ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၉/၁၅ စာ. ၃၂
  • စိတ်ခံစားချက်များအတွက် အကူအညီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ခံစားချက်များအတွက် အကူအညီ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၉/၁၅ စာ. ၃၂

စိတ်ခံစားချက်များအတွက် အကူအညီ

တစ်ခါတစ်ရံ အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် သင့်အသက်တာကို လွှမ်းမိုးနေပုံရသလော။ သင်သည် အလွယ်တကူစိတ်ပျက်၊ ဒေါသထွက်၊ စိတ်အလိုမကျဖြစ်တတ်ပါသလော။ ဘဝ၏စိုးရိမ်ပူပန်မှုများနှင့် လုံးပန်းနေတတ်ပါသလော။ အဘယ်အရာက အကူအညီဖြစ်မည်နည်း။

စိတ်ခံစားချက်အပေါ် တုံ့ပြန်ခြင်းသည် လူတို့၏အလေ့အထဖြစ်သည်။ ယင်းကို ကောင်းစွာထိန်းချုပ်နိုင်လျှင် ဘဝသည် ပို၍ စိတ်ဝင်စားစရာကောင်းလာသည်။ သို့သော် သမ္မာကျမ်းစာက ဤသို့အသိအမှတ်ပြု၏– “ညှဉ်းဆဲခြင်းသည် ပညာရှိသောသူကို ရူးစေတတ်၏။” (ဒေ. ၇:၇) အကြမ်းဖက်မှုနှင့် မတော်တဆဖြစ်ရပ်များ သမားရိုးကျဖြစ်နေသော ကမ္ဘာပေါ်တွင် မိမိဝန်းကျင်၌ ဖြစ်ပျက်ရာများကြောင့် စိတ်မထိခိုက်သူ ရှိပါမည်လော။ သို့ရာတွင် ကျမ်းစာ၌ ဤသို့လည်း ဖော်ပြထား၏– “လူသည် မိမိပြုမူရာ၌ပျော်မွေ့ ခြင်းအမှုထက် သာ၍ကောင်းသောအမှုမရှိ။” (ဒေ. ၃:၂၂) ထို့ကြောင့် ဘဝကို ပို၍ပျော်ရွှင်စေရန် အပြုသဘောဆောင်သော စိတ်ခံစားချက်များကို မွေးမြူခြင်းဖြင့် ရွှင်လန်းမှုရှိအောင် လုပ်ဆောင်တတ်ဖို့လိုသည်။ ကျွန်ုပ်တို့သည် အကျိုးပြုသော စိတ်ခံစားချက်များကို မည်သို့မွေးမြူနိုင်ပြီး အကျိုးမဲ့သော စိတ်ခံစားချက်ကို မည်သို့ချိုးနှိမ်နိုင်မည်နည်း။ လက်တွေ့ကျဖြေရှင်းနည်းများသည် အပျက်သဘောဆောင်သော စိတ်ခံစားချက်ပြင်းအားကို လျော့နည်းသွားစေလေ့ရှိသည်။ ဥပမာ၊ မဖြေရှင်းနိုင်သောကိစ္စရပ်များအပေါ် အလွန်အမင်း စိုးရိမ်ပူပန်နေသည့်အခါ ယင်းနှင့်သာ အချိန်ကုန်နေမည့်အစား လုပ်နေကျအရာများကို အပြောင်းအလဲပြုလုပ်လိုက်ခြင်းသည် မကောင်းပေလော။ စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်ခြင်း၊ သာယာငြိမ့်ညောင်းသော တေးဂီတနားထောင်ခြင်း၊ အားစိုက်ရသော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ အကူအညီလိုအပ်နေသူအတွက် ကြင်နာမှုပါသောလုပ်ရပ်တစ်ခု ပြုလုပ်ပေးခြင်းတို့သည် စိတ်သက်သာမှုနှင့် ပျော်ရွှင်မှု အတော်အတန် ရစေနိုင်သည်။—တမန်တော် ၂၀:၃၅။

အပျက်သဘောထားများကို ထုတ်ပစ်ဖို့ အကောင်းဆုံးနည်းမှာ ဖန်ဆင်းရှင်ကို ယုံကြည်ကိုးစားခြင်းဖြစ်သည်။ အပျက်သဘောထားများ ဆက်ရှိနေမည်ဆိုလျှင် ဆုတောင်းခြင်းဖြင့် ‘ကျွန်ုပ်တို့၏ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ဘုရားသခင်၌အပ်နှံ’ ဖို့လိုသည်။ (၁ ပေတရု ၅:၆၊ ၇) သမ္မာကျမ်းစာက ဤသို့အာမခံထား၏– ‘ယေဟောဝါသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နီးတော်မူ၏။ ဖြောင့်မတ်သောသူသည် များစွာသောဆင်းရဲခြင်းကိုခံရသော်လည်း ထာဝရဘုရားသခင်သည် ခပ်သိမ်းသောဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။’ (ဆာလံ ၃၄:၁၈၊ ၁၉) ဘုရားသခင်သည် “အကျွန်ုပ်ကိုမစသောသူ၊ ကယ်တင်သောသူဖြစ်တော်မူ” ကြောင်း မည်သို့ယုံကြည်စိတ်ချနိုင်သနည်း။ (ဆာလံ ၄၀:၁၇) သမ္မာကျမ်းစာကိုလေ့လာခြင်း၊ ကိုယ်တော့်ကျေးကျွန်များ၏အကျိုးအတွက် ဘုရားသခင် အမှန်စိတ်ဝင်စားကြောင်းဖော်ပြသည့် ထင်ရှားသောပုံနမူနာများကို စဉ်းစားသုံးသပ်ခြင်းအားဖြင့်ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ