ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၄/၁ စာ. ၃
  • နောက်ဆုံးညစာစားပွဲ ယင်းကား အဘယ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နောက်ဆုံးညစာစားပွဲ ယင်းကား အဘယ်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • သခင့်ညစာစားပွဲသည် သင့်အတွက် အဓိပ္ပာယ်များစွာရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ယေရှုရဲ့ နောက်ဆုံးညစာစားပွဲ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • သင် မပျက်မကွက် တက်ရောက်သင့်တဲ့ပွဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • မစ္ဆားပွဲ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၄/၁ စာ. ၃

နောက်ဆုံးညစာစားပွဲ ယင်းကား အဘယ်နည်း

“နောက်ဆုံးညစာစားပွဲ” ဟူသောစကားကိုကြားသည့်အခါ အဘယ်အရာသတိရသနည်း။ လူအများသည် အီတလီနိုင်ငံ၊ မီလန်မြို့ရှိ လီယိုနာဒို ဒါ ဗင်ချီ (၁၄၅၂-၁၅၁၉) ၏ကျော်ကြားသောအင်္ဂတေပန်းချီကို သတိရလိမ့်မည်။ ရာစုနှစ်များတစ်လျှောက် နောက်ဆုံးညစာစားပွဲသည် ပန်းချီဆရာ၊ စာရေးဆရာနှင့် တေးဂီတပညာရှင်တို့ ကြိုက်နှစ်သက်သော အကြောင်းတစ်ခုဖြစ်ခဲ့သည်။

သို့သော် နောက်ဆုံးညစာစားပွဲကား အဘယ်နည်း၊ ၂၁ ရာစု၌ အသက်ရှင်ကြသူတို့အတွက် ယင်းက အဘယ်အဓိပ္ပာယ်ရှိသနည်း။ စွယ်စုံကျမ်းများနှင့် အဘိဓာန်ကျမ်းများက သခင့်ညစာစားပွဲဟူ၍လည်းခေါ်ဆိုသည့် နောက်ဆုံးညစာစားပွဲသည် ပူဇော်ရာယဇ်အဖြစ် ကိုယ်တော်မသေဆုံးမီညနေခင်း၌ ယေရှုနှင့် ကိုယ်တော်၏တမန်တော်များ စားသောက်ခဲ့ကြသည့်ပွဲဖြစ်သည်ဟု သင့်အား ရှင်းပြလိမ့်မည်။ ယင်းသည် ယေရှု၏တည်ကြည်သောနောက်လိုက်များနှင့် ကိုယ်တော်နောက်ဆုံးစားခဲ့သော ညစာစားပွဲဖြစ်သောကြောင့် ထုံးတမ်းစဉ်လာအရ ၎င်းကို နောက်ဆုံးညစာစားပွဲဟူ၍ ခေါ်ဆိုခြင်းဖြစ်သည်။ ထို့ပြင် ယင်းကို သခင်ယေရှုခရစ်ကိုယ်တော်တိုင် အစပြုခဲ့ရာ သခင့်ညစာစားပွဲဟူသော အမည်မှာ ဆီလျော်လှ၏။

ရာစုနှစ်များတစ်လျှောက် လူများစွာတို့သည် မွန်မြတ်သည့်အရေးကိစ္စဟု မိမိတို့ယူမှတ်ခဲ့ကြသောအရာများအတွက် အသက်ပေးခဲ့ကြပြီ။ ထိုသို့သေဆုံးခဲ့သူအချို့သည် လူတစ်စုအတွက် ကာလအတော်အတန် အကျိုးရရှိစေခဲ့သည်။ ထိုသူတို့သည် ကိုယ်ကျိုးစွန့်သေဆုံးခဲ့သည့်အတွက် ချီးမွမ်းစရာကောင်းသော်လည်း ယေရှုခရစ်၏ထူးခြားသောသေခြင်းနှင့် နှိုင်းယှဉ်ကြည့်က လုံးဝယှဉ်၍မရပါ။ ထို့ပြင် အခက်အခဲမြားမြောင်သည့်လူ့သမိုင်းတွင် အဘယ်သေခြင်းကမျှ ခရစ်တော်၏သေခြင်းလောက် အကျိုး မသက်ရောက်နိုင်ချေ။ အဘယ်ကြောင့်နည်း။

ထိုမေးခွန်းကိုဖြေဆိုရန်နှင့် သခင့်ညစာစားပွဲသည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိကြောင်း သိရန် နောက်ဆောင်းပါးကို ဖတ်ကြည့်ဖို့ သင့်အား ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ