ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၆/၁၅ စာ. ၃၂
  • ထုံးစံတစ်ခုမျှလော၊ လာဘ်ပေးလာဘ်ယူမှုလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထုံးစံတစ်ခုမျှလော၊ လာဘ်ပေးလာဘ်ယူမှုလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၆/၁၅ စာ. ၃၂

ထုံးစံတစ်ခုမျှလော၊ လာဘ်ပေးလာဘ်ယူမှုလော

ပိုလန်နိုင်ငံရှိ ကောလိပ်အချို့တွင် ကျောင်းသားများသည် စာမေးပွဲ၌ မိမိတို့ အမှတ်ကောင်းရရန် ဆရာ/မများအတွက် လက်ဆောင်များဝယ်ပေးဖို့ ငွေကောက်လေ့ရှိကြ၏။ ခရစ်ယာန်လူငယ် ကာတာဇိုင်နာသည် အခက်အခဲကြုံတွေ့ခဲ့ရသည်မှာ အံ့ဩစရာမဟုတ်ပေ။ “ငါ ငွေထည့်သင့်သလား၊ မထည့်သင့်ဘူးလား” ဟု သူချီတုံချတုံဖြစ်ခဲ့သည်။ သူ၏ရွယ်တူချင်းတို့က “ဒါလုပ်နေကျပဲ။ မင်းအရှုံးမရှိပါဘူး၊ အကျိုးအမြတ်အများကြီးရမှာ၊ ဘာကြောင့် ချီတုံချတုံဖြစ်နေရတာလဲ” ဟုဆင်ခြင်ခဲ့ကြသည်။

“ပထမနှစ်မှာ အဲ့ဒီလိုငွေလာကောက်တော့ ကျွန်မထည့်မိတယ်” ဟု ကာတာဇိုင်နာဝန်ခံသည်။ “နောက်ပိုင်းမှာ ဒီလိုလုပ်တာ သမ္မာကျမ်းစာတားမြစ်ထားတဲ့ လာဘ်စားမှုကို အားပေးနေမှန်း သိလာခဲ့ရတယ်။” လာဘ်စားမှုကို ယေဟောဝါလုံးဝမသက်နှစ်သက်ကြောင်း ဖော်ပြထားသည့်ကျမ်းချက်များကို သူပြန်အမှတ်ရခဲ့သည်။ (တရားဟောရာ ၁၀:၁၇; ၁၆:၁၉; ၂ ရာဇဝင်ချုပ် ၁၉:၇) ကာတာဇိုင်နာက “ရွယ်တူချင်းဖိအားပေးမှုအတိုင်း လိုက်လျောလုပ်မိဖို့ ဘယ်လောက်လွယ်တယ်ဆိုတာ ကျွန်မသိတယ်။ အဲ့ဒီကိစ္စကို အသေအချာပြန်စဉ်းစားကြည့်ပြီးကတည်းက ဒီထုံးစံမှာ ကျွန်မမပါဝင်တော့ဘူး” ဟုသူပြောပြသည်။ လွန်ခဲ့သောသုံးနှစ်တာကာလအတွင်းမှာ အခြားကျောင်းသားများက ကဲ့ရဲ့လှောင်ပြောင်သည့်ကြားမှပင် သူ၏ကျမ်းစာအခြေပြု ခံယူချက်ကြောင့် ဤ “လက်ဆောင်” ကောက်ခံခြင်းတွင် မိမိမပါဝင်ရခြင်းအကြောင်းကို အချို့သူတို့အား သူရှင်းပြနိုင်ခဲ့၏။

အချို့က ကာတာဇိုင်နာကို တစ်ကိုယ်ကောင်းဆန်သူ၊ လူမှုရေးမရှိသူဟု စွပ်စွဲပြောဆိုကြသည်။ “အချို့သူတို့နဲ့ ကျွန်မ အခုထိကောင်းကောင်းအဆင်မပြေနိုင်သေးဘူး။ ဒါပေမဲ့လည်း ကျွန်မရဲ့ရှုမြင်ပုံကို အသိအမှတ်ပြုလေးစားသူတွေရှိတဲ့အတွက် ကျွန်မဝမ်းသာမိပါတယ်” ဟုသူပြောဆိုသည်။ နေ့စဉ်ဘဝအသက်တာတွင် သမ္မာကျမ်းစာမူများကို လိုက်လျှောက်သည့် ယေဟောဝါသက်သေတစ်ဦးအဖြစ် ကာတာဇိုင်နာကို လူသိများသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ