နိုဝင်ဘာလတွင် မည်သို့ပြုခဲ့ပြီနည်း
နိုဝင်ဘာလ၏ စုစုပေါင်းကြေညာသူအရေအတွက်အရ ၁၉၈၉ ဩဂုတ်လတွင် ရခဲ့သည့် နောက်ဆုံးနှူန်းသစ်ထက် ကြေညာသူ ၄၅ ယောက်လျော့နေကြောင်း ထင်ရှားသည်။ ဤလုပ်ငန်းတော်နှစ်အတွင်း ဩဂုတ်လတွင်ရှိခဲ့သော ကြေညာသူ ၁၆၆၃ ယောက် ကိုတစ်ခါမျှ ပြန်မမှီတော့ပါ။ အလွန်ကြိုးစားရကြမည်။ အထူးရှေ့ဆောင်များသည် အလွန်အားနည်းနေသည်။ အထူးရှေ့ဆောင် ၁၆၅ ယောက်ရှိသော်လည်း မှတ်တမ်းတွင် ၁၄၆ ယောက်သာပြနိုင်သည်။ သူတို့အနက် ၁၅ ယောက်လုံးလုံး မည်သို့ဖြစ်ခဲ့သနည်း။ သူတို့နာရီမှတ်တမ်း အလွန်နည်းသည့်အတွက် အချို့ကို အရံရှေ့ဆောင်၊ အချို့ကို ကြေညာသူများစာရင်းတွင် ထည့်ခဲ့ရသည်။