ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၄/၁၅ စာ. ၃၂
  • ထွက်ပြေးရန် ပညာရှိသည့်အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထွက်ပြေးရန် ပညာရှိသည့်အခါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၄/၁၅ စာ. ၃၂

ထွက်ပြေးရန် ပညာရှိသည့်အခါ

ယနေ့ ဤလောက၏အမှတ်အသားသည် မိုက်ရူးရဲဆန်သည့်စိတ်ဓာတ်နှင့် ရန်မူခြင်း သို့မဟုတ် သွေးဆောင်မှုတို့ ဖြစ်၏။ အခြေအနေတစ်ရပ်မှ ထွက်ပြေးသူတစ်ဦးကို များသောအားဖြင့် အားနည်းသူ သို့မဟုတ် သူရဲဘောကြောင်သူအဖြစ် ယူမှတ်ကြသည်။ ထိုသူသည် သရော်လှောင်ပြောင်ခြင်းကိုပင် ခံရနိုင်သည်။

သို့ရာတွင် ပညာရှိရှိနှင့် ရဲရင့်စွာထွက်ပြေးရမည့်အချိန်အခါမျိုးရှိကြောင်း သမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြထားသည်။ ၎င်းကိုထောက်ခံသည့်အနေဖြင့် ယေရှုခရစ်သည် တပည့်တော်များကို ခရစ်ယာန်ဓမ္မအမှုသို့မစေလွှတ်မီ ဤသို့မိန့်ဆိုတော်မူခဲ့၏– “တစ်မြို့၌သင်တို့ကိုညှဉ်းဆဲလျှင် တစ်မြို့သို့ပြေးကြလော့။” (မဿဲ ၁၀:၂၃) ယေရှု၏တပည့်တော်များသည် ညှဉ်းဆဲသူများလက်မှလွတ်မြောက်ရန် ကြိုးစားကြရမည်ဖြစ်သည်။ သူတို့သည် အခြားသူများကို အတင်းအကျပ် ဘာသာပြောင်းစေရန် ကြိုးစားဖို့မဟုတ်၊ ဘာသာရေးစစ်ပွဲပုံစံမျိုးကို ပြုလုပ်ဖို့မဟုတ်ချေ။ ငြိမ်သက်ခြင်းသတင်း သူတို့တွင်ရှိကြသည်။ (မဿဲ ၁၀:၁၁-၁၄; တမန်တော် ၁၀:၃၄-၃၇) ထို့ကြောင့် ခရစ်ယာန်များသည် ဒေါသထွက်ကြမည့်အစား အမျက်နှိုးဆော်သည့်အရာမှ ဝေးဝေးလံလံ ထွက်ပြေးကြရမည်ဖြစ်၏။ ဤနည်းအားဖြင့် သူတို့သည် ကြည်လင်သောသိစိတ်အပြင် ယေဟောဝါနှင့်တန်ဖိုးရှိဆက်ဆံရေးကိုပါ ထိန်းသိမ်းထားနိုင်ကြသည်။—၂ ကောရိန္သု ၄:၁၊ ၂။

ကွဲပြားခြားနားသောပုံနမူနာတစ်ခုကို နယပုံပြင်ကျမ်းတွင် တွေ့ ရှိရ၏။ သွေးဆောင်မှုကိုရင်ဆိုင်ရသည့်အခါ ထွက်ပြေးသွားမည့်အစား “နွားသည်အသေခံရာနောက်သို့ လိုက်သကဲ့သို့” ပြည့်တန်ဆာမိန်းမနောက်လိုက်သွားခဲ့သည့် လူရွယ်တစ်ဦးအကြောင်းကို ထိုကျမ်းစောင်ကပြောပြသည်။ ရလဒ်ကားအဘယ်နည်း။ သူသည် သွေးဆောင်ခံလိုက်သည့်အတွက် ဘေးဆိုးကြုံခဲ့ရ၏။—သု. ၇:၅-၈၊ ၂၁-၂၃။

သင်သည် လိင်အကျင့်ယိုယွင်းခြင်းကို ကျူးလွန်ရန် သွေးဆောင်ခံရမည်၊ သို့မဟုတ် စိုးရိမ်စရာရှိသော အခြားအန္တရာယ်တစ်မျိုးတစ်မည်နှင့် ပက်ပင်းတိုးပါက အသို့ နည်း။ ဘုရားသခင့်နှုတ်မြွက်စကားတော်အရ သင့်လျော်သောအပြုအမူမှာ ထွက်ပြေးရန်ဖြစ်သည်၊ ထိုနေရာမှ အဝေးသို့ ချက်ချင်းရှောင်ပြေးရန်ဖြစ်သည်။—သု. ၄:၁၄၊ ၁၅; ၁ ကောရိန္သု ၆:၁၈; ၂ တိမောသေ ၂:၂၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ