ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၃/၁၅ စာ. ၃၂
  • ဆင်းရဲနွမ်းပါးမှု အဆုံးတိုင်ပါဦးမည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆင်းရဲနွမ်းပါးမှု အဆုံးတိုင်ပါဦးမည်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၃/၁၅ စာ. ၃၂

ဆင်းရဲနွမ်းပါးမှု အဆုံးတိုင်ပါဦးမည်လော

“တစ်ဖန်တုံ နေအောက်မှာပြုသမျှသော ညှဉ်းဆဲခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကိုခံရသောသူတို့သည် ငိုကြွေးသော်လည်း ချမ်းသာပေးနိုင်သောသူမရှိ။ ညှဉ်းဆဲတတ်သောသူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ” ဟုရှေးခေတ်ဣသရေလနိုင်ငံ၏ ပညာရှိရှောလမုန်ဘုရင်ဆိုခဲ့သည်။ (ဒေ. ၄:၁) ဤတွင် သူသတိရမိသော ညှဉ်းဆဲဖိနှိပ်ခံရသူအများသည် ဆင်းရဲနွမ်းပါးလိမ့်မည်မှာ သေချာသည်။

ဆင်းရဲနွမ်းပါးမှုကို ငွေကြေးတစ်ခုတည်းဖြင့်သာ တိုင်းတာ၍မရနိုင်ချေ။ ၂၀၀၂ ခုနှစ်၊ ဇွန်လထုတ် ကမ္ဘာ့ဘဏ်၏ သတင်းအချက်အလက်များအရ “၁၉၉၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၁.၂ ဘီလီယံမှာ တစ်နေ့လျှင် ၁ ဒေါ်လာပင်မရှိသောငွေဖြင့်၊ . . . ၂.၈ ဘီလီယံမှာ ၂ ဒေါ်လာမပြည့်သောငွေဖြင့် အသက်ဆက်နေကြရကြောင်း ခန့်မှန်းရသည်။” အဆိုပါကိန်းဂဏန်းများသည် အစောပိုင်းခန့်မှန်းချက်များထက် လျော့နည်းသွားသော်လည်း “၎င်းတို့သည် လူ့ဆင်းရဲခြင်းဝေဒနာဘက်မှကြည့်လျှင် များနေဆဲပင်ဖြစ်သည်” ဟု ဖော်ပြထားသည်။

ဆင်းရဲနွမ်းပါးမှု အဆုံးတိုင်ပါဦးမည်လော။ ယေရှုက “ဆင်းရဲသောသူတို့ကား သင်တို့ ၌အစဉ်ရှိကြ၏” ဟုမိမိ၏တပည့်များကို မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၂:၈) သို့သော် ယင်းက ဆင်းရဲနွမ်းပါးမှုနှင့် ယင်း၏ခံရခက်သောရလဒ်များ အစဉ်ရှိနေမည်ဟုဆိုလိုသလော။ မဟုတ်ပါ၊ ယေရှု၏နောက်လိုက်များအားလုံး ရုပ်ပစ္စည်းကြွယ်ဝလာလိမ့်မည်ဟု ကိုယ်တော်ကတိမပြုခဲ့သော်လည်း ကိုယ်တော်၏စကားသည် ဆင်းရဲသားများအတွက် မျှော်လင့်ချက်မရှိဟု ကျွန်ုပ်တို့ ကောက်ချက်မချသင့်ပါ။

ဆင်းရဲနွမ်းပါးမှု အဆုံးတိုင်စေရန် လူတို့၏ ကြိုးပမ်းမှုများနှင့် ကတိပေးချက်များသည် မအောင်မြင်ဘဲ ပျက်ကွက်လေ့ရှိသော်လည်း ဘုရားသခင့် နှုတ်မြွက်စကားတော် သမ္မာကျမ်းစာက မကြာမီ ဆင်းရဲချို့တဲ့သူများ ရှိတော့မည်မဟုတ်ဟု အာမခံ၏။ အမှန်မှာ ယေရှုသည် “ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို” ကြေညာခဲ့သည်။ (လုကာ ၄:၁၉) ဤသတင်းကောင်းတွင် ဆင်းရဲနွမ်းပါးမှုကို ဖယ်ရှားပစ်မည့်ကတိပါဝင်သည်။ မြေကြီးပေါ်တွင် ဖြောင့်မတ်သောအခြေအနေများကို ဘုရားသခင့်နိုင်ငံတော်ဖြစ်ပေါ်စေသည့်အခါ ထိုသို့ဖြစ်ပျက်လာပါလိမ့်မည်။

ထိုအခါ အလွန်ခြားနားသောကမ္ဘာဖြစ်လိမ့်မည်တကား! ကောင်းကင် ဘုရင်ယေရှုခရစ်သည် “ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား၍ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။” အမှန်ဆိုလျှင် “သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှရွေးနုတ် . . . တော်မူလိမ့်မည်။”—ဆာလံ ၇၂:၁၃၊ ၁၄။

ထိုအချိန်နှင့်ပတ်သက်၍ မိက္ခာ ၄:၄ ကဤသို့ဆို၏– “လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။” ဘုရားသခင့်နိုင်ငံတော်သည် လူသားတို့ကို ဖိစီးနှိပ်စက်သော ပြဿနာဟူသ၍ ဖြေရှင်းပေးပြီး ဖျားနာခြင်းနှင့် သေခြင်းကိုပင် ဖယ်ရှားပစ်လိမ့်မည်။ ဘုရားသခင်သည် “သေခြင်းကို အစဉ်အမြဲပယ်ဖျက်လျက် ခပ်သိမ်းသောမျက်နှာမှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။”—ဟေရှာယ ၂၅:၈၊ သမ္မာ။

ဤကတိတော်များကို ဘုရားသခင်ကိုယ်တော်တိုင် မှုတ်သွင်းတော်မူသောကြောင့် သင်ယုံကြည်စိတ်ချနိုင်ပါသည်။ သမ္မာကျမ်းစာပရောဖက်ပြုချက်များကို ယုံကြည်စိတ်ချနိုင်ကြောင်း သက်သေထူသည့် အထောက်အထားကို ဆန်းစစ်ကြည့်ပါလေ။

[Picture Credit Line on page 32]

FAO photo/M. Marzot

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ