ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၇ ၅/၁ စာ. ၃၂
  • မိုးလေဝသခန့်မှန်းခြင်းထက် ပို၍အရေးကြီးရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိုးလေဝသခန့်မှန်းခြင်းထက် ပို၍အရေးကြီးရာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
က၀၇ ၅/၁ စာ. ၃၂

မိုးလေဝသခန့်မှန်းခြင်းထက် ပို၍အရေးကြီးရာ

မိုးလေဝသခန့်မှန်းခြင်းနှင့်ပတ်သက်ပြီး လူမျိုးအားလုံးနီးပါး၌ ဆိုရိုးစကားများရှိကြသည်– ညနေချိန်တွင် မိုးတိမ်နီလျှင် သင်္ဘောသား အကြိုက်ပင်၊ နံနက်ပိုင်းတွင်မိုးတိမ်နီက သင်္ဘောသား သတိပြုကြ။ ဆိုရိုးစကားတွင်ဆိုသကဲ့သို့ ရာသီဥတုအခြေအနေ ပြောင်းလဲနိုင်ဖွယ်ရှိသည့် ပညာရပ်ဆိုင်ရာ အကြောင်းရင်းများကို မိုးလေဝသပညာရှင်များက ယနေ့ဖော်ပြကြသည်။

ယေရှုအချိန်တွင်လည်း လူတို့သည် မိုးတိမ်ကိုလေ့လာပြီး နိမိတ်ဖတ်သည့်ထုံးစံဓလေ့ရှိခဲ့ကြသည်။ ဂျူးအချို့ကို ယေရှုဤသို့ပြောခဲ့သည်– “သင်တို့သည် ညဉ့်ဦးယံ၌ပြောဆိုတတ်သည်ကား ‘ယခု မိုးတိမ်နီသည်ဖြစ်၍ မိုးကြည်လင်လိမ့်မည်’ ဟုဆိုတတ်ကြ၏။ နံနက်ယံ၌ကား ‘ယခုမိုးအုံ့လျက်ရှိ၏။ နီမောင်းသောအဆင်းလည်းရှိ၏။ ယနေ့ မိုးသက်မုန်တိုင်းလာလိမ့်မည်’ ဟုဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့ သင်တို့သည် မိုးကောင်းကင်၏မျက်နှာကိုပိုင်းခြား၍ သိနိုင်ကြ၏။” သို့သော် ယေရှုက ဤထူးခြားသောဖော်ပြချက်ကို ဆက်၍မိန့်ဆိုတော်မူ၏– “ကပ်ကာလ၏နိမိတ်လက္ခဏာတို့ကို ပိုင်ခြား၍မသိနိုင်ကြ။”—⁠မဿဲ ၁၆:⁠၂၊ ၃။

“ကပ်ကာလ၏နိမိတ်လက္ခဏာတို့” ကားအဘယ်အရာများနည်း။ ယင်းတို့ မှာ ယေရှုသည် ဘုရားသခင်စေလွှတ်လိုက်သော စစ်မှန်သည့်မေရှိယဖြစ်ကြောင်း သိသာသည့်လက္ခဏာများဖြစ်သည်။ ကိုယ်တော်၏လုပ်ဆောင်မှုများသည် မိုးတိမ်နီခြင်းတမျှ သိသာထင်ရှားလှသည်။ သို့သော် များစွာသောဂျူးတို့သည် မိုးလေဝသခန့်မှန်းခြင်းထက် အမှန်တကယ် ပိုအရေးကြီးသော အခြေအနေတစ်ခုဖြစ်သည့် မေရှိယရောက်ရှိနေပြီကိုဖော်ပြသည့် နိမိတ်လက္ခဏာများကို လျစ်လျူရှုခဲ့ကြသည်။

ယနေ့တွင်လည်း ပကတိမိုးတိမ်အရောင်ကို အနက်ဖတ်နားလည်သည်ထက် နားလည်ရန်ပို၍အရေးကြီးသော နိမိတ်လက္ခဏာတစ်ခုရှိသည်။ ပိုမိုကောင်းမွန်သောလောကတစ်ခုအစပြုနိုင်ရန် ဤဆိုးယုတ်သောလောကကို အဆုံးတိုင်စေမည်ဟု ယေရှုကြိုဟောခဲ့သည်။ ဤပြောင်းလဲမှုဖြစ်တော့မည်ကိုဖော်ပြမည့် တစ်ပြိုင်တည်းဖြစ်ပျက်မည့် အဖြစ်အပျက်အတော်များများကို ကိုယ်တော်ဟောကြားခဲ့သည်။ ယင်းတို့တွင် ကမ္ဘာချီစစ်ပွဲများ၊ ငတ်မွတ်ခေါင်းပါးမှုများပါဝင်သည်။ ဤအရာများဖြစ်ပျက်သည်ကိုမြင်ရသည့်အခါ ဘုရားသခင်ကြားဝင်ဆောင်ရွက်ချိန်နီးပြီဖြစ်ကြောင်း ယေရှုမိန့်ကြားခဲ့သည်။—⁠မဿဲ ၂၄:၃-၂၁။

“ကပ်ကာလ၏နိမိတ်လက္ခဏာတို့” ကိုသင်မြင်တွေ့ပါသလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ