ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၄/၁ စာ. ၃၂
  • ကောင်းကင်တမန်များထံ တောင်းလျှောက်သင့်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းကင်တမန်များထံ တောင်းလျှောက်သင့်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၄/၁ စာ. ၃၂

ကောင်းကင်တမန်များထံ တောင်းလျှောက်သင့်သလော

ဘေးရောက်နေချိန်တွင် ကောင်းကင်တမန်များထံ တောင်းလျှောက်ခြင်းသည် သင့်လျော်ပါသလော။ သင့်လျော်သည်ဟု လူအများယူဆကြသည်။ အမှန်မှာ ကက်သလစ်စွယ်စုံကျမ်းသစ်က ဤသို့ဆိုသည်– “ကျွန်ုပ်တို့အတွက် ဘုရားသခင်အရှေ့ ကြားဝင်အသနားခံပေးရန် သဘောမျိုးဖြင့်သာ ကောင်းကင်တမန်များထံ ... ဆုတောင်းကြသည်။” ကျွန်ုပ်တို့အတွက် ကြားဝင်အသနားခံပေးရန် ကောင်းကင်တမန်များကို တောင်းလျှောက်သင့်သလော။

သမ္မာကျမ်းစာထဲတွင် မိက္ခေလနှင့် ဂါဗြေလဟူသော ဘုရားသခင်၏ ယုံကြည်စိတ်ချထိုက်သော ကောင်းကင်တမန်နှစ်ပါး၏အမည်ကိုသာ ဖော်ပြထားသည်။ (ဒံယေလ ၈:၁၆; ၁၂:၁; လုကာ ၁:၂၆; ယုဒ ၉) ဤအမည်များကို သမ္မာကျမ်းစာတွင် ဖော်ပြထားသောကြောင့် ကောင်းကင်တမန်တစ်ပါးစီသည် နာမည်ကိုယ်စီရှိသော သီးခြားဝိညာဉ်သတ္တဝါဖြစ်ကာ အကောင်အထည်မဲ့ စွမ်းအင်၊ စွမ်းအားမျှသာ မဟုတ်ကြောင်း ကျွန်ုပ်တို့သိရသည်။ သို့သော် အခြားသောကောင်းကင်တမန်များသည် မိမိတို့၏အမည်ကို ဖော်ပြရန် ငြင်းဆိုခဲ့ကြသည်။ သာဓကအနေနှင့် မိမိထံအလည်လာသော ကောင်းကင်တမန်တစ်ပါး၏အမည်ကို ယာကုပ်မေးမြန်းသောအခါ မဖော်ပြခဲ့ပေ။ (ကမ္ဘာဦး ၃၂:၂၉; တရားသူကြီး ၁၃:၁၇၊ ၁၈) သမ္မာကျမ်းစာတွင် ကောင်းကင်တမန်များ၏အမည်စာရင်းကို ဖော်ပြမထားခြင်းဖြင့် ထိုပုဂ္ဂိုလ်တို့အား အလွန်အကျွံ အာရုံစိုက်ခြင်းမှ ကျွန်ုပ်တို့ကို ကာကွယ်ပေးသည်။

ကောင်းကင်တမန်များ၏ တာဝန်များအနက် တစ်ခုမှာ ဘုရားသခင်ထံမှ သတင်းစကားကို လူတို့ထံ ပို့ဆောင်ပေးဖို့ဖြစ်သည်။ အမှန်မှာ “ကောင်းကင်တမန်” ဟုဘာသာပြန်ဆိုထားသော မူရင်းဟေဗြဲနှင့် ဂရိစကားလုံးများမှာ စာသားအရ “စေတမန်” ဟုအဓိပ္ပာယ်ရှိသည်။ သို့ရာတွင် ကောင်းကင်တမန်များသည် လူ့ဆုတောင်းချက်များကို အမြင့်မြတ်ဆုံးအရှင်၏ပလ္လင်ရှေ့မှောက် ပို့ဆောင်ပေးသော ကြားဝင်အသနားခံပေးသူများအဖြစ် အမှုမထမ်းကြပါ။ “ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာ တောင်းသမျှတို့ကိုရမည်” ဟုပြောခဲ့သော ကိုယ်တော့်သားတော်၊ ယေရှုခရစ်တော်၏နာမမှတစ်ဆင့် မိမိထံဆုတောင်းသင့်ကြောင်း ဘုရားသခင်သတ်မှတ်ထားပြီးဖြစ်သည်။—ယောဟန် ၁၅:၁၆; ၁ တိမောသေ ၂:၅။

ကိုယ်တော်အား သင့်လျော်စွာ ချဉ်းကပ်မည်ဆိုလျှင် ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့ကို နားမထောင်အားလောက်အောင် မည်သည့်အခါမျှ အလုပ်များလွန်းခြင်းမရှိပေ။ ‘ယေဟောဝါသည် ဆုတောင်းသောသူအပေါင်း၊ [တည်ကြည်မှု] နှင့်တကွ ဆုတောင်းသောသူအပေါင်းတို့၏ အနီးအပါး၌ရှိတော်မူ၏’ ဟု သမ္မာကျမ်းစာက အာမခံပါသည်။—ဆာလံ ၁၄၅:၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ