ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၁၁/၁၅ စာ. ၂၀
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်ကိုယ်ရေနေခြင်း—စိတ်ရှုပ်ထွေးမှုမရှိဘဲလုပ်ဆောင်ဖို့အတွက် တံခါးတစ်ခု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ‘ထိုစကားကိုခံယူလော့’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • သင့်တစ်ကိုယ်ရေဘဝကို ပညာရှိစွာ အသုံးချပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယေဟောဝါ၏အမှုတော်တွင် တစ်ကိုယ်ရေဘဝနှင့် အားရကျေနပ်နေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၁၁/၁၅ စာ. ၂၀

စာရှုသူများထံမှ မေးခွန်းလွှာ

မဿဲ ၁၉:၁၀–၁၂ မှာပါတဲ့ ယေရှုရဲ့စကားတွေက တစ်ကိုယ်ရေဘဝနဲ့နေဖို့ ဆုံးဖြတ်ထားသူတွေဟာ တစ်ကိုယ်ရေဆုကျေးဇူးကို အံ့ဖွယ်နည်းနဲ့ ရထားတယ်ဆိုတဲ့ အဓိပ္ပာယ်လား။

တစ်ကိုယ်ရေအကြောင်း ယေရှုပြောခဲ့တဲ့ နောက်ခံအခြေအနေကို သုံးသပ်ကြည့်ပါ။ ဖာရိရှဲတွေက ယေရှုထံလာပြီး ကွာရှင်းခြင်းအကြောင်း ပြောဆိုတဲ့အခါမှာ ယေရှုက အိမ်ထောင်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့စံနှုန်းကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့တယ်။ ဇနီးမှာ “အပြစ်တင်စရာအကြောင်း” ရှိတယ်ဆိုရင် ပညတ်တရားအရ ခင်ပွန်းက ကွာစာရေးလို့ရပေမဲ့ အစအဦးတုန်းကတော့ အဲဒီလို မဟုတ်ခဲ့ဘူး။ (တရား. ၂၄:၁၊ ၂) အဲဒီမှာ ယေရှုက “မတရားမေထုန်ပြုခြင်းမှတစ်ပါး အခြားသောအကြောင်းကြောင့် မိမိမယားကိုကွာရှင်း၍ အခြားသူတစ်ဦးကို ထိမ်းမြားသူ မည်သူမဆိုသည် အိမ်ထောင်ရေးဖောက်ပြန်သူဖြစ်၏” လို့ ပြောခဲ့တယ်။—မ. ၁၉:၃-၉။

ယေရှု အဲဒီလိုပြောတဲ့အခါ တပည့်တွေက “ထိမ်းမြားခြင်းသည် ဤသို့ဖြစ်လျှင် အိမ်ထောင်မပြုသင့်ပါ” လို့ ပြောကြတယ်။ အဲဒီအခါ ယေရှုက ဒီလိုပြန်ပြောခဲ့တယ်– “ထိုစကားကို လူတိုင်း မခံမယူနိုင်။ ဆုကျေးဇူးရထားသူတို့သာ ခံယူနိုင်ကြ၏။ အကြောင်းမှာ အချို့သည် မွေးရာပါချို့ယွင်းချက်ကြောင့် အိမ်ထောင်မပြုကြ။ အချို့မှာ သင်းကွပ်ခံရ၍ အိမ်ထောင်မပြုကြ။ အချို့မှာမူ ကောင်းကင်နိုင်ငံတော်အတွက် အိမ်ထောင်မပြုကြချေ။ ထိုစကားကို ခံယူနိုင်သောသူသည် ခံယူပါစေ။”—မ. ၁၉:၁၀-၁၂။

စာသားအတိုင်း သင်းကွပ်ထားသူတွေဟာ မွေးရာပါချို့ယွင်းချက်ရှိသူ၊ မတော်တဆထိခိုက်ဒဏ်ရာရသူ ဒါမှမဟုတ် တမင်တကာ သင်းကွပ်ထားသူတွေဖြစ်တယ်။ ဒါပေမဲ့ တချို့ကျတော့ တကယ်သင်းကွပ်ထားတာမဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် သင်းကွပ်ထားသူလို နေတဲ့သူတွေလည်းရှိတယ်။ အိမ်ထောင်ပြုလို့ရပေမဲ့ ကိုယ့်ကိုယ်ကိုယ်ချုပ်တည်းပြီး “ကောင်းကင်နိုင်ငံတော်အတွက်” တစ်ကိုယ်ရေနေကြတယ်။ ယေရှုလိုပဲ ဘုရားသခင့်နိုင်ငံတော်အတွက် ကိုယ့်ကိုယ်ကိုယ်ပေးဆက်ပြီး အမှုဆောင်နိုင်အောင် တစ်ကိုယ်ရေနေဖို့ ရွေးချယ်ခဲ့ကြတယ်။ သူတို့တွေက တစ်ကိုယ်ရေဆုကျေးဇူးနဲ့ မွေးဖွားလာတာမဟုတ်သလို အဲဒါကို ပေးအပ်ခံရတာလည်း မဟုတ်ဘူး။ အဲဒါကို ခံယူနိုင်လို့ ခံယူခဲ့တာဖြစ်တယ်။ နောက်တစ်နည်းနဲ့ပြောရရင် ဆုကျေးဇူးအဖြစ် တမင်တကာ လက်ခံခဲ့တာဖြစ်တယ်။

ယေရှု ပြောခဲ့တဲ့စကားကိုအခြေခံပြီး တမန်တော်ပေါလုက တစ်ကိုယ်ရေဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ ခရစ်ယာန်အားလုံးဟာ ဘုရားသခင်အတွက် အမှုဆောင်နိုင်ကြတယ်၊ တစ်ကိုယ်ရေနေဖို့ “စိတ်ဆုံးဖြတ်ထား” သူတွေကတော့ “သာ၍ကောင်းစွာပြု” တယ်လို့ ပြောခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။ အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်အကြိုက်လိုက်ဖို့၊ အိမ်ထောင်ဖက်ကို ဂရုစိုက်ဖို့အတွက် သူတို့ရဲ့အချိန်နဲ့ ခွန်အားကို ဝေမျှ အသုံးပြုရတယ်။ ဒါပေမဲ့ တစ်ကိုယ်ရေခရစ်ယာန်တွေကျတော့ အဲဒီလိုလုပ်ဖို့ တာဝန်မရှိဘဲ သခင့်အမှုတော်မှာ ပါဝင်နိုင်ကြတယ်။ သူတို့က သူတို့ရဲ့အခြေအနေကို “ဆုကျေးဇူး” အဖြစ် ယူမှတ်ကြတယ်။—၁ ကော. ၇:၇၊ ၃၂-၃၈။

အမှုဆောင်ထွက်နေတဲ့ တစ်ကိုယ်ရေ ယေဟောဝါသက်သေနှစ်ဦး

ဒါကြောင့် ခရစ်ယာန်တစ်ယောက်ဟာ တစ်ကိုယ်ရေဆုကျေးဇူးကို အံ့ဖွယ်နည်းနဲ့ ရထားတာမဟုတ်ဘူးလို့ သမ္မာကျမ်းစာက ဖော်ပြတယ်။ အဲဒီအစား သူဟာ အာရုံထွေပြားမှုမရှိဘဲ ဘုရားသခင့်အမှုတော်မှာ တိုးချဲ့ပါဝင်ဖို့ အိမ်ထောင်မပြုခြင်းအားဖြင့် အဲဒီဘဝကိုခံယူတာဖြစ်တယ်။ ယနေ့ များစွာသောသူတွေဟာ ဒီအကြောင်းရင်းကြောင့် တစ်ကိုယ်ရေနေဖို့ ဆုံးဖြတ်ခဲ့ကြတယ်၊ အဲဒါကို တခြားသူတွေက အားပေးထောက်မသင့်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ