ကြေညာချက်များ
▪ ဒီဇင်ဘာအတွင်းအသုံးပြုရန်စာပေ– ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆို။ ဇန်နဝါရီ– အသင်းတော်တွင်ရှိမည့် ၁၉၈၂ နှစ်မတိုင်မီက ထုတ်ဝေခဲ့သော ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆို။ စာအုပ်ဟောင်းများမရှိသော အသင်းတော်များသည် စစ်မှန်သောငြိမ်းချမ်းရေးနှင့်လုံခြုံမှု—ယင်းကိုမည်သို့ရှာတွေ့နိုင် စာအုပ်ကိုဝေငှမည်။ ဖေဖော်ဝါရီ– သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်ကို ဝေငှမည်။ တကယ်စိတ်ဝင်စားသူတို့ထံ ပြန်လည်ပတ်မှုပြုလုပ်ချိန်တွင် ယင်းစာအုပ်ကို ဝေငှသင့်သည်။ ယင်းစာအုပ်ဖြင့် သူတို့နှင့် ကျမ်းစာသင်အံမှုများစတင်ရန် ကြိုးစားသင့်သည်။ မတ်– မည်သည့်ဘရိုရှာမဆို။
▪ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးထားသူသည် အသင်းတော်စာရင်းအင်းကို ဒီဇင်ဘာ ၁ သို့မဟုတ် စောနိုင်သ၍စောစောစစ်ဆေးပါမည်။ ပြီးသည့်အခါ အသင်းတော်အားကြေညာပါ။
▪ ၁၉၉၆ ခုနှစ်အတွက် သတိရအောက်မေ့ပွဲသည် ဧပြီ ၂ ရက်၊ အင်္ဂါနေ့ နေဝင်ပြီးချိန်တွင်ဖြစ်သည်။