ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၁၂/၁ စာ. ၃၂
  • ရေမလုံသော ရေကျင်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရေမလုံသော ရေကျင်းများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၁၂/၁ စာ. ၃၂

ရေမလုံသော ရေကျင်းများ

သမ္မာကျမ်းစာခေတ်တွင် ရေကျင်းများသည် လူတို့တူးထားသော မြေအောက်ရေလှောင်ကန်များဖြစ်သည်။ ကတိထားရာပြည်တော်တွင် အချို့သောကာလများအတွင်း ယင်းတို့သည် အရေးကြီးလှသည့် ရေသိုလှောင်ရာတစ်ခုတည်းသော နေရာဖြစ်ခဲ့သည်။

ဘုရားသခင်၏ဆင့်ဆိုချက်တစ်ခုကို မှတ်တမ်းတင်ရာတွင် ယေရမိသည် ရေကျင်းများကို ဥပစာသဘောဖြင့်ရည်ညွှန်း၍ ဤသို့ဆိုသည်– “ငါ၏လူတို့သည် အသက်စမ်းရေတွင်းတည်းဟူသော ငါ့ကိုစွန့်ပယ်၍ ရေမလုံ၊ ပဲ့ပျက်သောရေကျင်းတို့ကိုတူးသောအားဖြင့် [မကောင်းမှု] နှစ်ပါးကိုပြုကြပြီ။”—ယေရမိ ၂:၁၃။

ဣသရေလလူမျိုးသည် “အသက်စမ်းရေတွင်း” ဖြစ်သော သူတို့၏ဘုရားသခင် ယေဟောဝါကို စွန့်ပယ်ခဲ့ကြပြီး အယူမှားသောလူမျိုးတို့နှင့် ခနော်ခနဲ့နိုင်သည့် စစ်မဟာမိတ်များဖွဲ့ထားကာ အစွမ်းမရှိသော နတ်ဘုရားများကို ဝတ်ပြုနေကြလေသည်။ အဆိုပါ အားကိုးခိုလှုံရာအရပ်တို့သည် ယေရမိ၏ပုံပမာအရ အကာအကွယ်ပေးနိုင်စွမ်းမရှိ၊ ကယ်တင်နိုင်စွမ်းမရှိသည့် ရေမလုံသောရေကျင်းများမျှသာ ဖြစ်ကြလေသည်။—တရားဟောရာ ၂၈:၂၀။

ဤသမိုင်းဝင်ပုံနမူနာမှ ယနေ့ ကျွန်ုပ်တို့အတွက် သင်ခန်းစာယူစရာရှိသလော။ ယေရမိအချိန်ကကဲ့သို့ ထာဝရဘုရားသခင် ယေဟောဝါသည် တစ်ခုတည်းသော ပင်မအသက်ပေးစမ်းရေတွင်းဖြစ်လျက်ရှိသည်။ (ဆာလံ ၃၆:၉; ဗျာဒိတ် ၄:၁၁) လူသားတို့သည် သားတော်ယေရှုခရစ်မှတစ်ဆင့် ကိုယ်တော်ထံမှသာလျှင် ထာဝရအသက်ရနိုင်ကြသည်။ (ယောဟန် ၄:၁၄; ၁၇:၃) သို့တိုင် ယနေ့ လူအများစုသည် ယေရမိခေတ်မှ လူတို့ကဲ့သို့ပင် သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ငြင်းပယ်ရုံမက ဖျက်လိုဖျက်ဆီးပြုလိုကြသည်။ သူတို့သည် သင့်တော်သလိုပြုသော နိုင်ငံရေးဖြေရှင်းချက်များ၊ အနှစ်သာရမရှိသော လူ့ဆင်ခြင်ဉာဏ်များနှင့် ဘုရားသခင့်ဂုဏ်တော်ကို ညှိုးနွမ်းစေသည့် အချည်းနှီးသော အယူအဆအတွေးအခေါ်များကို အားကိုးအားထားကြသည်။ (၁ ကောရိန္သု ၃:၁၈-၂၀; ကောလောသဲ ၂:၈) ရွေးရမည့်အရာမှာ ရှင်းနေပါသည်။ သင်သည် မည်သူ့ကို ယုံကြည်ကိုးစားမည်နည်း။ “အသက်စမ်းရေတွင်း” ယေဟောဝါရှင်ကိုလော၊ “ရေမလုံ၊ ပဲ့ပျက်သော ရေကျင်းတို့” ကိုလော။

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

ဣသရေလနိုင်ငံသားတစ်ဦး၏ သင်္ချိုင်းဂူတစ်ခုမှရရှိသော မယ်တော်ဘုရားမ မြေထည်ရုပ်တုငယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ