ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၉၄ စာ. ၁
  • ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် တန်ခိုးရှိသည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် တန်ခိုးရှိသည်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းမှ အကျိုးခံစားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • သမ္မာကျမ်းစာ —ဖတ်ရှုရမည့်စာအုပ်တစ်အုပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ကျမ်းစာဖတ်တဲ့အခါ အကျိုးအပြည့်အဝ ရနိုင်ပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ကျမ်းစာဖတ်ခြင်း—အကျိုးဖြစ်ထွန်း၍ ပျော်ရွှင်မှုရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နဓ ၁၁/၉၄ စာ. ၁

ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် တန်ခိုးရှိသည်

၁ သမ္မာကျမ်းစာသည် သန်းပေါင်းများစွာသောသူတို့၏အသက်တာဘဝကို များစွာလွှမ်းမိုးခဲ့ပေပြီ။ လူသားထုတ်နုတ်နိုင်သည့် မည်သည့်အရာထက်မဆို ယင်း၏စကားများသည် ပိုမိုလှုံ့ဆော်တိုက်တွန်းပေးနိုင်ပါသည်။ (ဟေဗြဲ ၄:၁၂) ယင်းက ကျွန်ုပ်တို့အတွက် ပြုခဲ့သမျှကို ကြည့်ရှုပါလေ။ ယင်း၏တန်ဖိုးသည် အမှန်တကယ်ပင် ပြိုင်စံရှားသည်။

၂ ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာကိုလေ့လာပြီး ထောက်ခံသူတို့တွင် အထင်ရှားဆုံးဖြစ်သည်။ ကျမ်းစာဖတ်ရှုခြင်းကို ကျွန်ုပ်တို့၏သီအိုကရက်တစ်အစီအစဉ်တွင် အဓိကနေရာ၌ ထားသင့်သည်။ ယင်းကို ရုပ်မြင်သံကြားကြည့်ခြင်းနှင့် အခြားအပန်းဖြေမှုများထက် ဦးစားပေးသင့်သည်။

၃ ယင်းကို အကျင့်ဖြစ်စေပါ– ယေဟောဝါ၏လူမျိုးသည် ကျမ်းစာမှန်မှန်ဖတ်ရှုခြင်း၏ တန်ခိုးပါသောသြဇာကို တန်ဖိုးထားလာပေပြီ။ “ဘုရားသခင်၏နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို နေ့တိုင်းဖတ်ပါ” ဟူသော ကျွန်ုပ်တို့၏ဘရုတ်ကလင် ပုံနှိပ်တိုက်များအနက် တိုက်တစ်တိုက်ပေါ်တွင် ဖြတ်သွားဖြတ်လာသူတို့အား တိုက်တွန်းသည့် ဆိုင်းဘုတ်ကြီးတစ်ခုရှိသည်မှာ နှစ်ချီခဲ့ပြီ။ ဗေသလမိသားစုဝင်ခါစ လူသစ်များသည် သူတို့၏ ဗေသလလုပ်ငန်း ပထမနှစ်တွင် ကျမ်းစာတစ်အုပ်လုံးကို ဖတ်ပြီးရန် တာဝန်ရှိသည်။ သင်သည် အလွန်အလုပ်များနေသည့်ကြားမှပင် သီအိုကရက်တစ် ဓမ္မအမှုကျောင်းအစီအစဉ်တွင် ဖော်ပြထားသော ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းကို ပြုလုပ်နေပါသလော။

၄ ယင်းကိုပြုလုပ်ရန် အခက်အခဲတွေ့နေမည်ဆိုလျှင် နိုဝင်ဘာလအတွင်း ယင်းကိုပြုပြင်ဖို့ကြိုးစားပါ။ ဤတစ်လလုံးအတွက် ကျမ်းစာဖတ်ရှုခြင်းသည် ဆာလံ ၉၅-၁၀၉ ဖြစ်၍ တစ်ပတ်အတွင်း သုံးလေးမျက်နှာခန့်သာဖတ်ရန်လိုသည်။ အချို့က နံနက်စောစော သို့မဟုတ် ညအိပ်ရာမဝင်မီ နေ့စဉ် နည်းနည်းစီ ဖတ်ရှုရန် ရွေးချယ်ကြသည်။ မည်သည့်နည်းကိုပင် သင်အသုံးပြုစေကာမူ အရေးကြီးသည်ကား ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်ဖတ်ရှုခြင်းအားဖြင့် ကောင်းကျိုးများကို သင်ခံစားရမည်ဖြစ်သည်။

၅ နိုဝင်ဘာအတွင်း သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း ကိုဝေငှလေ– သမ္မာကျမ်းစာကို တန်ဖိုးထားလေးစားသူ မြောက်မြားစွာရှိနေတုန်းပင်ဖြစ်၍ ယင်းမှ ဖတ်ရှုပြသည့်အခါ နားထောင်ရန် အသင့်ရှိကြပါသည်။ တစ်အိမ်မှတစ်အိမ် သက်သေခံခြင်းလုပ်ငန်းတွင်၊ ပြန်လည်ပတ်မှုများတွင်၊ အိမ်တွင်းကျမ်းစာသင်အံမှုများတွင် သမ္မာကျမ်းစာကို အမြဲအသုံးပြုပါ။ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ကျမ်းချက်အနည်းဆုံးတစ်ချက်နှစ်ချက်ကို အိမ်တိုင်း၌ ဖတ်ပြရန် ကြိုးစားပါ။ ယင်းသို့ပြုခြင်းက စိတ်နှလုံးရိုးသားသူများအား ဘုရားသခင့်နှုတ်ကပါဌ်တော်၏တန်ဖိုးကို တင်ပြရန် အခွင့်ကောင်းဖြစ်သည်။ ယင်းသို့ပြုရာတွင် အားတက်သရောရှိပါ။

၆ “ဆွေးနွေးရန် ကျမ်းစာအကြောင်း” မှအကြောင်းတစ်ခုကို သင်ပြောဆိုတင်ပြကာ သင်ဝေငှမည့်စာပေနှင့် ဆက်စပ်ပေးနိုင်သည်။ ဟောပြောတင်ဆက်နေစဉ် အိမ်ရှင်၌ သမ္မာကျမ်းစာရှိလျှင် ကျမ်းချက်ကိုဖွင့်ဖတ်နိုင်ရန် ကူညီပေးပါ။ ကျမ်းစာမရှိပါက သင့်ကျမ်းစာတွင် လိုက်ကြည့်ရန် အားပေးပါ။

၇ အင်္ဂလိပ်ကျမ်းစာအုပ်ကို သင်အသုံးပြုနေပါက ကမ္ဘာသစ်ဘာသာပြန်ကျမ်းသည် ခေတ်သုံးအင်္ဂလိပ်ဘာသာစကားဖြင့် ရေးသားထားပြီး နားလည်ရလွယ်ကူကြောင်း သိစေပါ။ King James Version နှင့် နှိုင်းယှဉ်ပြရန် စိတ်ဝင်စားစရာ ကျမ်းချက်အချို့မှာ ၁ ကောရိန္သု ၁၀:၂၅ နှင့် ၁၆:၂၂ တို့ဖြစ်သည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းသည် ဘုရားသခင်၏နာမတော် ယေဟောဝါကို အကြိမ်ပေါင်း ၇,၂၁၀ အသုံးပြုထားသည်။

၈ မှန်ပါသည်၊ သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပါဌ်တော်ဖြစ်သည်။ ယင်းကို ကျွန်ုပ်တို့ဖတ်ရှုမည်၊ ယုံကြည်မည်၊ ယင်း၏သြဝါဒကို ကျွန်ုပ်တို့ဘဝအသက်တာတွင် လိုက်နာကျင့်သုံးမည်ဆိုလျှင် ကြီးစွာသောအကျိုးကျေးဇူးတို့ကို ခံစားရပါလိမ့်မည်။ ကျွန်ုပ်တို့အား ဆုံးမသြဝါဒပေး၍ မျှော်လင့်ချက်ရှိစေရန် ယင်းကိုရေးသားထားခြင်းဖြစ်သည်။ (ရော. ၁၅:၄) ၎င်းကို နေ့စဉ်ဖွင့်ဖတ်ပြီး သူတစ်ပါးကို သွန်သင်ပေးရာတွင် အသုံးပြုရန် အသင့်ရှိဖို့ အရေးကြီးသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ