ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၇ ၇/၁ စာ. ၃၂
  • လူငယ်များအတွက် အရေးကြီးသည့်သင်ခန်းစာများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူငယ်များအတွက် အရေးကြီးသည့်သင်ခန်းစာများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
က၀၇ ၇/၁ စာ. ၃၂

လူငယ်များအတွက် အရေးကြီးသည့်သင်ခန်းစာများ

ဂလက်ဒီစ်သည် အာဂျင်တီးနားနိုင်ငံ မန်ဒိုဇာမြို့ရှိ ကျောင်းတစ်ကျောင်းတွင် အလုပ်,လုပ်သည်။ တစ်နေ့တွင် သူသည် စာသင်ခန်းတစ်ခန်းရှေ့ဖြတ်သွားစဉ် ဆရာမက သူ၏သုံးတန်းကျောင်းသူကျောင်းသားများကို ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်a ဖတ်ပြနေသည်ကိုသတိပြုမိခဲ့သည်။ ဂလက်ဒီစ်က မိမိသည် ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်း ဆရာမအားမိတ်ဆက်ခဲ့ပြီး စာအုပ်မှအကျိုးအများဆုံးရရှိရန် သရုပ်ပြပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ ဆရာမသည် ဂလက်ဒီစ်၏ရှင်းပြချက်ကို သဘောကျခဲ့ပြီး ယင်းကို ပုံမှန်သင်ရိုးညွှန်းတမ်းစာအုပ်အဖြစ်အသုံးပြုလိုခဲ့သည်။ သို့သော် သူသည် ကျောင်းအုပ်ချုပ်ရေးထံမှ ခွင့်ပြုချက်လိုသည်။ ခွင့်ပြုချက်ရရှိသောကြောင့် သူအလွန်ပျော်သွားသည်။

နောက်ပိုင်း ကျောင်း၌ စာအုပ်နေ့အစီအစဉ်တွင် ဆရာမသည် မိမိတပည့်များကို သူတို့၏ကျောင်းနေဖက်သူငယ်ချင်းများရှေ့ စာအုပ်မှအခန်းတစ်ခန်းကို ဖတ်ပြရန်တာဝန်ပေးခဲ့သည်။ ဤအစီအစဉ်မှ တုံ့ ပြန်မှုကောင်းရရှိသောကြောင့် ဒေသခံရုပ်မြင်သံကြားတင်ဆက်မှုတစ်ခုတွင် ဧည့်သည်အဖြစ်ပါဝင်ရန် ဆရာမကို ဖိတ်ခေါ်ခဲ့သည်။ ကျောင်းသားသူငယ်များ၏အမူအကျင့်ဆိုင်ရာ တင်ဆက်ချိန်ရောက်လာသည့်အခါ မေးမြန်းသူက ဆရာမကို ဤသို့မေး၏–“ဆရာမရဲ့အတန်းထဲမှာရှိတဲ့ကလေးတွေ အမူအကျင့်ကောင်းအောင် ဘယ်လိုလေ့ကျင့်ပေးပါသလဲ။” ဆရာမက ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် အသုံးပြုနေခြင်းအကြောင်းရှင်းပြသည်။ ယင်းစာအုပ်ဖြင့် မိမိ၏စာသင်ခန်းအတွင်း ဘာသာရေးကို သွန်သင်ပေးနေခြင်းမဟုတ်သော်လည်း ရိုသေတတ်ရန်၊ သည်းခံတတ်ရန်၊ စည်းလုံးတတ်ရန်၊ ပူးပေါင်းဆောင်ရွက်တတ်ရန်၊ နာခံတတ်ရန်နှင့်မေတ္တာထားတတ်ရန်ကဲ့သို့သော ကိုယ်ကျင့်တရားစံနှုန်းများကို သွန်သင်ပေးခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ယင်းတို့အားလုံးသည် လူငယ်များသင်ယူရန် အရေးကြီးသောသင်ခန်းစာများဖြစ်ကြောင်း အားလုံးသဘောတူကြသည်။

သင့်သားသမီးများကို ယင်းကဲ့သို့သောအဖိုးတန်အရာများ သွန်သင်ပေးလိုပါသလော။ စိတ်ဝင်စားဖွယ်ကောင်းသော ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် ကိုယေဟောဝါသက်သေတစ်ဦးဦးထံမှ သင်တောင်းယူနိုင်သည်။

[အောက်ခြေမှတ်ချက်]

a ယေဟောဝါသက်သေများ ထုတ်ဝေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ