ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၈/၁၅ စာ. ၂၉
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်၏သွန်သင်ခြင်းသည် ထိရောက်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • မည်သူ့အပြစ်နည်း သင်လော၊ သင့်မျိုးရိုးဗီဇလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဧဇရမှတ်စာမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ကိုယ်ချင်းစာနာစိတ်—ကြင်နာသနားဖို့ စေ့ဆော်ပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၈/၁၅ စာ. ၂၉

သင်မှတ်မိသလော

မကြာသေးမီက ထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များကို ဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–

• ကိုယ်ချင်းစာနာစိတ်ဟူသည် အဘယ်နည်း၊ ခရစ်ယာန်များ ယင်းကို အဘယ်ကြောင့် ပျိုးထောင်သင့်သနည်း။

ယင်းသည် ကျွန်ုပ်တို့၏နှလုံးတွင် အခြားသူ၏ကြေကွဲမှုကို ခံစားတတ်ခြင်းဖြစ်၍ အခြားသူ၏နေရာတွင် ကိုယ်တိုင်အစားထိုး ခံစားနိုင်စွမ်းဖြစ်သည်။ ‘ကိုယ်ချင်းစာနာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက်ခြင်း’ ရှိကြရန် ခရစ်ယာန်များအား ဆုံးမခဲ့သည်။ (၁ ပေတရု ၃:၈) ကိုယ်ချင်းစာနာစိတ်ပြခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့လိုက်လျှောက်နိုင်သော စံနမူနာကို ယေဟောဝါချမှတ်ပေးတော်မူသည်။ (ဆာလံ ၁၀၃:၁၄; ဇာခရိ ၂:၈) ယင်းကိစ္စတွင် နားထောင်ခြင်း၊ အကဲခတ်ခြင်းနှင့် မှန်းဆခြင်းအားဖြင့် ကျွန်ုပ်တို့သည် ပိုမိုအကင်းပါးလာနိုင်သည်။—၄/၁၅၊ စာမျက်နှာ ၂၄-၆။

• စစ်မှန်သောပျော်ရွှင်မှု ရရှိရန် မသန်မစွမ်းမှုများကို အပြီးသတ်မကုသပေးမီ ဝိညာဉ်ရေးကုသမှု အဘယ်ကြောင့်လိုသနည်း။

ကျန်းမာရေးကောင်းသူများစွာသည် ပြဿနာများစွာရှိသဖြင့် မပျော်ရွှင်နိုင်ကြချေ။ အခြားတစ်ဖက်တွင်မူ ယနေ့ မသန်မစွမ်းသော ခရစ်ယာန်များစွာသည် ယေဟောဝါ၏အမှုတော်ဆောင်ခြင်း၌ အလွန်ပျော်ရွှင်နေကြသည်။ ယခု ဝိညာဉ်ရေးကုသမှုခံရ၍ အကျိုးခံစားနေကြရသူများသည် ကမ္ဘာသစ်တွင် မသန်မစွမ်းမှုများပပျောက်သွားသည့် အခွင့်အရေးရရှိကြပါလိမ့်မည်။—၅/၁၊ စာမျက်နှာ ၆-၇။

• ဟေဗြဲ ၁၂:၁၆ တွင် ဧသောကို မတရားမေထုန်ပြုသူနှင့် တစ်တန်းတစ်စားတည်း အဘယ်ကြောင့်ထားသနည်း။

ဧသောသည် လတ်တလောအကျိုးကို အာရုံစိုက်ပြီး မြင့်မြတ်သောအရာများကို လျစ်လျူရှုသည့် စိတ်ထားရှိကြောင်း သမ္မာကျမ်းစာမှတ်တမ်းက ဖော်ပြသည်။ ယနေ့ တစ်ဦးတစ်ယောက်သည် ထိုစိတ်ထားမျိုးမွေးမည်ဆိုလျှင် မတရားမေထုန် အစရှိသော ကြီးလေးသည့်အပြစ် ပြုမိနိုင်သည်။—၅/၁၊ စာမျက်နှာ ၁၀-၁၁။

• တာတူလျန်ကား  အဘယ်သူနည်း၊  အဘယ်အတွက်  သူကျော်ကြားခဲ့သနည်း။

သူသည် စီ.အီး. ဒုတိယနှင့် တတိယရာစုတွင် အသက်ရှင်ခဲ့သော စာရေးဆရာ၊ ဓမ္မပညာရှင်တစ်ဦးဖြစ်သည်။ အမည်ခံခရစ်ယာန်ဘာသာကို ချေပရန် စာပေအမြောက်အမြား ထုတ်ဝေခဲ့သောကြောင့် ကျော်ကြားလာသည်။ သူသည် ခုခံချေပစဉ် သုံးပါးပေါင်းတစ်ဆူ အစရှိသော အယူဝါဒဆိုင်ရာလွဲမှားမှုများအတွက် အခြေခံဖြစ်သည့် အယူအဆများနှင့် အတွေးအခေါ်ပညာပိုင်းဆိုင်ရာ အမြင်များကို သွတ်သွင်းပေးခဲ့သည်။—၅/၁၅၊ စာမျက်နှာ ၂၉-၃၁။

• လူတို့၏ ရောဂါများ၊ အမူအကျင့်များနှင့် သေရခြင်းသည် မျိုးရိုးဗီဇကြောင့်ဟု အဘယ်ကြောင့် လုံးလုံးအပြစ်ပုံချ၍ မရသနည်း။

မျိုးရိုးဗီဇကြောင့် လူ့ရောဂါအမျိုးမျိုးဖြစ်ရသည်ဟု သိပ္ပံပညာရှင်များက ကောက်ချက်ချခဲ့ကြပြီး အချို့က အမူအကျင့်သည် ကျွန်ုပ်တို့၏မျိုးရိုးကြောင့်ဖြစ်သည်ဟု ယူမှတ်ကြ၏။ သို့တိုင် သမ္မာကျမ်းစာက အပြစ်နှင့် မစုံလင်မှုသည် လူသားကို မည်သို့ထိခိုက်နစ်နာခဲ့ခြင်းအပါအဝင် လူ့ဇာစ်မြစ်ကိုပါ ထိုးထွင်းသိမြင်စေသည်။ မျိုးရိုးဗီဇသည် ပင်ကိုစရိုက်များကို ပုံသွင်းရာ၌ အပိုင်းကဏ္ဍတစ်ခု ပါဝင်နိုင်သော်လည်း ကျွန်ုပ်တို့၏မစုံလင်မှုနှင့် ဝန်းကျင်အခြေအနေတို့သည်လည်း အဓိကသြဇာလွှမ်းမိုးရာဖြစ်သည်။—၆/၁၊ စာမျက်နှာ ၉-၁၁။

• အီဂျစ်ပြည်၊ အော့က္ကစီရင်းန်ကပ်စ်မြို့တွင် တွေ့ ရှိခဲ့သော ကျူစာအပိုင်းအစသည် ဘုရားသခင်၏နာမတော်ကို အသုံးပြုခြင်းအပေါ် မည်သို့မီးမောင်းထိုးပြသနည်း။

ဂရိစက်ပ်တွားဂျင့်ကျမ်းမှဖြစ်သော ယောဘ ၄၂:၁၁၊ ၁၂ အပိုင်းအစတွင် တက်တြာဂရမ်မီတန် (ဘုရားသခင့်နာမတော်၏ ဟေဗြဲအက္ခရာလေးလုံး) ပါရှိသည်။ ခရစ်ယာန်ဂရိကျမ်းစာစောင်များကို ရေးသားသူများ ကိုးကားဖော်ပြလေ့ရှိသော စက်ပ်တွားဂျင့်ကျမ်းတွင် ဟေဗြဲဘာသာစကားဖြင့် ဘုရားသခင့်နာမတော်ပါကြောင်း ထိုအပိုင်းအစသည် ထပ်ဆင့်သာဓကတစ်ခုဖြစ်၏။—၆/၁၊ စာမျက်နှာ ၃၀။

• ရောမအင်ပါယာ၏ အကြမ်းဖက်၊ သေလောက်သည့်အထိ ဂလက်ဒီယေတာ သတ်ပုတ်ပွဲများကို မျက်မှောက်ခေတ် ပရိသတ်၏ အဘယ်အားကစားများနှင့် နှိုင်းယှဉ်ခဲ့သနည်း။

အီတလီနိုင်ငံ၊ ရောမမြို့ရှိ ကော်လောစီယမ်တွင် မကြာသေးမီက ခင်းကျင်းပြသမှုတစ်ခုသည် လူနှင့်နွားရိုင်းသတ်ပွဲ၊ ကြေးစားလက်ဝှေ့ပွဲ၊ ကားနှင့် မော်တော်ဆိုင်ကယ် ပြိုင်ပွဲများနှင့် မျက်မှောက်ခေတ် အခြားအားကစားပွဲစဉ်များအတွင်း ပွဲကြည့်ပရိသတ်၏ ရန်ပွဲများ အစရှိသည့် ဗီဒီယိုပြကွက်များအပါအဝင် မျက်မှောက်ခေတ် ဆင်တူချက်များကို အမှတ်ရစေ၏။ အစောပိုင်းခရစ်ယာန်များသည် အကြမ်းဖက်မှုနှင့် အကြမ်းဖက်သူများကို ယေဟောဝါမုန်းတော်မူကြောင်းကို နှလုံးသွင်းသကဲ့သို့ မျက်မှောက်ခေတ် ခရစ်ယာန်များသည်လည်း အလားတူနှလုံးသွင်းသင့်သည်။ (ဆာလံ ၁၁:၅)—၆/၁၅၊ စာမျက်နှာ ၂၉။

• ကျွန်ုပ်တို့သည် ထိရောက်သော ဆရာသမားများဖြစ်လာရန် ကြိုးစားကြသောအခါ ဧဇရ၏ပုံသက်သေမှ အဘယ်သင်ခန်းစာရယူနိုင်သနည်း။

ဧဇရပြုလုပ်ခဲ့သော အချက်လေးချက်ကို ဧဇရ ၇:၁၀ တွင်ဖော်ပြထားသည်၊ ၎င်းတို့ကို ကျွန်ုပ်တို့ ကြိုးစားတုပနိုင်သည်။ ယင်းကျမ်းချက်တွင် ဤသို့ဆိုသည်– “ဧဇရသည် [၁] ထာဝရဘုရား၏တရားတော်ကို စစ်ဆေး [၂] စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ [၃] စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင်ခြင်းငှာလည်းကောင်း [၄] သဘောကျသောသူဖြစ် [“သူ၏နှလုံးကို အသင့်ပြင်ဆင်ခဲ့၊” ကဘ] ၏။”—၇/၁၊ စာမျက်နှာ ၂၀။

• ခရစ်ယာန်အမျိုးသမီးသည် အဘယ်လုပ်ဆောင်မှုနယ်ပယ်နှစ်ခုတွင် ခေါင်းအုပ်ထားသင့်သနည်း။

တစ်ခုမှာ မိသားစုအသိုင်းအဝိုင်းတွင် ဖြစ်သည်။ ခေါင်းအုပ်ထားခြင်းဖြင့် မိမိ၏ခင်ပွန်း၌ ဆုတောင်းရန်နှင့် ကျမ်းစာသွန်သင်ချက်ပေးရန် တာဝန်ရှိကြောင်း သူအသိအမှတ်ပြုရာရောက်သည်။ အခြားတစ်နေရာမှာ အသင်းတော်လုပ်ငန်းများနှင့်ဆိုင်သည်၊ ထိုတွင် နှစ်ခြင်းခံပြီးသော အမျိုးသားများသည် သွန်သင်ရန်နှင့် ညွှန်ကြားရန် ကျမ်းစာမှအမိန့်ရထားကြောင်း သူအသိအမှတ်ပြုရ၏။ (၁ ကောရိန္သု ၁၁:၃-၁၀)—၇/၁၅၊ စာမျက်နှာ ၂၆-၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ