ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၁၂/၁၅ စာ. ၃၂
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပိုထွားလာတိုင်း ပိုကောင်းသည်မဟုတ်
    နိုးလော့!—၁၉၉၈
  • ကျန်းမာစေသော အစားအစာကို ရွေးခြင်း
    နိုးလော့!—၁၉၉၈
  • မြေထဲပင်လယ်ဒေသမှ ရွှေဝါရောင်ဆီ
    နိုးလော့!—၂၀၀၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၁၂/၁၅ စာ. ၃၂

စာရှုသူများထံမှ မေးခွန်းလွှာ

ဝတ်ပြုရာ ၃:၁၇ ၌ “ဆီဥကိုမစားရ” ဟုပညတ်ထားသော်လည်း နေဟမိ ၈:၁၀ တွင်ဂျူးတို့ကို “မြိန်စွာသောအစာ [‘အဆီများသောအရာများ၊’ ကဘ] ကိုစားကြလော့” ဟုမိန့်တော်မူခဲ့သည်။ ဤဖော်ပြချက်များသည် မည်သို့ညီညွတ်နိုင်မည်နည်း။

မူရင်းဘာသာစကား၌ နေဟမိ ၈:၁၀ ပါ ‘အဆီများသောအရာများ’ နှင့် ဝတ်ပြုရာ ၃:၁၇ ပါ “ဆီဥ” ဟုဘာသာပြန်ဆိုသောစကားလုံးများသည် ကွဲပြားခြားနားသည်။ ဟေဗြဲစကားလုံး ခီးလိဗ်ကို ဝတ်ပြုရာ ၃:၁၇ တွင် “ဆီဥ” ဟုဘာသာပြန်ပြီး တိရစ္ဆာန် သို့မဟုတ် လူ၏ဆီဥကိုရည်ညွှန်းသည်။ (ဝတ်. ၃:၃၊ ၄; သူကြီး. ၃:၂၂) အငယ် ၁၇ ၏စကားစပ်အရ ‘ဆီဥရှိသမျှကို ထာဝရဘုရားသခင်ဆိုင်တော်မူ၏’ ဟုဆိုထားသောကြောင့် ဣသရေလလူမျိုးသည် ပူဇော်ရာတိရစ္ဆာန်ယဇ်ကောင်များ၏အူအနီးအနားရှိဆီဥ၊ ကျောက်ကပ်သာမက ခါးအတွင်းနား၌ရှိသောကျောက်ကပ်ဆီဥတို့ကိုမစားရပါ။ (ဝတ်. ၃:၁၄-၁၆) ထို့ကြောင့် ယေဟောဝါအားပူဇော်မည့်တိရစ္ဆာန်ကိုယ်တွင်းရှိ ဆီဥကို စားရန်မဟုတ်ပါ။

အခြားတစ်ဖက်တွင်မူ နေဟမိ ၈:၁၀ ပါ ‘အဆီများသောအရာများ’ ဟုဘာသာပြန်သောစကားလုံးသည် မာရှ်မဲန်နင်ဖြစ်ပြီး ဤစကားလုံးသည် ဟေဗြဲကျမ်းစာစောင်များတွင် ဤတစ်ကြိမ်သာတွေ့ ရှိရသည်။ ယင်းသည် ကြိယာဖြစ်သော ရှာမင်မှဆင်းသက်လာပြီး “ဝဖြိုးလော့၊ ဆူဖြိုးလော့” ဟုအဓိပ္ပာယ်ရသည်။ ယင်းကြိယာနှင့်ဆက်စပ်နေသော စကားစုများ၏အခြေခံအယူအဆသည် ကြီးပွားခြင်း၊ ကောင်းစားခြင်းဖြစ်ပုံရသည်။ (ဟေရှာ. ၂၅:၆  နှင့်နှိုင်းယှဉ်ပါ။) ယင်းကြိယာမှဆင်းသက်သည့်စကားလုံးထဲမှတစ်လုံးသည် အများအားဖြင့် နာမ်ဖြစ်သောရှီမဲန်ဖြစ်ပြီး ယင်းကို “ဆီ” ဟုဘာသာပြန်လေ့ရှိပြီး “သံလွင်ဆီ” အသုံးအနှုန်းလည်းပါဝင်သည်။ (တရား. ၈:၈; ဝတ်. ၂၄:၂) နေဟမိ ၈:၁၀ တွင်အသုံးပြုထားသည့် မာရှ်မဲန်နင်သည် ဆီများစွာနှင့်ပြင်ဆင်ထားသောအစားအစာကို ညွှန်းထားပုံရပြီး တိရစ္ဆာန်ဆီဥစစ်စစ်မဟုတ်သော်လည်း အဆီအချို့ပါသောအသားပင် ပါဝင်ပေမည်။

ဣသရေလလူမျိုးအား တိရစ္ဆာန်ဆီဥကိုမစားရန် တားမြစ်ထားသော်လည်း သူတို့သည် အရသာရှိပြီးအီဆိမ့်သောအစားအစာကို စားသုံးနိုင်သည်။ ကောက်နှံအမှုန့်နှင့်ပြုလုပ်သည့်ကိတ်မုန့်ကဲ့သို့သော အချို့သောအရာများကို တိရစ္ဆာန်ဆီဥဖြင့်မဟုတ်ဘဲ ဟင်းသီးဟင်းရွက်ဆီ၊ ယေဘုယျအားဖြင့်သံလွင်ဆီဖြင့်ပြုလုပ်ခဲ့ကြသည်။ (ဝတ်. ၂:၇) ထို့ကြောင့် သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင်က ‘အဆီများသောအရာများ’ သည် “ပိန်လှီ သို့မဟုတ် ခြောက်ကပ်သောအရာများမဟုတ်ဘဲ ဟင်းသီးဟင်းရွက်ဆီဖြင့်ပြင်ဆင်ထားသော အရသာရှိအရာများအပါအဝင် အနံ့အရသာပြည့်စုံသောဟင်းပွဲများကို ညွှန်းခြင်း” ဖြစ်ကြောင်းရှင်းပြသည်။

မှန်ပါသည်၊ ဆီဥစားခြင်းကိုတားမြစ်ထားခြင်းသည် ပညတ်တရား၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ခရစ်ယာန်များသိမှတ်ထားကြသည်။ သူတို့သည် တိရစ္ဆာန်ပူဇော်ခြင်းနှင့်ဆိုင်သောတောင်းဆိုချက်များအပါအဝင် ပညတ်တရားအောက်၌မရှိတော့ပါ။—ရော. ၃:၂၀; ၇:၄၊ ၆; ၁၀:၄; ကော. ၂:၁၆၊ ၁၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ