ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၉/၁၅ စာ. ၂၈
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • သမ္မာကျမ်းစာတွင် အမျိုးသမီးများ၏ကဏ္ဍ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၉/၁၅ စာ. ၂၈

စာရှုသူများထံမှ မေးခွန်းလွှာ

တစ်ပါးအမျိုးသားများနှင့် စုံဖက်ခြင်းမပြုရန် မောရှေပညတ်က မိန့်ဆိုထားလျက်နှင့် အဖမ်းခံရသော တစ်ပါးအမျိုးသမီးများနှင့် ဣသရေလအမျိုးသားများ စုံဖက်ရန် အဘယ်ကြောင့်ခွင့်ပြုခဲ့သနည်း။—တရားဟောရာ ၇:၁-၃; ၂၁:၁၀၊ ၁၁။

အထူးအခြေအနေများနှင့်ပတ်သက်၍ ထိုသို့ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ခါနာန်ပြည်ရှိ လူမျိုးခုနစ်မျိုး၏မြို့များကို ရှင်းရှင်းဖျက်ဆီးပြီး မြို့သူမြို့သားအားလုံးကိုပါ သတ်ပစ်ဖို့ ဣသရေလလူတို့ကို ယေဟောဝါမိန့်မှာထားသည်။ (တရားဟောရာ ၂၀:၁၅-၁၈) အခြားလူမျိုးများတွင်မူ အသက်ချမ်းသာရကောင်းရမည့် အရွယ်ရောက်သူများမှာ အဖမ်းခံရသော မိန်းမပျိုများသာဖြစ်၏။ (တောလည်ရာ ၃၁:၁၇၊ ၁၈; တရားဟောရာ ၂၀:၁၄) ထိုသို့သောအမျိုးသမီးတစ်ဦးကို ဣသရေလအမျိုးသားတစ်ဦး စုံဖက်နိုင်သော်လည်း စည်းမျဉ်းအချို့ကို ထိုအမျိုးသမီးလိုက်နာရမည်ဖြစ်သည်။

ထိုအမျိုးသမီးလိုက်နာရမည့် စည်းမျဉ်းများအကြောင်း သမ္မာကျမ်းစာဤသို့ဆို၏– “သူသည် ဦးဆံရိတ်ခြင်း၊ လက်သည်းလှီးဖြတ်ခြင်းကိုပြုလျက်၊ ဖမ်းယူရာအဝတ်ကိုချွတ်ပယ်၍ တစ်လပတ်လုံး မိဘတို့ကိုမြည်တမ်းလျက် သင့်အိမ်၌နေပြီးသောနောက် သင်သည် သူနှင့်စုံဖက်၍ သူသည် သင်၏မယားဖြစ်မည်။”—တရားဟောရာ ၂၁:၁၂၊ ၁၃။

ဣသရေလတစ်ဦး စုံဖက်လိုသော ဖမ်းဆီးခံရသူ မိန်းမပျိုသည် သူ၏ခေါင်းကိုရိတ်ရသည်။ ဆံဖြတ်ခြင်းသည် ဝမ်းနည်းပူဆွေးမှု၊ သို့မဟုတ် စိတ်သောကရောက်ကြောင်း ဖော်ပြချက်တစ်ခုဖြစ်သည်။ (ဟေရှာယ ၃:၂၄) သာဓကအနေနှင့် ဘိုးဘေးယောဘသည် သူ၏သားသမီးများနှင့် ပစ္စည်းဥစ္စာအားလုံး ဆုံးရှုံးသွားသောအခါ ဝမ်းနည်းပူဆွေးသည့်အထိမ်းအမှတ်အဖြစ် ဆံပင်ရိတ်ခဲ့သည်။ (ယောဘ ၁:၂၀) တိုင်းတစ်ပါးအမျိုးသမီးသည် လက်သည်းကိုလည်း လှီးဖြတ်ရ၏၊ လက်သည်းများ ဆိုးထားလျှင်ပင် ဆွဲဆောင်မှုမရှိစေဖို့ ‘သူ၏လက်သည်းများကို ညှပ်တိခြင်း’ ဖြစ်ပေမည်။ (တရားဟောရာ ၂၁:၁၂၊ နော့ခ်စ်) ဖမ်းဆီးခံရသော အမျိုးသမီးချွတ်လဲရမည့် “ဖမ်းယူရာအဝတ်” ကား အဘယ်နည်း။ သိမ်းပိုက်ခံရတော့မည့်မြို့ရှိ အယူမှားအမျိုးသမီးများသည် မိမိတို့၏အကောင်းဆုံးအဝတ်အစားကို ဝတ်ဆင်ရသည့်ထုံးစံရှိသည်။ ဖမ်းဆီးသူများ၏ မျက်နှာသာရရန်မျှော်လင့်ချက်ဖြင့် သူတို့ ထိုသို့ပြုကြခြင်းဖြစ်သည်။ ဝမ်းနည်းပူဆွေးနေသော ဖမ်းဆီးခံရသည့်အမျိုးသမီးသည် ထိုသို့သောအဝတ်အစားကို ချွတ်ပယ်ရ၏။

ဣသရေလအမျိုးသားတစ်ဦး၏ ဇနီးဖြစ်ရန် ဖမ်းဆီးခံရသောအမျိုးသမီးသည် သူချစ်မြတ်နိုးရသော ကွယ်လွန်သူများအတွက် တစ်လကြာ ငိုကြွေးမြည်တမ်းရ၏။ ရှုံးနိမ့်သောမြို့များကို စိစိညက်ညက်ဖျက်ဆီးလိုက်သဖြင့် သူ၏ယခင်မိသားစုနှင့် အခြားဆက်နွှယ်မှုများ လုံးလုံးရှိတော့မည်မဟုတ်။ ဣသရေလစစ်သည်များသည် သူ၏ဘုရားသခင်ရုပ်ပုံများကို ဖျက်ဆီးခဲ့ပြီဖြစ်ရာ သူမြတ်နိုးကိုးကွယ်ရာများလည်း ရှိတော့မည်မဟုတ်။ ထို့ပြင် ငိုကြွေးမြည်တမ်းရသော တစ်လတာကာလသည် သန့်စင်ရာကာလလည်းဖြစ်၏၊ ထိုအတောအတွင်း အဖမ်းခံရသောအမျိုးသမီးသည် ယခင်ဝတ်ပြုရေး၏ ကဏ္ဍအားလုံးနှင့် ကင်းရှင်းရမည်ဖြစ်သည်။

သို့သော် ယေဘုယျ တိုင်းတစ်ပါးအမျိုးသမီးများနှင့်ပတ်သက်၍မူ ထိုသို့မဟုတ်ပါ။ ယင်းနှင့်ပတ်သက်၍ ဤမူသက်ဆိုင်ခဲ့သည်– “သူတို့နှင့်စုံဖက်ခြင်းကိုမပြုရ။ သင်၏သမီးကို သူ၏သားနှင့်လည်းကောင်း၊ သင်၏သားကို သူ၏သမီးနှင့်လည်းကောင်း ထိမ်းမြားပေးစားခြင်းကိုမပြုရ။” (တရားဟောရာ ၇:၃) ဤသို့တားမြစ်ရသည့်အကြောင်းရင်းကား အဘယ်နည်း။ တရားဟောရာ ၇:၄ က ဤသို့ဆို၏– “အကြောင်းမူကား သူတို့သည် သင်၏သားကို ငါ၌မဆည်းမကပ်စေဘဲ အခြားတစ်ပါးသောဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။” သို့ဖြစ်၍ ဝတ်ပြုရေးညစ်ညမ်းမှုမှ ဣသရေလလူမျိုးကို ကာကွယ်ပေးဖို့ ထိုသို့တားမြစ်ခဲ့ရခြင်းဖြစ်သည်။ သို့သော် တရားဟောရာ ၂၁:၁၀-၁၃ တွင် ဖော်ပြထားသော အခြေအနေမျိုးရှိ တိုင်းတစ်ပါးအမျိုးသမီးနှင့်ပတ်သက်၍မူ ထိုသို့သောအန္တရာယ်မရှိပါ။ သူ၏ဆွေမျိုးသားချင်းအားလုံး ဆုံးပါးခဲ့ပြီ၊ သူ၏ဘုရားသခင်များကို ကိုယ်စားပြုသည့်ရုပ်ပုံများလည်း ဖျက်ဆီးခံခဲ့ရပြီ။ သူသည် အယူမှားသူတို့နှင့် အဆက်အသွယ် လုံးဝမရှိတော့ချေ။ ဤသို့သောအခြေအနေမျိုးအောက်ရှိ တိုင်းတစ်ပါးသူကို ဣသရေလအမျိုးသားတစ်ဦး စုံဖက်ခွင့်ရှိ၏။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ