ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၁/၁ စာ. ၂၉
  • ရှေးခေတ်အီတလီနိုင်ငံက အရှေ့အာရှသားတစ်ယောက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှေးခေတ်အီတလီနိုင်ငံက အရှေ့အာရှသားတစ်ယောက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်သာသနာပြုများသည် အရှေ့တိုင်းရှိ မည်သည့်ဒေသအထိ သွားရောက်နိုင်ခဲ့သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • အရှေ့အလယ်ပိုင်းဒေသစစ်ပွဲ—ကျမ်းစာအဆိုက ဘာလဲ။
    ထပ်ဆင့် အကြောင်းအရာများ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၁/၁ စာ. ၂၉

ရှေးခေတ်အီတလီနိုင်ငံက အရှေ့အာရှသားတစ်ယောက်

လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ က အရှေ့အာရှမျိုးရိုးရှိ အမျိုးသားတစ်ယောက်ဟာ ဘယ်လိုကြောင့် ရှေးခေတ် ရောမအင်ပါယာမှာ ဘဝနိဂုံးချုပ်သွားရတာလဲ။ ၂၀၀၉ ခုနှစ်က အီတလီနိုင်ငံတောင်ပိုင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုကို ရှာဖွေတွေ့ရှိပြီးတဲ့နောက် အဲဒီမေးခွန်းကို ရှေးဟောင်းသုတေသနပညာရှင်တွေက မေးခဲ့ကြတာပါ။

ရှာဖွေတွေ့ရှိခဲ့တဲ့နေရာက ဘာရီမြို့အနောက်ဘက် မိုင် ၄၀ အကွာက ဗန်ယာရီရွာရဲ့ ရှေးခေတ်ရောမသင်္ချိုင်းမှာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ လူခုနစ်ဆယ့်ငါးယောက်ရဲ့ အရိုးစုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အရိုးစုတွေကို စစ်ဆေးကြည့်လိုက်တဲ့အခါ အများစုက အနီးအနားမှာပဲ မွေးဖွားခဲ့တဲ့သူတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ အမျိုးသားတစ်ယောက်ရဲ့ အရိုးစုတစ်စုကိုတော့ သုတေသနပညာရှင်တွေ အံ့သြသွားခဲ့ကြတယ်။ သူ့ရဲ့ မိုင်တိုကွန်ဒရီရယ်လ် ဒီအင်အေ (Mitochondrial DNA၊ သက်ရှိဆဲလ်ရဲ့အလယ်ဗဟို အပြင်ဘက်ရှိ ဗီဇဓာတ်ပစ္စည်း) ကိုဓာတ်ခွဲကြည့်လိုက်တဲ့အခါ မိခင်ဘက်က အရှေ့အာရှမျိုးရိုး သူ့မှာရှိနေတာကို တွေ့ရှိခဲ့ကြတယ်။a သက်တမ်းအရကြည့်ရင် သူ့ရဲ့ရုပ်ကလာပ်ဟာ စီအီး ပထမရာစု ဒါမှမဟုတ် ဒုတိယရာစုက ဖြစ်တယ်။ အမျိုးသားရဲ့အရိုးစုကို ရှာဖွေတွေ့ရှိခဲ့မှုနဲ့ပတ်သက်ပြီး သတင်းတစ်ပုဒ်မှာ “အရှေ့အာရှနွယ်ဖွားတစ်ယောက်ရဲ့ အရိုးစုကို ရောမအင်ပါယာမှာ ရှာဖွေတွေ့ရှိခဲ့တာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပုံရတယ်” ဆိုပြီး ဖော်ပြထားတယ်။ ဒါဆိုရင် အဲဒီအမျိုးသားက ဘယ်သူလဲ။

“အစပိုင်းမှာ အဲဒီအမျိုးသားဟာ တရုတ်နိုင်ငံနဲ့ ရောမနိုင်ငံစပ်ကြား ကူးလူးသွားလာနေတဲ့ ပိုးချည်ကုန်သည်တစ်ယောက် ဖြစ်ရမယ်လို့ ယူမှတ်ကောင်းယူမှတ်နိုင်တယ်” ဆိုပြီး အထက်ပါသတင်းက ဆက်ဖော်ပြတယ်။ ဒါပေမဲ့ ပိုးချည်ရောင်းဝယ်တဲ့လုပ်ငန်းကို ကြားခံလူအတော်များများက တစ်ဆင့်ခံလုပ်ဆောင်ခဲ့ကြတယ်လို့ ယူဆရတယ်။ ဘယ်သူကမှ တရုတ်နိုင်ငံနဲ့ ရောမနိုင်ငံစပ်ကြား မိုင် ၅,၀၀၀ ကွာတဲ့ခရီးကို တစ်ယောက်တည်း ဒိုင်ခံသွားလေ့မရှိဘူး။

အဲဒီအမျိုးသားရဲ့ ရုပ်ကလာပ်ကို တွေ့ရှိခဲ့တဲ့နေရာကနေ ဘာသိနိုင်ပါသလဲ။ ရှေးအချိန်က ဗန်ယာရီရွာဟာ ရောမဧကရာဇ်ပိုင်နက်ဖြစ်ပြီး အဲဒီနယ်မြေမှာ သတ္တုရည်ကြိုတဲ့ အလုပ်သမားတွေ၊ ရွှံ့စေးအုတ်တွေလုပ်တဲ့ အလုပ်သမားတွေ နေထိုင်ခဲ့ကြတယ်။ အလုပ်သမားအများစုဟာ ကျေးကျွန်တွေဖြစ်ပြီး ဒီအရှေ့အာရှအမျိုးသားလည်း တစ်ယောက်အပါအဝင် ဖြစ်နိုင်တယ်။ သူ့ရဲ့သင်္ချိုင်းက သူဌေးသူကြွယ်ရဲ့ သင်္ချိုင်းနဲ့မတူဘူး။ သူနဲ့အတူ မြှုပ်နှံထားတဲ့အရာကတော့ သူပိုင်ဆိုင်ရာအိုးတစ်လုံးပဲဖြစ်ပြီး သူ့အပေါ်မှာ နောက်အလောင်းတစ်ခုကိုပါ ပေါင်းမြှုပ်ထားသေးတယ်။

ဒီရှာဖွေတွေ့ရှိမှုကို ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။ စီအီး ပထမရာစုအချိန်က ခရစ်ယာန်သတင်းတရားပျံ့နှံ့မှုဟာ ရှေးခေတ်ကလူတွေ ခရီးဘယ်လောက်ဝေးဝေး သွားနိုင်တယ်ဆိုတဲ့အချက်ပေါ် မူတည်တယ်။ စီအီး ၃၃ ပင်တေကုတ္တေပွဲ (ဂျူးတွေရဲ့ ခုနစ်သီတင်းပွဲ) ပြီးတဲ့နောက် ဂျေရုဆလင်မြို့မှာရောက်ရှိနေတဲ့ တိုင်းတစ်ပါးသားဧည့်သည်တွေဟာ သတင်းကောင်းကို နေရာအနှံ့အပြား ယူဆောင်သွားခဲ့ကြတယ်။ (တမန်တော် ၂:၁-၁၂၊ ၃၇-၄၁) ရှာဖွေတွေ့ရှိခဲ့တဲ့ လူရိုးစုကိုကြည့်ရင် အဲဒီခေတ်တုန်းက လူတချို့ဟာ အရှေ့အာရှကနေ မြေထဲပင်လယ်ဒေသဘက်ကို ခရီးသွားလာခဲ့ကြတယ်လို့ အနည်းဆုံးတော့ ယူမှတ်နိုင်ပါတယ်။b

[အောက်ခြေမှတ်ချက်]

a မိုင်တိုကွန်ဒရီရယ်လ် ဒီအင်အေ ဓာတ်ခွဲလေ့လာမှုက ဖခင်၏မျိုးရိုးကို မသတ်မှတ်ပေးနိုင်ချေ။

b အနောက်တိုင်းသားများသည် အရှေ့အာရှသို့ ခရီးလှည့်လည်ခဲ့ကြောင်း အထောက်အထားရှိပါသည်။ ၂၀၀၉၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်မှ “ခရစ်ယာန်သာသနာပြုများသည် အရှေ့တိုင်းရှိ မည်သည့်ဒေသအထိ သွားရောက်နိုင်ခဲ့သနည်း” ဆောင်းပါးကို ဖတ်ကြည့်ပါ။

[စာမျက်နှာ ၂၉ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)

ရောမ

ဗန်ယာရီ

မြေထဲပင်လယ်

အရှေ့အာရှ

ပစိဖိတ်သမုဒ္ဒရာ

[စာမျက်နှာ ၂၉ ပါရုပ်ပုံ]

အရှေ့အာရှသား တစ်ယောက်ရဲ့ အရိုးစုကို ရှေးခေတ်ရောမသင်္ချိုင်းတစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့

[Credit Line]

© Su concessione del Ministero per i Beni e le Attività Culturali - Direzione Regionale per i Beni Culturali e Paesaggistici della Puglia - Soprintendenza per i Beni Archeologici della Puglia

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ