ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၅/၁၅ စာ. ၃၂
  • ဘုရားသခင်၏မေတ္တာတော်ကို သင်သဘောပေါက်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်၏မေတ္တာတော်ကို သင်သဘောပေါက်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၅/၁၅ စာ. ၃၂

ဘုရားသခင်၏မေတ္တာတော်ကို သင်သဘောပေါက်သလော

ယောဘသည် တစ်ခါက ဤစကားများဖြင့် မစုံလင်သောလူ့အခြေအနေကို ဖော်ပြခဲ့၏– “လူသည် မိန်းမဖွားသောသူဖြစ်သဖြင့် အသက်တို၍ [ဆင်းရဲခြင်း]နှင့်ပြည့်စုံပါ၏။ ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကိုခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ရွေ့သွားတတ်ပါ၏။” (ယောဘ ၁၄:၁၊ ၂) ထိုစဉ်က ယောဘကြုံတွေ့နေရသည့်အဖြစ်ကြောင့် သူ၏ဘဝသည် ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းတို့နှင့် ပြည့်နှက်လျက်ရှိသည်။ ထိုသို့ သင်ခံစားခဲ့ဖူးသလော။

အခက်အခဲပြဿနာအမျိုးမျိုးကို ကျွန်ုပ်တို့ရင်ဆိုင်နေရကြသော်လည်း ဘုရားသခင်၏သနားကြင်နာခြင်းနှင့် မေတ္တာအပေါ် အခြေပြုသည့် ခြေမြစ်ခိုင်လုံသော မျှော်လင့်ချက်တစ်ခုရှိပါ၏။ ဦးဆုံးအနေနှင့် ကျွန်ုပ်တို့၏သနားညှာတာရှင် ကောင်းကင်ခမည်းတော်သည် လူသားတို့၏အပြစ်ရှိအနေအထားမှ ကယ်နုတ်ရန် ရွေးနုတ်ဖိုးယဇ်ကို ပြင်ဆင်ပေးခဲ့သည်။ ယောဟန် ၃:၁၆၊ ၁၇ အရ ယေရှုခရစ်ဤသို့မိန့်ဆိုခဲ့သည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လော[က]သားတို့ကို ချစ်တော်မူ၏။ လော[က]သားတို့အား အပြစ်စီရင်ခြင်းငှာ ဘုရားသခင်သည် သားတော်ကို ဤလောကသို့စေလွှတ်တော်မူသည်မဟုတ်။ လော[က]သားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။”

ထို့ပြင် မစုံလင်သောလူသားများအပေါ် ဘုရားသခင်၏ကြင်နာသောသဘောထားကိုလည်း သုံးသပ်ကြည့်ပါ။ “ဘုရားသခင်သည် မြေတစ်ပြင်လုံး၌နေရသော လူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့်ဖန်ဆင်းတော်မူ၍ သူတို့အားခွဲဝေစီမံသောအချိန်ကာလကိုလည်းကောင်း၊ သူတို့၏နေရာအပိုင်းအခြားကိုလည်းကောင်း မှတ်သားတော်မူ၏။ အကြောင်းမူကား၊ လူတို့သည် ဘုရားသခင်ကိုရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ ကြလိမ့်မည်အကြောင်းတည်း။ သို့ဆိုသော်လည်း ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” ဟူ၍ တမန်တော်ပေါလုက အခိုင်အမာပြောဆိုခဲ့၏။ (တမန်တော် ၁၇:၂၆၊ ၂၇) စဉ်းစားကြည့်ပါလေ! ကျွန်ုပ်တို့သည် မစုံလင်သောလူသားများဖြစ်ကြသော်လည်း ကျွန်ုပ်တို့၏မေတ္တာရှိဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်နှင့် နှစ်ကိုယ်ကြားဆက်ဆံရေးရှိနိုင်ကြသည်။

သို့ဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုဂရုစိုက်ပြီး ကျွန်ုပ်တို့၏ရေရှည်အကျိုးအတွက် မေတ္တာပါစွာပြင်ဆင်ပေးထားသည်ကို သိရှိပြီး ယုံကြည်စိတ်ချစွာဖြင့် အနာဂတ်ကို ရင်ဆိုင်နိုင်ကြသည်။ (၁ ပေတရု ၅:၇; ၂ ပေတရု ၃:၁၃) ထို့ကြောင့် ကိုယ်တော်၏နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကိုလေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့၏မေတ္တာရှင် ဘုရားသခင်အကြောင်း ပို၍သင်ယူနိုင်စရာအကြောင်း များစွာရှိသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ