ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၉/၁၅ စာ. ၃-၄
  • ‘ဤနည်းအတိုင်း သင်တို့ဆုတောင်းရမည်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ဤနည်းအတိုင်း သင်တို့ဆုတောင်းရမည်’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘယ်လို ဆုတောင်းရမလဲ—သခင့်ဆုတောင်းချက်က အကောင်းဆုံး ဆုတောင်းနည်းလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သခင့်ဆုတောင်းချက် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • သစ္စာစောင့်သောလက်ကိုချီ၍ ဆုတောင်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ယေဟောဝါနှင့်နီးကပ်စွာနေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၉/၁၅ စာ. ၃-၄

‘ဤနည်းအတိုင်း သင်တို့ဆုတောင်းရမည်’

သခင့်ဆုတောင်းချက်ပါ စကားများကို သင်သိသလော။ ယေရှုခရစ်သွန်သင်ပေးခဲ့သော စံပြဆုတောင်းချက်ဖြစ်သည်။ ယေရှုသည် ကျော်ကြားသောတောင်ပေါ်တရားတော်ကို ဟောပြောနေစဉ် “ဤနည်းအတိုင်း သင်တို့ဆုတောင်းရမည်” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၆:၉၊ ကဘ) ယေရှု စသင်ပေးခဲ့သောကြောင့် ယင်းကို သခင့်ဆုတောင်းချက်ဟု ခေါ်လေ့ရှိပြီး ကျွန်ုပ်တို့၏အဘဆုတောင်းချက်ဟူ၍လည်း လူသိများသည်။—လက်တင်၊ ပေတာနော့စ်တာ။

ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသောသူတို့သည် သခင့်ဆုတောင်းချက်ကို အလွတ်ကျက်ထားကြပြီး အကြိမ်ကြိမ်ရွတ်ဆိုလေ့ရှိသည်၊ နေ့စဉ်ပင်ရွတ်တတ်ကြသည်။ မကြာသေးမီနှစ်များအတွင်း လူများစွာတို့သည် ကျောင်းများနှင့် အခမ်းအနားများတွင် ဤဆုတောင်းချက်ကို အလွတ်ရွတ်ဆိုခဲ့ကြပြီ။ သခင့်ဆုတောင်းချက်ကို အဘယ်ကြောင့် ဤမျှ တန်ဖိုးထားကြသနည်း။

တတိယရာစုမှ ဓမ္မပညာရှင် စီပရီယန်က ဤသို့ရေးသားခဲ့သည်– “ကျွန်ုပ်တို့ကို . . . ခရစ်တော်ပေးခဲ့သော ဆုတောင်းချက်ထက် အဘယ်ဆုတောင်းချက်သည် သာ၍ဝိညာဉ်ရေးဆန်နိုင်ဦးမည်နည်း။ ခမည်းတော်ထံဆုတောင်းရာ၌ အဘယ်ဆုတောင်းချက်သည် အမှန်တရားဖြစ်တော်မူသော သားတော်အားဖြင့် ပေးတော်မူသည့် ဆုတောင်းချက်ထက် ပို၍မှန်ကန်နိုင်ဦးမည်နည်း။”—ယောဟန် ၁၄:၆။

ရိုမန်ကက်သလစ်ချာ့ချ်၏ ဓမ္မပုစ္ဆာကျမ်းတွင် သခင့်ဆုတောင်းချက်သည် “အခြေခံကျသောခရစ်ယာန်ဆုတောင်းချက်” ဖြစ်သည်ဟုဆို၏။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက ဤဆုတောင်းချက်ကို “ခရစ်ယာန်ယုံကြည်ခြင်း၏ အခြေခံဖော်ပြချက်” ဟုခေါ်ဆိုပြီး ခရစ်ယာန်ဘာသာတရားအားလုံးတွင် အရေးပါကြောင်း အသိအမှတ်ပြုသည်။

သို့သော် သခင့်ဆုတောင်းချက်ကို အလွတ်ရွတ်ဆိုကြသူအများသည် ယင်းကို အပြည့်အဝ နားမလည်ကြောင်း အသိအမှတ်ပြုကြပေမည်။ “သင်သည် ခရစ်ယာန်နောက်ခံရှိလျှင် သခင့်ဆုတောင်းချက်ကို မရပ်မနား သွက်လက်စွာရွတ်ဆိုပြနိုင်ပေမည်၊ သို့သော် ယင်းကို စဉ်းစဉ်းစားစား၊ ဖြည်းဖြည်းချင်းရွတ်ဆိုရန် ခက်နိုင်သည်” ဟု ကနေဒါနိုင်ငံ၏ အိုတာဝါစီတီဇင်သတင်းစာက ဆို၏။

ဘုရားသခင်ထံတောင်းသော ဆုတောင်းချက်များကို နားလည်ဖို့ အရေးကြီးပါသလော။ ယေရှုသည် သခင့်ဆုတောင်းချက်ကို အဘယ်ကြောင့်ပေးခဲ့သနည်း။ ယင်းသည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ဤမေးခွန်းများကို ယခုအာရုံစိုက်ကြစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ