ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၇/၁၅ စာ. ၃၂
  • သူတို့အလျှော့မပေးခဲ့ကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့အလျှော့မပေးခဲ့ကြ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၇/၁၅ စာ. ၃၂

သူတို့အလျှော့မပေးခဲ့ကြ

ယေရှုခရစ်က “ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ကြ၏” ဟု သူ့တပည့်များကိုပြောခဲ့သည်။ (မဿဲ ၅:၁၁) ယေရှု၏သွန်သင်ချက်နှင့် ပုံသက်သေအတိုင်း ယနေ့ ယေဟောဝါသက်သေများသည် “ဤလောကနှင့်မဆက်ဆံ” ဘဲ နိုင်ငံရေးတွင်လုံးဝကြားနေပြီး အခြေအနေအားလုံးအောက် ဘုရားသခင်အပေါ်သမာဓိစောင့်သိကြသဖြင့် သူတို့ပျော်ရွှင်ကြသည်။—ယောဟန် ၁၇:၁၄; မဿဲ ၄:၈-၁၀။

အက်စတိုးနီးယားနိုင်ငံရှိသူများအပါအဝင် ယခင်ဆိုဗီယက်ပြည်ထောင်စုရှိ ယေဟောဝါသက်သေများ၏ အလျှော့မပေးသောရပ်တည်မှုနှင့် ပတ်သက်ပြီး လူသာရင် ဘာသာရေးပညာရှင်နှင့် ကျမ်းစာဘာသာပြန် တူးမတ်စ် ပေါလ်က ကီရစ်က် ကီစတ် ကူလာ (ရွာအလယ်ခေါင်ရှိချာ့ချ်) ဟူသောစာအုပ်တွင် ဤသို့ရေးသားသည်– “၁၉၅၁ ခု၊ ဧပြီလ ၁ ရက်နေ့ မနက်စောစော၌ ဖြစ်ပျက်ခဲ့ရာကိုကြားဖူးသူ အလွန်နည်းသည်။ ယေဟောဝါသက်သေများနှင့် သူတို့ကိုထောက်ခံသူအားလုံးပေါင်း ၂၇၉ ယောက်ကို ရှင်းပစ်ရန် သူတို့ကိုဖမ်းဆီးပြီး ဆိုက်ဘေးရီးယားသို့ ပြည်နှင်ဒဏ်ပေးဖို့ ကင်ပိန်းတစ်ခုစီစဉ်ခဲ့သည်။ . . . ပြည်နှင်ဒဏ် သို့မဟုတ် ထောင်ဒဏ်မှလွတ်ရန် သူတို့၏ယုံကြည်ခြင်းကို စွန့်လွှတ်ကြောင်း ပုံစံစာရွက်တစ်ခုတွင် လက်မှတ်ရေးထိုးဖို့ သူတို့ကိုအခွင့်ပေးခဲ့ကြသည်။ . . . အစောပိုင်း၌ဖမ်းဆီးခံရသူများနှင့်အတူ အကျယ်ချုပ်ချထားခံရသူ ၃၅၃ ယောက်ရှိရာ သူတို့တွင်အနည်းဆုံး ၁၇၁ ယောက်မှာ အသင်းတော်များနှင့် ပေါင်းသင်းရုံမျှရှိသည်။ သူတို့သည် ဆိုက်ဘေးရီးယား၌ပင် အလျှော့မပေးခဲ့ကြချေ။ . . . [အက်စတိုးနီးယန်း လူသာရင်] ချာ့ချ်၏ အသင်းသားအတော်များများ၌ ယေဟောဝါသက်သေများ၏ ယုံကြည်ခြင်းမျိုးမတွေ့ ကြရချေ။”

ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် နှိပ်စက်ညှဉ်းပန်းမှုကြား ဘုရားသခင်အပေါ်ဆက်တည်ကြည်ပြီး နာခံမှုပြနိုင်ရန် ကိုယ်တော်ကိုယုံကြည်ကိုးစားကြသည်။ သူတို့၏တည်ကြည်မှုအတွက် ဆုကျေးဇူးသည် ကြီးမားကြောင်း သိရှိထားကြ၍ ပျော်ရွှင်ကြသည်။—မဿဲ ၅:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ