ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၃ စာ. ၅-၆
  • သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်စစ်ဆေးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်စစ်ဆေးခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နဓ ၁၂/၉၃ စာ. ၅-၆

သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်စစ်ဆေးခြင်း

၁၉၉၃၊ စက်တင်ဘာ ၆ မှ ဒီဇင်ဘာ ၂၀ ရက်အပတ်အတွင်း သီအိုကရက်တစ် ဓမ္မအမှုကျောင်း တာဝန်များတွင် လေ့လာခဲ့သော အကြောင်းအရာများကို စာအုပ်ပိတ်ပြန်လည်စစ်ဆေးခြင်း။ ကန့်သတ်ထားသည့်အချိန်အတွင်း သင်ဖြေဆိုနိုင်သမျှမေးခွန်းများ၏အဖြေများကို ရေးချရန် သီးခြားစာရွက်တစ်ရွက်ကို အသုံးပြုပါ။

[မှတ်ချက်– ရေးဖြေစစ်ဆေးချိန်တွင် မည်သည့်မေးခွန်းကိုမဆို ဖြေဆိုရာ၌ ကျမ်းစာကိုသာ အသုံးပြုပေမည်။ မေးခွန်းနောက်ရှိ ရည်ညွှန်းချက်များသည် သင့်ကိုယ်ပိုင်ရှာဖွေလေ့လာမှုအတွက်ဖြစ်သည်။ ကင်းမျှော်စင် ရည်ညွှန်းချက်အားလုံး၌ စာမျက်နှာနှင့် အပိုဒ်နံပါတ်များပါမည်မဟုတ်ချေ။]

အောက်ပါမေးခွန်းများ မှားကြောင်းမှန်ကြောင်း ဖေါ်ပြပါ။

၁။ ဧဇရမှတ်စာသည် ဟေဗြဲကျမ်းများကိုစုစည်း၍ လုံးချင်းအဖြစ် ပေါင်းစုသည့်အချိန်အထိ ဂျူးတို့နှင့် ယေဟောဝါ၏ဆက်ဆံရေးအကြောင်း ဖော်ပြထားသည်။ [၁၁၊ ကမ ၈၀/၇]

၂။ နေဟမိကျမ်းနှင့် ဧဇရကျမ်းတို့သည် အစက တစ်ကျမ်းတည်းဖြစ်ပြီး ဧဇရကျမ်းဟု ခေါ်တွင်သည်။ [၁၄၊ ကမ ၈၄/၃]

၃။ ဟောပြောချက်ပေးစဉ် တစ်ချိန်လုံး စိတ်တက်ကြွလွန်းမနေလျှင် ကောင်းပါသည်။ [၃၊ ကည ၁၅၄/၆]

၄။ ယုဒနိုင်ငံပျက်စီးခြင်းမှ ခ.သ.မ. ၅၃၇ ခုနှစ်တွင် စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်ထူထောင်ခြင်းအထိ နှစ်ပေါင်း ၇၀ တင်းတင်းရှိကြောင်း ရာဇဝင်ချုပ်ဒုတိယစောင်၏ နိဂုံးအခန်းငယ်များက သက်သေထူသည်။[၁၀၊ ကမ ၇၆/၃၅]

၅။ စည်းဝေးများတွင် မှန်မှန်အဖြေပေးခြင်းက လူအုပ်ရှေ့ စကားပြောဆိုရန် အကျင့်ရစေပါမည်။ [၁၂၊ ကည ၁၇၄/၁၄]

၆။ “ဒန့်အနွယ်သမီး” သည် ဒန်အမျိုးသားနှင့်လည်း ထိမ်းမြားသူဖြစ်သည်။ (၆ ရာ. ၂:၁၄၊ သမ) [၁၊ ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း။ က၇၉ ၄/၁၅ စ.၃၁ (လိပ်) ရှု။]

၇။ အာသမင်းသည် မီးသင်္ဂြိုဟ်ခံရကြောင်း ရာဇဝင်ချုပ် ဒုတိယစောင် ၁၆:၁၄ ကတင်ပြပါသည်။ [၄၊ ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၇၆ စ.၄၁၆ (လိပ်) ရှု။]

၈။ လုကာ ၁၁:၅၀ တွင် ယေရှုသည် ယောယဒသား ဇာခရိအား ခဲနှင့်ပေါက်သတ်ခြင်းကို ရည်ညွှန်းနေခြင်း ဖြစ်မည်။ (၆ ရာ၊ ၂၄:၂၀၊ ၂၁) [၆၊ ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၈၁ ၄/၁ စ.၂၃]

၉။ ယေဟောဝါသက်သေ မည်သူမဆိုသည် သတိရအောက်မေ့ပွဲကို မတက်ဖြစ်ဘဲရှိလျှင် နောက်ရက်ပေါင်း ၃၀ အကြာတွင် ကျင်းပသင့်သည်။ (၆ ရာ၊ ၃၀:၂) [၈၊ ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၈၅ ၂/၁၅ စ.၃၁ (လိပ်)]

၁၀။ ပြည်နှင်ခံရသူဂျူးများသည် “သတ္တမလ” သို့မဟုတ် ဘီ.စီ.အီး. ၅၃၇ အောက်တိုဘာ ၁ ရက်ခန့်တွင် သူတို့၏ပြည်တော်၌ ပြန်လည်အခြေချကြသည်။ (ဧဇ. ၃:၁) [၁၁၊ ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; ကမ ၄၃၅/၂၉]

အောက်ပါမေးခွန်းများကို ဖြေဆိုပါ။

၁၁။ လျောက်ပတ်သောအချိန်ရှိ ဟောပြောချက်တစ်ခု၏ အဓိကအခြေခံကား အဘယ်နည်း။ [၉၊ ကည ၁၇၀/၂၅]

၁၂။ အဘယ်ဗိမာန်တော်သည် မြေကြီးဆိုင်ရာဗိမာန်များထက် ဘုန်းကျက်သရေရှိသနည်း။ [၁၃၊ ကမ ၈၁/၁၆]

၁၃။ အသံပြောင်းလဲခြင်းကား အဘယ်နည်း။ [၂၊ ကည ၁၅၁/၁၁]

၁၄။ ဥပမာတစ်ခု၏ သက်ဆိုင်ပုံကို အဘယ်ကြောင့် ရှင်းလင်းစေသင့်သနည်း။ [၅၊ ကည ၁၅၉/၁၀]

၁၅။ ဟောပြောသူသည် အချိန်လွန်သွားလျှင် သူ၏နိဂုံးအပေါ် မည်သည့် ထိခိုက်မှုဖြစ်မည်နည်း။ [၉၊ ကမ ၁၆၈/၁၆]

၁၆။ လူထုရှေ့ ပြုသောဆုတောင်းချက်များကို အသံသွင်းထားခြင်းသည် အဘယ်ကြောင့် မမှားသနည်း။ (၆ ရာ၊ ၃၃:၁၈) [၉၊ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; က၇၈ ၁/၁ စ.၃၂ (လိပ်) ရှု]

၁၇။ အာသနပ္ပာ၏အမည်ကို လောကီသမိုင်း၌မည်သို့ခေါ်ဆိုသနည်း။ (ဧဇ. ၄:၁၀) [၁၂၊ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; က၈၈ ၂/၁၅ စ.၂၈ (လိပ်) ရှု]

၁၈။ တစ်ပါးအမျိုးသားမိန်းမများနှင့် သူတို့၏သားသမီးများကို အဘယ်ကြောင့် စွန့်ပယ်ခဲ့ရသနည်း။ (ဧဇ. ၁၀:၃၊ ၄၄) [၁၃၊ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; က၈၅ ၁၁/၁ စ.၂၄ ရှု]

၁၉။ “အာတဇေရဇ်မင်းကြီး၏ နန်းစံနှစ်ဆယ်” အချိန်ကား အဘယ်ခုနှစ်တွင်နည်း။ (နေ. ၂:၁) [၁၄၊ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; က၉၂ ၁၀/၁ စ.၁၁ ]

၂၀။ ပညတ္တိကျမ်းကိုမည်သို့၏ ‘အနက်ပြန်’ ခဲ့သနည်း။ (နေ. ၈:၈) [၁၆၊ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; က၈၅ ၁၂/၁ စ.၂၀ ရှု]

၂၁။ ဟောပြောချက်တွင်အသုံးပြုသည့် အဘယ်ဥပမာမဆို မည်သို့အမှန်ဖြစ်သင့်သနည်း။ [၆၊ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; ကည ၁၆၁/၂၀]

အောက်ပါဝါကျများကို ပြီးပြည့်စေရန် လိုအပ်သောစကားလုံး သို့မဟုတ် စကားစုများကို ထည့်ပေးပါ။

၂၂။ ဗာဗုလုန်နိုင်ငံတွင် သုံ့ပန်းအဖြစ်ခံရပြီးနောက် သစ္စာရှိအကြွင်းအကျန်ဂျူးများသည် - ခုနှစ်တွင် ယဇ်ပလ္လင်တည်ဆောက်ပြီး ယဇ်ကောင်များ ပူဇော်ခဲ့သည်။ [၁၁၊ ကမ ၇၈/၃]

၂၃။ ဟောပြောသူသည် ပရိသတ်အပေါ် ဖော်ရွေသောစိတ်ထားရှိမည်ဆိုလျှင် သူ၏- ပေါ် ထင်ရှားသင့်သည်။[၄၊ ကည ၁၅၆/၁၃]

၂၄။ ကျွန်ုပ်တို့ဓမ္မအမှုတွင် သီအိုကရက်တစ်အခေါ်အဝေါ်များကို အသုံးပြုမည်ဆိုလျှင် ယင်းတို့ကို - ရန် အရေးကြီးသည်။ [၇၊ ကည ၁၆၂/၅]

၂၅။ နိဂုံး၏ရည်ရွယ်ချက်ကား - [၈၊ ကည ၁၆၅/၄]

၂၆။ ဟောပြောသူသည် ဟောပြောစင်ကို - သင့်ပါ။[၁၅၊ ကည ၁၇၅/၂၆]

၂၇။ ၁ တိမောသေ ၃:၁ နှင့်အညီ ညီအစ်ကိုများသည် - ခြင်းအားဖြင့် လိုအပ်သည့်နေရာတွင် အသုံးခံနိုင်ပါသည်။ [၁၆၊ ကည ၁၇၉/၁၀]

အောက်ပါဝါကျများတွင် အဖြေမှန်ကို ရွေးပေးပါ။

၂၈။ ဧဇရသည် ရာဇဝင်ချုပ်ကို ဘီ.စီ.အီး. (ခ. ၅၁၅; ခ. ၄၆၀; ခ. ၅၃၇) တွင်အဆုံးသတ်ရေးသားခဲ့သည်။ [၁၊ ကမ ၇၃/၁]

၂၉။ နေဟမိသည် ပေရသိဘုရင် (ကုရု; ဇေရဇ်; အာတဇေရဇ်] လက်ထက်တွင် အမှုထမ်းခဲ့သည်။ [၁၄၊ ကမ ၈၃/၁]

၃၀။ ကျင်းပခဲ့သော “ပွဲတော်” ကား (သကေနေ (တဲတော်); ခုနစ်သီတင်းပွဲ; သကေနေ (တဆေးမဲ့မုန့်) ပွဲတော်ကို ဆိုလိုသည်။ (၆ ရာ. ၇:၈) [၂၊ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; pm p 53 ရှု။]

အောက်ပါဝါကျများနှင့် သက်ဆိုင်ရာ ကျမ်းချက်များကို ပူးတွဲပေးပါ။

၆ ရာ. ၉:၉; ၆ ရာ. ၁၉:၇; ၆ ရာ. ၂၈:၁၆၊ ၂၀၊ ၂၁; ၆ ရာ. ၃၆:၂၀၊ ၂၁; နေ. ၅:၇

၃၁။ လောကနှင့် မလိုအပ်ဘဲ ပူးပေါင်းခြင်းသည် အန္တရာယ်ရှိစေနိုင်သည်။ [၇၊ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; က၈၅ ၈/၁ စ.၂၂ ရှု။]

၃၂။ လာဘ်ထိုးလာဘ်စားခြင်းအပေါ် အမြင်မှန်ရှိခြင်းနှင့်ပတ်သက်၍ ယေဟောဝါကိုယ်တော်တိုင် စံချိန်ချမှတ်ထားတော်မူသည်။ [၅၊ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; က၈၆ ၁၀/၁ စ.၃၀ (လိပ်) ရှု။]

၃၃။ ဝတ်ပြုရာ ၂၅:၃၆ နှင့် တရားဟောရာ ၂၃:၁၉ ပါ ယေဟောဝါ၏ပညတ်ချက်အရ ဤအမှုသည် တိုက်ရိုက်ကျူးလွန်ခြင်းဖြစ်ပါသည်။ [၁၅၊ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; က၈၅ ၁၂/၁ စ.၁၉ ရှု။]

၃၄။ အမေရိကန်ဒေါ်လာ ၅၀,၀၀၀,၀၀၀ ကျော်တန်ဖိုးရှိ လက်ဆောင်ဖြစ်သည်။ [၃၊ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; န၈၇ ၁၁/၂၂ စ.၄ (လိပ်) ရှု။]

၃၅။ ဗာဗုလုန်နိုင်ငံတွင် ဣသရေလလူမျိုးသည် အနှစ် ၇၀ သုံ့ပန်းအဖြစ်သို့ရောက်ခဲ့ရသည့် အကြောင်းတစ်ကြောင်းမှာ ဘုရားသခင်၏ ဥပုသ်ပညတ်များကို ချိုးဖောက်ခဲ့သောကြောင့် ဖြစ်သည်။ [၁၀၊ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; န၇၉ ၉/၂၂ စ.၉ (လိပ်) ရှု။]

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ