ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၁၀/၁ စာ. ၉
  • သင်သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဟေရုဒ်မင်းလက်ထက်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • မွေးနေ့ပွဲအတွင်း လူသတ်မှု
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ‘ယေဟောဝါရဲ့ တရားစကားက ပျံ့နှံ့သည်ထက် ပျံ့နှံ့လာတယ်’
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ကြယ်တစ်ပွင့်လမ်းပြလို့လာတဲ့ လူတွေအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၁၀/၁ စာ. ၉

သင်သိပါသလား

ဂျေရုဆလင်မြို့က ဗိမာန်တော်ကို ဟေရုဒ်ပြန်ဆောက်တဲ့အခါ ဘာအခက်အခဲတွေ ကြုံခဲ့ရသလဲ

ရှောလမုန်တည်ဆောက်ခဲ့တဲ့ ဂျေရုဆလင်မြို့က မူလဗိမာန်တော်ဟာ တောင်ပေါ်မှာတည်ရှိတယ်။ ဗိမာန်တော်ပတ်လည်မှာ လှေခါးထစ်တွေလုပ်ဖို့ တောင်ရဲ့ အရှေ့နဲ့အနောက်မှာ မြေထိန်းတံတိုင်းတွေဆောက်ထားတယ်။ ဟေရုဒ်က ရှောလမုန်ဗိမာန်တော်ထက် ပိုပြီးကြီးကျယ်ခမ်းနားတဲ့ ဗိမာန်တော်ကို ဆောက်ချင်တယ်။ ဒါကြောင့် ပုံစံအသစ်နဲ့အကြီးကြီးဆောက်ခဲ့တယ်။

ပန်းချီဆရာတစ်ယောက် ရေးဆွဲထားတဲ့ ဗိမာန်တော်နဲ့ပတ်လည်တံတိုင်းပုံ

ဟေရုဒ်ရဲ့ဆောက်လုပ်ရေးသမားတွေက အဲဒီနေရာမှာရှိနေတဲ့ လှေခါးထစ်တွေကြီးလာဖို့ ဗိမာန်တော်ရဲ့ မြောက်ဘက်က ပြင်ညီမျက်နှာပြင်ကို တိုးချဲ့လိုက်တယ်။ တောင်ဘက်က လူသွားစင်္ကြံကို ၁၀၅ ပေအထိ ချဲ့လိုက်တယ်။ အဲဒီလိုလုပ်နိုင်ဖို့ မြေအောက်အခန်းတွေနဲ့ မြေထိန်းတံတိုင်းအထူကြီးကို တည်ဆောက်တယ်။ တချို့နေရာမှာ မြေထိန်းတံတိုင်းရဲ့အမြင့်က ၁၆၅ ပေ ရှိတယ်။

ဟေရုဒ်က ဂျူးတွေကို စိတ်မထိခိုက်စေချင်ဘူး။ ဗိမာန်တော်မှာ ဝတ်ပြုမှုနဲ့ ပူဇော်တဲ့အစီအစဉ်တွေကိုလည်း ဆက်ရှိစေချင်တယ်။ အပြင်ကအလုပ်သမားတွေ သန့်ရှင်းတဲ့ဝန်းကျင်ထဲ မဝင်နိုင်အောင် ဂျူးပုရောဟိတ်တွေကို ကျောက်ဆစ်သမားတွေ၊ လက်သမားတွေဖြစ်အောင် ဟေရုဒ် လေ့ကျင့်ပေးခဲ့တယ်လို့ ဂျူးသမိုင်းပညာရှင် ဂျိုစီဖတ်စ်ပြောပြတယ်။

ဗိမာန်တော်ဆောက်လုပ်ရေးမပြီးခင် ဟေရုဒ်ကွယ်လွန်သွားတယ်။ ခရစ်နှစ် ၃၀ မှာ ဗိမာန်တော်ဆောက်တာ ၄၆ နှစ်တောင်ရှိပြီ။ (ယောဟန် ၂:၂၀) ပထမရာစုအလယ်မှာ ဟေရုဒ်ရဲ့မြစ်ဖြစ်သူ အဂရိပ္ပ ၂ က ဗိမာန်တော်ကို အပြီးသတ်ဆောက်လုပ်ခဲ့တယ်။

တမန်တော်ပေါလုကို လူသတ်သမားလို့ မော်လတာကျွန်းသားတွေ ဘာကြောင့် ယူမှတ်ကြတာလဲ

တရားမျှတတဲ့နတ်ဘုရားမက မတရားမှုပြုတဲ့နတ်ဘုရားမကို ရိုက်နှက်

တရားမျှတတဲ့နတ်ဘုရားမက (လက်ဝဲ) မတရားမှုပြုတဲ့နတ်ဘုရားမကို ရိုက်နှက်

မော်လတာကျွန်းသားတချို့က ဂရိဘာသာရေးအယူဝါဒတွေကို ခံယူထားကြတယ်။ မော်လတာကျွန်းမှာ ပေါလုစီးလာတဲ့သင်္ဘော ပျက်သွားပြီးနောက် ဘာတွေဖြစ်သလဲဆိုတာ ​တမန်တော်ကျမ်းမှာပါတဲ့အချက်တွေကို ကြည့်ရအောင်။ ခရီးသည်တွေ အနွေးဓာတ်ရအောင် ဖိုထားတဲ့မီးထဲ ထင်းတစ်စည်းယူပြီး ​ပေါလုထည့်လိုက်တဲ့အခါ မြွေပွေးထွက်လာပြီး သူ့လက်ကို မလွှတ်တမ်းကိုက်ထားတယ်။ ​အဲဒီအခါ ကျွန်းသားတွေက “ဤသူသည် လူသတ်သမားအမှန်ဖြစ်ရမည်။ ​ပင်လယ်ဘေးမှ လွတ်သော်လည်း တရားမျှတခြင်းသည် သူ့ကို ဆက်အသက်ရှင်ခွင့်မပေး” ဘူးလို့ ပြောကြတယ်။—​တမန်တော် ၂၈:၄။

ဒီကျမ်းချက်မှာပါတဲ့ “တရားမျှတခြင်း” ဆိုတဲ့ ဂရိ​စကားလုံးက “ဒိုက်ခီး” ဖြစ်တယ်။ ဒါပေမဲ့ ဂရိပုံပြင်မှာ တရားမျှတခြင်းနတ်​ဘုရားမရဲ့နာမည်ကိုလည်း ဒိုက်ခီး လို့ခေါ်တယ်။ နတ်​ဘုရားမက လူ့အရေးကိစ္စတွေကို ကြည့်ရှုပြီး မထင်ရှားတဲ့ မတရားမှုတွေအတွက် အပြစ်ပေးနိုင်ဖို့ ဂရိနတ်​ဘုရားကြီး ဇုသကို သတင်းပို့တယ်လို့ ဖော်ပြထားတယ်။ ဒါကြောင့် ‘​ပေါလုက ​ပင်လယ်ဘေးကနေ လွတ်မြောက်လာခဲ့ပေမဲ့ သူ့ကို နတ်​ဘုရားမဒိုက်ခီး တေးမှတ်ထားပြီး မြွေပွေးနဲ့အပြစ်ပေးလိုက်တာ’ လို့ မော်လတာကျွန်းသားတွေ ယူဆထားပုံရတယ်ဆိုပြီး စာအုပ်တစ်အုပ်မှာ ရေးထားတယ်။ မြွေပွေးအကိုက်ခံရတဲ့​ပေါလု ဘာမှမဖြစ်တဲ့အခါ ​သူတို့ရဲ့ယူဆချက် ပြောင်းလဲသွားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ