ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၆/၁ စာ. ၂၉
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဘယ်ကြောင့် နှစ်ခြင်းခံရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • နှစ်ခြင်းဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • နှစ်ခြင်းမခံရန်သင့်အား ဘယ်အရာဆီးတားသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • သင်နှစ်ခြင်းခံသင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၆/၁ စာ. ၂၉

စာရှုသူများထံမှမေးခွန်းလွှာ

လူတစ်ဦး နှစ်ခြင်းခံလိုသော်လည်း ရေထဲတွင် စုံးစုံးနစ်မြုပ်ရန်မလွယ်သည့် ကိုယ်အင်္ဂါအကြီးအကျယ်ချို့ယွင်းနေမည် သို့မဟုတ် ကျန်းမာရေးအလွန်ချို့တဲ့နေမည်ဆိုလျှင် စုံးစုံးနစ်မြုပ်ဖို့ လိုအပ်မည်လော။

“နှစ်ခြင်းပေးခြင်း” ဟူသော စကားလုံးသည် “နစ်မြုပ်ခြင်း” ဟုအဓိပ္ပာယ်ရသည့် ဂရိကြိယာ ဘားပ်တို မှဆင်းသက်လာသည်။ (ယောဟန် ၁၃:၂၆) သမ္မာကျမ်းစာတွင် “နှစ်ခြင်းပေးခြင်း” သည် “နစ်မြုပ်ခြင်း” နှင့်အတူတူဖြစ်၏။ အဲသယောပိအမတ်ကို ဖိလိပ္ပုနှစ်ခြင်းပေးခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “ဖိလိပ္ပုသည် ထိုအမတ်နှင့်တကွ ရေထဲသို့ဆင်း၍ . . . [“နစ်မြုပ်ခဲ့၊” ကဘ] ၏။” (တမန်တော် ၈:၃၈) သို့ ဖြစ်၍ နှစ်ခြင်းခံမည့်သူကို ရေထဲ လုံးလုံးနစ်မြုပ်ရမည်ဖြစ်သည်။—မဿဲ ၃:၁၆; မာကု ၁:၁၀။

ယေရှုသည် နောက်တော်လိုက်များကို ဤသို့ ညွှန်ကြားခဲ့၏– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . [“နှစ်ခြင်း၊” ကဘ] ပေးကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) ယင်းနှင့်အညီ ယေဟောဝါသက်သေများသည် စုံးစုံးနစ်မြုပ်ဖို့ ရေအလုံအလောက်ရှိသည့် ရေအိုင်များ၊ ကန်များ၊ မြစ်များနှင့် အခြားနေရာများတွင် နှစ်ခြင်းပေးရန် စီစဉ်ကြသည်။ စုံးစုံးနစ်မြုပ်ခြင်းသည် ကျမ်းစာတောင်းဆိုချက်ဖြစ်ရာ နှစ်ခြင်းခံလိုသူတစ်ဦးကို တားပိုင်ခွင့်မရှိချေ။ သို့ ဖြင့် လူတစ်ဦးတစ်ယောက်၏အခြေအနေကြောင့် တစ်မူထူးခြားသောလုပ်ဆောင်မှုများ ပြုလုပ်ပေးရဖို့ လိုအပ်မည်ဆိုလျှင်ပင် သူ့ကို နှစ်ခြင်းပေးသင့်သည်။ ဥပမာ၊ ဧရာမရေချိုးကန်များတွင် နှစ်ခြင်းပေးခြင်းသည် အသက်အရွယ်ကြီးရင့်သူများ သို့မဟုတ် ကျန်းမာရေးအလွန်ချို့တဲ့သူများအတွက် အထောက်အကူဖြစ်သည်။ ကန်ရေကို ပူနွေးစေပြီးနောက် နှစ်ခြင်းခံမည့်သူအား ရေထဲသို့ တဖြည်းဖြည်းဆင်းစေပြီး သူကျင့်သားရသည့်အခါ နှစ်ခြင်းပေးလိုက်နိုင်၏။

ကိုယ်အင်္ဂါအကြီးအကျယ်ချို့ယွင်းသူများကိုပင် နှစ်ခြင်းပေးခဲ့ကြပြီ။ ဥပမာ၊ လေပြွန်ခွဲထားသူများနှင့် လည်ချောင်းတွင် အစဉ်အပေါက်ဖောက်ထားရသူများ သို့မဟုတ် အသက်ရှူကိရိယာအသုံးပြုရန် လိုအပ်သူများကိုပင် ရေထဲနှစ်မြှုပ်ပေးခဲ့ပြီ။ သို့သော် နှစ်ခြင်းခံမည့် ဤသူအားလုံးအတွက် ကြိုတင်ပြင်ဆင်မှုများ အသေအချာပြုလုပ်ထားရန်လိုပေမည်။ ဖြစ်နိုင်မည်ဆိုလျှင် ကျွမ်းကျင်သည့်သူနာပြု သို့မဟုတ် ဆရာဝန်တစ်ဦး အဆင်သင့်ရှိနေခြင်းသည် ပညာရှိရာကျမည်။ သို့သော် အထူးအစီအစဉ်များ သို့မဟုတ် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားမည်ဆိုလျှင် ကိစ္စရပ်တိုင်းလိုလိုတွင် နှစ်ခြင်းပေးနိုင်ပါသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်သည် အရိုးခံစိတ်ဖြင့်နှစ်ခြင်းခံလိုပြီး ပတ်သက်သည့်အန္တရာယ်များကို ခံယူဖို့အသင့်ရှိမည်ဆိုလျှင် သူ့အား ရေတွင်နှစ်ခြင်းပေးရန် အတတ်နိုင်ဆုံး သင့်တော်စွာလုပ်ဆောင်ပေးသင့်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ