ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၉၄ စာ. ၃
  • လူငယ်များအမေး စာအုပ်ကို ဝေငှ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူငယ်များအမေး စာအုပ်ကို ဝေငှ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူငယ်များ သူတို့၏ဖန်ဆင်းရှင်ကိုအောက်မေ့ရန် ကူညီပေးနိုင်သည့်လက်နက်တစ်ခု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဘုရားသခင့်နှုတ်ကပါဌ်တော်သည် လမ်းညွှန်မှုပေး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • လူငယ်များ—ယေဟောဝါ၏နှလုံး ရွှင်လန်းစေလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ယနေ့ လူငယ်များအတွက် အကူအညီ
    နိုးလော့!—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နဓ ၃/၉၄ စာ. ၃

လူငယ်များအမေး စာအုပ်ကို ဝေငှ

၁ ဗျာဒိတ်၏အထွတ်အထိပ် စာအုပ်ကို ဤလတွင် အထူးဝေငှကြမည်ဖြစ်သော်လည်း လူငယ်များအား စိတ်အနှောင့်အယှက်ပေးနေသော ပြဿနာများကြောင့် စိုးရိမ်မကင်းဖြစ်သူ မိဘတစ်ဦး သို့မဟုတ် လူငယ်တစ်ဦးနှင့် ဆွေးနွေးခဲ့လျှင် လူငယ်များအမေးစာအုပ်ကို ဝေငှရန် ဆုံးဖြတ်လိုပေမည်။

၂ ဤကဲ့သို့ပြောဆိုရန် သင့်တော်ကြောင်း တွေ့ရှိပေမည်–

▪ “ဒီလိုဒုက္ခကာလမှာ ကြီးပြင်းလာရတာ မလွယ်ဘူး။ အရေးတကြီးဆုံးဖြတ်စရာလိုတဲ့ အခြေအနေအသစ်အဆန်းတွေကို လူငယ်တွေရင်ဆိုင်ကြရတယ်။ ‘အရက်သောက်သင့်သလား။ မူးယစ်ဆေးဝါး သုံးရမလား။ လိင်ခြားသူနှင့် ဘယ်လိုပြုမူတာဟာ တော်လျော်တဲ့အကျင့်လို့ ဆိုမလဲ။’ ဒီအခြေခံအကြောင်းတွေကို လူငယ်များ မေးကြတဲ့အခါ ဆန့်ကျင်ဘက်အဖြေတွေ မကြာခဏရတတ်ကြတယ်။ အကြံဉာဏ်ကောင်းရဖို့ သူတို့ ဘယ်သူတွေကို အကူအညီတောင်းတတ်တယ်လို့ထင်သလဲ။ [ဖြေဆိုပါစေ။] ဒီစာအုပ် လူငယ်များအမေး—တာသွားသည့်အဖြေက အတော်အကူအညီပေးပါတယ်။ [အကြောင်းမျိုးစုံတင်ပြထားသည့် မာတိကာကို ဂရုပြုစေပါ။] တည့်မှန်ပွင့်လင်းပြီး ယုတ္တိရှိတဲ့အဖြေတွေကို လူငယ်တွေ ရချင်ကြတယ်။ ဒီစာအုပ်မှာပါတဲ့ အဖြေတွေဟာ ကျမ်းစာမှာပြောတဲ့အတိုင်းပဲ။”

၃ သင်အသုံးပြုနိုင်မည့် နောက်ထပ်တင်ဆက်ပုံကား ဤသို့–

▪ “ယနေ့ လူငယ်တွေ အမျိုးမျိုးဖိစီးခံနေကြရတယ်။ ဒါတွေကို အောင်မြင်အောင်ရင်ဆိုင်နိုင်ဖို့ သူတို့ အကူအညီလိုနေတယ်။ သူတို့ကို အတတ်နိုင်ဆုံးကူညီပေးဖို့ ကြိုးစားတဲ့အခါ လက်တွေ့ကျတဲ့ လမ်းပြမှုကို ရှာယူကြမယ်မဟုတ်လား။ [ဖြေဆိုပါစေ။] သူတို့အတွက် ဖိစီးမှုအပြင်းထန်ဆုံးဟာ တခြားရွယ်တူသက်တူလူငယ်တွေဖြစ်တယ်။ ဒီစာအုပ်ရဲ့ စာမျက်နှာ ၇၆ နဲ့ ၇၇ ပါရုပ်ပုံတွေကိုသတိပြုပါ။ [ဤရုပ်ပုံများပါ စာတန်းများနှင့် စာမျက်နှာ ၇၇ ပါ စာလုံးစောင်းအပိုဒ်များကို အာရုံပြုစေပါ။] ဒီအခန်းကို ဖတ်ကြည့်လိုက်ရင် ရိုးသားပြီး တာသွားမဲ့အဖြေတွေကို အကြမ်းဖျင်းဖော်ပြထားတာ တွေ့ရလိမ့်မယ်။”

၄ ဤအချိန်အခါသည် အထူးသဖြင့် လူငယ်များအတွက် “ခဲယဉ်းသောကာလ” ဖြစ်ပါသည်။ (၂ တိ. ၃:၁) လူငယ်များအမေးစာအုပ်က ယနေ့စိန်ခေါ်ချက်များကို လူငယ်တစ်ဦး အောင်မြင်စွာရင်ဆိုင်နိုင်ရန် အမှန်အကူအညီပေးနိုင်ပါသည်။ ၃၉ ခန်းစလုံးတွင် ရုပ်ပုံများစွာပါပြီး ဆောင်းပါးများမှာလည်း အမှန်ယုတ္တိရှိ၍ လက်တွေ့ကျပါသည်။ ထိုကြောင့် အခွင့်အရေးရတိုင်း ဤကောင်းမွန်သောစာအုပ်ကိုအသုံးပြုရန် နိုးနိုးကြားကြားရှိပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ