ကြေညာချက်များ
• ဖေဖေါ်ဝါရီလ၌ဝေငှမည့်စာပေ။ ၁၉၂ - မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆို။ မတ်လ။ Revelation Climax စာအုပ်။ ဧပြီနှင့်မေလ။ ကင်းမျှော်စင် နှစ်စဉ်ကြေး။
• အတွင်းရေးမှူးနှင့်လုပ်ငန်းတော်ကြီးကြပ်မှူးသည် မှန်မှန်ရှေ့ဆောင်များ၏လုပ်ငန်းကို ပြန်သုံးသပ်သင့်သည်။ နာရီပြည့်ရန် အခက်အခဲရှိသူတို့အား အကြီးအကဲများကူညီပေးရန် စီစဉ်သင့်သည်။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု အောက်တိုဘာ ၁၉၈၆ ခုနှစ်ထုတ် ကြားညှပ်စာရွက်၊ အပိုဒ် ၁၂-၂၀ ကိုကြည့်ပါ။
• ရှေ့ဆောင်လုပ်ငန်းနှင့်စပ်လျဉ်း၍ အောက်ပါသတိပေးချက်များဖေါ်ပြလိုသည်။
○ မှန်မှန်ရှေ့ဆောင်တစ်ဦးသည် ရှေ့ဆောင်လုပ်ငန်းရပ်စဲလိုက်လျှင် အသင်းတော်ရှေ့ကြေညာသင့်သည်။ ဤသို့လိုရင်းတိုရှင်းကြေညာနိုင်သည်။ “[အမည်] သည်မှန်မှန်ရှေ့ဆောင်မဟုတ်တော့ကြောင်း အသင်းတော်အားသိစေလိုသည်။”
○ မှန်မှန်ရှေ့ဆောင်များအတွက် တစ်နှစ်တာနာရီပန်းတိုင်သည် ၁၀၀၀ နာရီဖြစ်တုန်းပင်။
○ တရားရေးဆုံးမမှုခံရ၍၊ သို့မဟုတ် အသင်းတော်တွင်းပြန်လက်ခံခွင့်ရပြီး၍ တစ်နှစ်ပြည့် မှ အရံ သို့မဟုတ်မှန်မှန် ရှေ့ဆောင်နိုင်ခွင့်ကို ထိုသို့သောကြေညာသူအား ပေးရမည်။—၁၉၈၆ ခု၊ အောက်တိုဘာလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက်၊ အပိုဒ် ၂၁-၂၃ ကိုကြည့်ပါ။
• ဧပြီလ ၂၇ ရက်နေ့တွင် ရန်ကုန်ဗေသလအိမ်ကို သန့်ရှင်းရေးပြုလုပ်မည့်အတွက် ထိုနေ့ရက်တွင် လည်ပတ်လာရောက်ခြင်းနှင့် အသင်းတော်အတွက်လည်းကောင်း၊ ကိုယ်ပိုင်အတွက်လည်းကောင်း ရှေ့ဆောင်များ စာအုပ်စာတမ်းလာယူခွင့်မပြုပါ။
• ၁၉၉၁ မတ်လ ၃၀ စနေနေ့တွင် သတိရအောက်မေ့ပွဲကျင်းပပါမည်။ ဟောပြောချက်ကိုစောစောစလိုလျှင်စတင်နိုင်သော်လည်း သတိရအောက်မေ့ပွဲမုန့်နှင့်စပျစ်ရည်ကိုကား နေဝင်ပြီးချိန် နောက်ပိုင်း၌သာ စတင်သင့်သည် ကိုမမေ့လျော့ကြပါနှင့်။ သင့်ဒေသတွင် အဘယ်အချိန်နေဝင်မည်ကို ဒေသခံသူများအားစုံစမ်းမေးမြန်းပါ။ ထိုနေ့ရက်တွင် လယ်ကွင်းလုပ်ငန်းအတွက်စည်းဝေးခြင်းအပြင် အခြားမည်သည့်အစည်းအဝေးကိုမျှ မပြုလုပ်သင့်ပါ။ တနင်္ဂနွေနေ့ စည်းဝေးအစီအစဉ်များအတွက် အပြောင်းအလဲများမရှိပါ။
• မတ်လနှင့်ဧပြီလတွင် အရံရှေ့ဆောင်လိုသော ကြေညာသူများသည် ယခုပင်လျှင်စီစဉ်ထားပြီး လျှောက်လွှာများကို စောစောတင်ထားသင့်သည်။ ဤသို့ပြုခြင်းဖြင့် လယ်ကွင်းလုပ်ငန်းတော်အတွက်အစီအစဉ်များကို အကြီးအကဲများ လိုအပ်သလိုစီစဉ်နိုင်ပေမည်။ စာအုပ်စာတမ်းအလုံအလောက် မှာယူထားနိုင်ပေမည်။
• ရယူနိုင်သောစာအုပ်စာတမ်းများ။
ရုပ်ပြစာစောင်များ—နိုးလော့၊ “ကြည့်ရှုလော့၊ ငါသည်ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်”၊ ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရ နှင့် ဝေစာနံပါတ် ၁၃၊ ၁၄၊ ၁၅၊ ၁၆။
၁၉၉၁ ခုနှစ်ယေဟောဝါသက်သေများ၏ပြက္ခဒိန်
၁၉၉၁ အသင်းတော်စာအုပ်ကြီးသင်တန်းဆောင်းပါးများ—အပိုင်း ၁
ကျမ်းစာကိုနေ့တိုင်းအစဉ် စေ့စေ့ကြည့်ရှုခြင်း—၁၉၉၁ (မြန်မာ) တစ်အုပ်လျှင် ကျပ် ၁၄/-။