ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၁၁/၁ စာ. ၁၀
  • ဖြောင့်မတ်ခြင်းတရားကို နှစ်သက်တော်မူသောအရှင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖြောင့်မတ်ခြင်းတရားကို နှစ်သက်တော်မူသောအရှင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • အပြစ်ဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • တရားမျှတမှုရဖို့ တောင်းဆိုသံကို ဘယ်သူ နားထောင်ပေးမလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • အားနည်းခြင်း၊ ဆိုးညစ်ခြင်းနှင့် နောင်တတို့ကို ပိုင်းခြားသတ်မှတ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • တရားမမျှတမှုကို ဘုရားဘာမျှ မလုပ်ဘဲ ထာဝစဉ် နေမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၁၁/၁ စာ. ၁၀

ဘုရားသခင်၌ ချဉ်းကပ်ကြလော့

ဖြောင့်မတ်ခြင်းတရားကို နှစ်သက်တော်မူသောအရှင်

ဟေဗြဲ ၁၀:၂၆-၃၁

တစ်စုံတစ်ဦးသည် သင့်ကို မမျှမတ သို့မဟုတ် ရက်စက်ကြမ်းတမ်းစွာ ပြုမူဆက်ဆံဖူးသလော။ ထိုသူသည် ယင်းအတွက် အပြစ်ပေးခံရပုံမရှိ၊ နောင်တလည်းမရဘဲဖြစ်ပေမည်။ ဤသို့ မမျှမတဆက်ဆံခံရခြင်းထက် အခံရခက်သည့်အရာ မရှိနိုင်တော့ပါ၊ အထူးသဖြင့် သင့်အား ချစ်ခင်၍ဂရုစိုက်လိမ့်မည်ဟု သင်မျှော်လင့်ထားသူကြောင့် ထိုသို့ထိခိုက်ခံစားရသည့်အခါတွင်ဖြစ်၏။ ‘ဘုရားသခင်က ဒါတွေကို ဘာကြောင့်ခွင့်ပြုထားသလဲ’ ဟုသင်တွေးမိပေမည်။a အမှန်မှာ၊ ယေဟောဝါဘုရားသခင်သည် တရားမမျှတမှုမှန်သမျှကို ရွံမုန်း၏။ အပြစ်ကို ခေါင်းမာစွာဆက်ပြုကျင့်နေသူများကို ဘုရားသခင်အပြစ်ပေးလိမ့်မည်ဟု ကိုယ်တော်၏နှုတ်မြွက်တော် သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ ဟေဗြဲ ၁၀:၂၆-၃၁ တွင်မှတ်တမ်းတင်ထားသော တမန်တော်ပေါလု၏စကားများကို သုံးသပ်ကြည့်ကြစို့။

“အကြောင်းမူကား၊ သမ္မာတရားကိုသိပြီးမှ ကိုယ်အလိုသို့လိုက်၍ပြစ်မှားပြန်လျှင် နောက်တစ်ဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့်မရှိ” ဟုပေါလုရေးခဲ့သည်။ (အခန်းငယ် ၂၆) တမင်တကာအပြစ်ပြုသူသည် အလွန်ပင် အပြစ်တင်ခံထိုက်သည်။ အဘယ်ကြောင့်နည်း။ ပထမ၊ ကျွန်ုပ်တို့အားလုံးသည် မစုံလင်မှုကြောင့် သတိလက်လွတ်ဖြစ်ကာ အမှားပြုမိတတ်ကြသည်၊ သို့သော် သူတို့သည် ထိုသို့အခိုက်အတန့်သွေးသားအားနည်းမှုကြောင့် အမှားကျူးလွန်ခြင်းမဟုတ်ပါ။ သူတို့၌ အပြစ်ပြုသည့်အကျင့်စွဲနေသည်။ ဒုတိယ၊ သူတို့သည် တမင်တကာ အပြစ်ပြုကြခြင်းဖြစ်၏။ ခေတ်သုံးမြန်မာကျမ်းစာတွင် သူတို့သည် “တမင်သက်သက် ဆက်လက်အပြစ်ကျူးလွန်” ကြသည်ဟုဖော်ပြ၏။ မကောင်းမှုသည် သူတို့၏နှလုံးထဲ အမြစ်စွဲနေသည်။ တတိယ၊ သူတို့သည် အသိပညာမရှိသောကြောင့် အပြစ်ပြုမိခြင်းမဟုတ်ပါ။ ဘုရားသခင်၏အလိုတော်၊ နည်းလမ်းတော်များနှင့်ပတ်သက်သော “သမ္မာတရားကိုသိပြီးမှ” အပြစ်ပြုခြင်းဖြစ်၏။

နောင်တမယူ၊ မလိုတမာစိတ်ဖြင့် အပြစ်ပြုနေသူတို့ကို ဘုရားသခင် မည်သို့ ရှုမြင်သနည်း။ “အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့်မရှိ” ဟုပေါလုဆိုခဲ့သည်။ လူသားများအတွက် ဘုရားသခင့်လက်ဆောင်ဖြစ်သော ခရစ်တော်၏ပူဇော်ရာယဇ်သည် မစုံလင်မှုကြောင့် ကျွန်ုပ်တို့ပြုမိသောအပြစ်များကို ဖုံးအုပ်ပေးသည်။ (၁ ယောဟန် ၂:၁၊ ၂) သို့သော် နောင်တမယူဘဲ အပြစ်ပြုနေသူများသည် ဤအဖိုးထိုက်ဆုလက်ဆောင်ကို တန်ဖိုးမထားကြောင်း ဖော်ပြနေသည်။ ဘုရားသခင့်အမြင်တွင် သူတို့သည် “ဘုရားသခင်၏သားတော်ကို ခြေဖြင့်ကျော်နင်းလျက် . . . [သားတော်၏] အသွေးကို အပြစ်တင်” ကြသည်။ (အခန်းငယ် ၂၉) သူတို့လမ်းစဉ်က ယေရှုကို မထီလေးစားပြုကြောင်း၊ ကိုယ်တော်၏အသွေးတော်ကို မစုံလင်သူလူသားတို့၏အသွေးကဲ့သို့ပင် “တန်ဖိုးနည်းသောအရာအဖြစ်” သဘောထားကြောင်း ဖော်ပြသည်။ (ခေတ်သုံးအင်္ဂလိပ်ဘာသာပြန်ကျမ်း) ထိုကျေးဇူးကန်းသူတို့သည် ခရစ်တော်၏ပူဇော်ရာယဇ်မှ အကျိုးခံစားရမည်မဟုတ်ပါ။

ဆိုးညစ်သူများသည် အဘယ်အရာမျှော်လင့်နိုင်သနည်း။ “ငါသည် အပြစ်တရားကိုစီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်” ဟုတရားမျှတသောဘုရားသခင် ကတိပြုသည်။ (အခန်းငယ် ၃၀) အခြားသူတို့ကိုမငဲ့ဘဲ အပြစ်ပြုသည့်အကျင့်ရှိနေသူများအနေဖြင့် ဘုရားသခင်၏ ဖြောင့်မတ်သောပညတ်များကို တမင်တကာချိုးဖောက်သူတို့သည် ပြစ်ဒဏ်စီရင်ခြင်းခံရလိမ့်မည်ဟူသောအချက်ကို သတိပြုရမည်။ သူတို့၏ဆိုးညစ်သောလမ်းစဉ်များသည် သူတို့ကို ပြန်ဒုက္ခပေးလေ့ရှိသည်။ (ဂလာတိ ၆:၇) နောက်ဆုံး၊ လာမည့်အနာဂတ်တွင် မြေကြီးပေါ်ရှိ တရားမမျှတမှုမှန်သမျှကို ဘုရားသခင်ဖယ်ရှားသည့်အခါ ကိုယ်တော်ရှေ့ သူတို့စာရင်းရှင်းရလိမ့်မည်။ (သု. ၂:၂၁၊ ၂၂) “အသက်ရှင်တော်မူသောဘုရားသခင်၏ လက်တော်သို့ကျရောက်ခြင်းအမှုသည် ကြောက်မက်ဖွယ်သောအမှုဖြစ်သတည်း” ဟုပေါလုသတိပေးသည်။—အခန်းငယ် ၃၁။

ယေဟောဝါဘုရားသခင်သည် တမင်တကာအပြစ်ပြုသူများကို လျစ်လျူရှုမည်မဟုတ်ကြောင်း သိရှိခြင်းက အထူးသဖြင့် ဇွတ်တရွတ်နိုင်သောအပြစ်ပြုသူကြောင့် ထိခိုက်ခဲ့သူတို့အတွက် အားရှိစရာဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် လက်တုံ့ပြန်မည့်အစား တရားမမျှတမှုမှန်သမျှကိုရွံမုန်းသော ဘုရားသခင်၏လက်တော်တွင် ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ကြပါသည်။

[အောက်ခြေမှတ်ချက်]

a ဆင်းရဲခက်ခဲမှုများကို ဘုရားသခင်ခွင့်ပြုရသည့်အကြောင်းရင်းနှင့်ပတ်သက်၍ ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ် စာမျက်နှာ ၁၀၆-၁၁၄ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ