ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၂/၁၅ စာ. ၃၂
  • “ဘုရားသခင်အကြောင်း သိပ်မသိခဲ့ဘူး”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဘုရားသခင်အကြောင်း သိပ်မသိခဲ့ဘူး”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၂/၁၅ စာ. ၃၂

“ဘုရားသခင်အကြောင်း သိပ်မသိခဲ့ဘူး”

“လွန်ခဲ့တဲ့နှစ်က ယေဟောဝါသက်သေတွေ ကျွန်တော့်ဆီ လာလည်ပတ်ပြီး ဘုရားသခင့်နိုင်ငံတော်ရဲ့ တကယ်ကောင်းတဲ့သတင်းကို ပြောပြခဲ့ကြတာ။ ကျွန်တော် . . . ဝင်တစ်ဦးဖြစ်တာ ရှစ်နှစ်ရှိပြီ၊ ဒါပေမဲ့ ဘုရားသခင်အကြောင်း သိပ်မသိခဲ့ဘူး။ ဒီနှစ်တစ်နှစ်ထဲမှာပဲ အတော်သိလာတယ်” ဟု အိန္ဒိယနိုင်ငံ၊ ကယ်ရာလာပြည်နယ်မှ အမျိုးသားတစ်ဦး စာရေးအကြောင်းကြားသည်။ “ကင်းမျှော်စင်ကို ၁၃၉ (ယခု ၁၄၆) ဘာသာနဲ့ ထုတ်ဝေနေတာကို သိရလို့ ဝမ်းသာတယ်။ ဘာသာစကားအမျိုးမျိုးပြောတဲ့သူ လူအတော်များများ ဘုရားသခင့်သတင်းတရားကို သိရှိလာနေကြတာ အံ့ဩစရာပဲ” ဟုသူကဆက်ပြောသည်။

အတွေးအခေါ်ပညာရှင် အတော်များများက ဘုရားသခင်ကိုသိကျွမ်းဖို့ မလွယ်ဘူးဟု အခိုင်အမာပြောဆိုကြသော်လည်း တမန်တော်ပေါလုက ကိုယ်တော်ကိုသိနိုင်ကြောင်း ရှင်းလင်းစွာဖော်ပြခဲ့သည်။ အေသင်မြို့ရှိ “ငါတို့မသိသောဘုရားသခင်” အဖို့ဟူ၍တည်ထားသော ယဇ်ပလ္လင်ကို ဝတ်ပြုကိုးကွယ်နေသူတချို့အား ပေါလုက “သင်တို့သည် မသိဘဲလျက်ကိုးကွယ်သော ဘုရားသခင်၏အကြောင်းကို ငါဟောပြော၏။ လောကဓာတ်မှစ၍ လောကဓာတ်၌ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်သည် . . . ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို ပေးတော်မူ [၏] . . . ဘုရားသခင်သည် မြေတစ်ပြင်လုံး၌နေရသောလူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့်ဖန်ဆင်းတော်မူ . . . ၏” ဟုပြောဆိုခဲ့သည်။—တမန်တော် ၁၇:၂၃-၂၆။

ဖန်ဆင်းရှင်သည် “ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” သောကြောင့် ကိုယ်တော်ကိုသိကျွမ်းရန် ကြိုးစားကြဖို့ ပရိသတ်ကို ပေါလုအားပေးတိုက်တွန်းခဲ့သည်။ (တမန်တော် ၁၇:၂၇) စစ်မှန်သောဘုရားသခင်နှင့် ကိုယ်တော်၏ နှစ်သက်ဖွယ်အရည်အသွေးများကို သိကျွမ်းလာစေရန် ယေဟောဝါသက်သေများက ဝမ်းမြောက်စွာဖြင့် သင့်ကိုကူညီပေးလိုသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ