုပ်တို့ဘာပြုလုပ်ရ မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ကယ်တင်ခြင်းဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၁၁/၁၅ စာ. ၂-၄

ကယ်တင်မည့် မျှော်လင့်ချက် တစ်စုံတစ်ရာရှိသလော

၂၀ ရာစုသည် လူသားတို့ကြုံဖူးခဲ့သမျှတွင် သွေးသွန်းမှုအများဆုံးရာစုနှစ်တစ်ခုအဖြစ် နာမည်ရထားသည်။ ရာဇဝတ်မှု၊ စစ်ပွဲများ၊ လူမျိုးရေးပဋိပက္ခ၊ မူးယစ်ဆေးဝါး အလွဲသုံးခြင်း၊ မရိုးသားမှုနှင့်အကြမ်းဖက်မှုတို့သည် အထူးသဖြင့် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း နေရာအနှံ့ဖြစ်ပျက်ခဲ့သည်။ ထို့ပြင် ဖျားနာခြင်း၊ အိုမင်းခြင်းနှင့်သေခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုနှင့် ဆင်းရဲခြင်းတို့က ထပ်ဆင့်ဖြစ်ပျက်ခဲ့ပြီ။ ယနေ့ ကမ္ဘာပေါ်ရှိ များပြားလှသောပြဿနာများမှ မလွတ်မြောက်လိုသူ မည်သူရှိမည်နည်း။ အနာဂတ်ကို ကျွန်ုပ်တို့ရှုမျှော်ကြစဉ် ကယ်တင်မည့် မျှော်လင့်ချက် တစ်စုံတစ်ရာရှိသလော။

လွန်ခဲ့သောအနှစ် ၂,၀၀၀ ခန့်က တမန်တော်ယောဟန်အပ်နှင်းခံရသည့် အဆင်းအာရုံကို သုံးသပ်ကြည့်ပါ။ သူဤသို့ရေးသားသည်– “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာဒိတ် ၂၁:၃၊ ၄) ပရောဖက်ဟေရှာယလည်း အလားတူ တင်ကူးဟောကြားခဲ့သည်– “သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု ထာဝရဘုရားအမိန့်တော်ရှိ၏။”—ဟေရှာယ ၂၅:၈။

ဘုရားသခင့်ကတိတော်များပြည့်စုံခြင်းသည် အဘယ်အဓိပ္ပာယ်ရှိမည်ကိုသာ စဉ်းစားကြည့်ပါလေ! လူသားသည် ဖိနှိပ်မှုနှင့် အကြမ်းဖက်မှု၊ ဆင်းရဲခြင်းနှင့် ပူပင်သောကရောက်စေသည့် အကြောင်းရင်းများမှ လွတ်မြောက်ကြလိမ့်မည်။ ဖျားနာခြင်း၊ အိုမင်းခြင်းနှင့် သေခြင်းတို့ပင် ကျွန်ုပ်တို့ကို ဘေးမသင့်တော့! ကမ္ဘာပေါ်တွင် စုံလင်သောအခြေအနေ၌ ထာဝရအသက်ရမည်ဟု ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာက ကတိပြုထားသည်။ (လုကာ ၂၃:၄၃; ယောဟန် ၁၇:၃) ယင်းကိုရလိုသူအားလုံး ရရှိနိုင်ကြမည်။ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ [အမှန်] တရားကိုသိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏။”—၁ တိမောသေ ၂:၃၊ ၄။

သို့သော် ဘုရားသခင့်ကတိတော်များမှ အကျိုးခံစားရရန် ကျွန်ုပ်တို့၏ကယ်တင်ခြင်းတွင် ယေရှုခရစ်ပါဝင်သည့်အခန်းကဏ္ဍကို သဘောပေါက်ရမည်၊ ကိုယ်တော်ကို ယုံကြည်ရမည်ဖြစ်သည်။ ယေရှုကိုယ်တော်တိုင် ဤသို့မိန့်ဆိုခဲ့သည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လော[က]သားတို့ကိုချစ်တော်မူ၏။” (ယောဟန် ၃:၁၆) ဤကိစ္စတွင် ယေရှုခရစ်၏ အရေးပါသောအခန်းကဏ္ဍကို ထောက်ပြကာ တမန်တော်ပေတရုက ဤသို့ဆိုသည်– “ထိုသခင်၏နာမတော်မှတစ်ပါး ငါတို့ကိုကယ်တင်နိုင်သောနာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင် မပေါ်မရှိ။” (တမန်တော် ၄:၁၂) တမန်တော်ပေါလုနှင့် သူ၏အဖော်သိလတို့သည် စိတ်ရင်းမှန်နှင့်မေးမြန်းသူတစ်ဦးကို ဤသို့တိုက်တွန်းခဲ့သည်– “သခင်ယေရှုခရစ်ကိုယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။”—တမန်တော် ၁၆:၃၀၊ ၃၁။

မှန်ပါသည်၊ ယေရှုခရစ်သည် “အသက်ရှင်ခြင်းသို့ပို့ဆောင်တော်မူသောအရှင်” ဖြစ်သောကြောင့် ကိုယ်တော်အားဖြင့်သာ ကယ်တင်ခြင်းရရှိနိုင်သည်။ (တမန်တော် ၃:၁၅) သို့သော် ကျွန်ုပ်တို့ကယ်တင်ခြင်းရရန် လူတစ်ဦးသည် ထိုသို့သောအဓိကပုဂ္ဂိုလ်တစ်ဦး မည်သို့ဖြစ်နိုင်မနည်း။ ဤကိစ္စနှင့်ပတ်သက်၍ ကိုယ်တော်၏အခန်းကဏ္ဍကို ရှင်းလင်းစွာသဘောပေါက်ခြင်းသည် ကျွန်ုပ်တို့ ကယ်တင်ခြင်းရရန် မျှော်လင့်ချက်ကို ပိုခိုင်မာစေသင့်သည်။

[Picture Credit Lines on page 2]

Page 3: Bombers: USAF photo; starving children: UNITED NATIONS/​J. FRAND; burning battleship: U.S. Navy photo

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ