ကြေညာချက်များ
▪ ဩဂုတ်နှင့်စက်တင်ဘာတွင်ဝေငှမည့်စာအုပ်။ ။ မည်သည့် ၁၉၂-မျက်နှာရှိ စာအုပ်ကိုမဆို။ အောက်တိုဘာ။ ပြန်လည်ပတ်မှုတွင် ကင်းမျှော်စင်သို့မဟုတ် နိုလော့အတွက်နှစ်စဉ်ကြေးများနှင့် ယင်းမဂ္ဂဇင်းတစ်စောင်ချင်းစီ ကမ်းလှမ်းမည်။ သင့်တော်သည့်အခါ Mankind’s Search for God စာအုပ်ကို ဝေငှနိုင်ပါသည်။
▪ အသင်းတော်များသည် ၁၉၉၄ ယေဟောဝါသက်သေများ၏ ပြက္ခဒိန်ကို စတင်မှာယူနိုင်ပါသည်။
▪ ဩဂုတ် ၂၇ မှ စက်တင်ဘာ ၁ အတွင်း အသင်းမသည် စာပေစာတမ်းများကို စာရင်းစစ်ချက်ပြုလုပ်ပါမည်။ ယင်းကြောင့် ထိုနေ့ရက်များအတွင်း စာအုပ်များ ပို့ပေးခြင်း၊ ထုတ်ပေးခြင်းရှိမည်မဟုတ်ပါ။
▪ အသင်းတော်တိုင်း စာအုပ်စာတမ်းစာရင်းပုံစံစာရွက်သုံးခုစီ ရကြမည်ဖြစ်၍ ကန်ပိန်းစာတမ်းများအရေအတွက်ကို အတိအကျရေတွက်သင့်သည်။ ပုံစံစာရွက်များကို အပြည့်အစုံဖြည့်စွက်ပြီး ၁၉၉၃ စက်တင်ဘာ ၆ ရက်နေ့ကို နောက်ဆုံးနေ့စွဲထားကာ မူရင်းပုံစံကို ကျွန်ုပ်တို့ထံ ပို့ပေးပါ။ မိတ္တူပုံစံကို သင့်ဖိုင်တွဲများတွင် သိမ်းဆည်းထားပါ။ တတိယပုံစံစာရွက်ကိုကား တွက်ချက်မှုအတွက် ပို့ပေးထားပါသည်။
▪ အသင်းတော်တိုင်းထံသို့ ၁၉၉၄ လုပ်ငန်းတော်နှစ်အတွင်းအသုံးပြုရန် ပုံစံစာရွက်အလုံအလောက် ပို့ပေးနေပါသည်။ ဤပုံစံစာရွက်များကို မဖြုန်းတီးသင့်ပါ။ ရည်ရွယ်ထားသည့်အတိုင်းသာ ယင်းတို့ကို အသုံးပြုသင့်သည်။
▪ ကင်းမျှော်စင်နှင့်နိုးလော့အတွက် ကိုယ်ပိုင်နှင့်နှစ်စဉ်ကြေးအသစ်၊ နောက်တစ်နှစ်အတွက် ပြန်ယူခြင်းတို့ကို အသင်းတော်နှင့်ပေါင်းသင်းသူများသည် အသင်းတော်မှတစ်ဆင့် ပို့ပေးရမည်။
▪ ကြေညာသူတစ်ဦးချင်းစီ တောင်းခံသည့် စာအုပ်စာတမ်းများကို အသင်းမဖြည့်စွက်ပေးမည်မဟုတ်ပါ။ တစ်မျိုးမျိုးကို အလိုရှိလျှင် စာအုပ်စာတမ်းအမှုထမ်းကိုအကြောင်းကြားလျှင် သူသည် အသင်းတော်၏ လစဉ်မှာယူသည့်တောင်းခံစာရင်းတွင် ထည့်သွင်းမှာယူပေးပါလိမ့်မည်။ စာအုပ်စာတမ်းတာဝန်ခံညီအစ်ကိုအား အသိပေးနိုင်ရန် ကိုယ်ပိုင်ရလိုသောစာပေရှိမရှိ ဦးစီးကြီးကြပ်မှူးသည် လစဉ်ကြေညာပေးရန် စီစဉ်ပေးပါမည်။
▪ ၁၉၉၃ စက်တင်ဘာ ၁ မှန်မှန်ရှေ့ဆောင်ရန် ကြံရွယ်သောကြေညာသူများသည် ချက်ချင်း လျှောက်လွှာတင်သင့်သည်။ ဩဂုတ်လမကုန်မီ လျှောက်လွှာများကို အသင်းမထံ ပို့ပေးသင့်ပါသည်။
▪ အသင်းတော်အတွင်းရေးမှူးသည် စာအုပ်စာတမ်းအမှုထမ်းနှင့် ဩဂုတ်လအစောပိုင်းတွင် တွေ့ဆုံကာ လကုန်တွင် အသင်းတော်ရှိ စာအုပ်စာတမ်းစာရင်းကိုယူဖို့ နေ့ရက်သတ်မှတ်ထားသင့်သည်။ ရှိသည့်စာအုပ်စာတမ်းများကို ရေတွက်ပြီး စုစုပေါင်းအရေအတွက်များကို စာအုပ်စာတမ်းစာရင်းပုံစံ (အက်စ် (ဒီ)-၁၈) တွင် ရေးမှတ်သင့်သည်။ ယင်းကို စက်တင်ဘာ ၆ ရက်နေ့မတိုင်မီ အသင်းမထံပို့ပေးသင့်သည်။ ဤစာရင်းကို အတွင်းရေးမှူး စစ်ဆေးရမည်။ ဦးစီးကြီးကြပ်မှူးက စစ်ဆေးပြီး လက်မှတ်ရေးထိုးရမည်။ မဂ္ဂဇင်းများ မည်မျှရှိကြောင်းကို မဂ္ဂဇင်းအမှုထမ်းအား စုံစမ်းနိုင်သည်။
▪ အသင်းတော်စစ်ချက်မှတ်တမ်းပုံစံ (အက်စ်-၁၀) ကိုအသင်းတော်အတွင်းရေးမှူးသည် မှတ်တမ်းသွင်းပါမည်။ ယင်းမှတ်တမ်းကို စုစည်းပေးရန် အကူအညီပေးနေသော အကြီးအကဲ၊ သို့မဟုတ် ဓမ္မအမှုထမ်းကို အသေအချာ မှာကြားပေးပါမည်။ အသင်းတော်ကြေညာသူမှတ်တမ်းကတ်ပြား (အက်စ်-၂၁) မှလိုအပ်သောအချက်အလက်များကို တိကျစွာတင်ပြနိုင်ရန် ယင်းက အကူအညီပေးပါလိမ့်မည်။ အသင်းတော်စစ်ချက်မှတ်တမ်းပုံစံ (အက်စ်-၁၀) ကို တိတိကျကျဖြည့်စွက်ပေးရမည်။ လုပ်ငန်းတော်ကော်မီတီသည် အသေအချာစစ်ဆေးသင့်သည်။
၁၉၉၃ ခရိုင်စည်းဝေးကျင်းပမည့်နေရာနှင့်ရက်စွဲ
ရန်ကုန် နိုဝင်ဘာ ၄—၇ (ဂန္ဓခန်းမ)
တာဟန်း နိုဝင်ဘာ ၂၅—၂၈ (အစည်းအဝေးခန်းမ)
ဟားခါး ဒီဇင်ဘာ ၉—၁၂ (နေရာအတိအကျမသိသေး)
ပြင်ဦးလွင်(ယာယီ) ဒီဇင်ဘာ ၂၃—၂၆