ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၉၅ စာ. ၁-၇
  • များစွာပေးထား—များစွာတောင်းဆိုထား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • များစွာပေးထား—များစွာတောင်းဆိုထား
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းသောအလုပ်တိုင်းကို စိတ်လိုကိုယ်လျောက်ဆောင်ရွက်ရန် မိမိကိုယ်ကိုဆက်သခြင်း
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ကျွန်ုပ်တို့ကြွေးကြော်ရမည့် သတင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၃/၉၅ စာ. ၁-၇

များစွာပေးထား—များစွာတောင်းဆိုထား

၁ သမ္မာတရားရရှိထားသည့်အတွက် ကျွန်ုပ်တို့ အမှန်ပင်မျက်နှာသာပေးခံရသည်! ယေဟောဝါထံ မိမိကိုယ်ကိုဆက်ကပ်အပ်နှံထားသည့်အတွက် ကျွန်ုပ်တို့သည် “ဝမ်းမြောက်ဖွယ်သတင်းတရားကို လွှဲအပ်ခံ” ရသည်။ (၁ သက်. ၂:၄၊ သမ္မာ) ယင်းကြောင့် ကျွန်ုပ်တို့တာဝန်ပိုကြီးလာသည်။ ယေရှုက ဤသို့ဆိုသည်– “အကြင်သူ၌ များစွာသောဥစ္စာကို အပ်နှင်း၏၊ ထိုသူကို များစွာတောင်းလိမ့်မည်။”—လုကာ ၁၂:၄၈ခ။

၂ ယင်းစကားများသည် တကယ်မှန်ကန်သည်! ကျွန်ုပ်တို့အားလုံး ဘုရားသခင့်နှုတ်ကပါဌ်တော်မှ အသိပညာကိုရထားခြင်း၊ ညီအစ်ကိုများအသင်းအပင်းနှင့် ပေါင်းသင်းခြင်း၊ အံ့ချီးဖွယ်မျှော်လင့်ချက်ရှိခြင်းဟူသော ကောင်းချီးများခံစားရသည့်အတွက် ကျွန်ုပ်တို့အား များစွာအပ်နှင်းထားသည်ဟု မှန်ကန်စွာပြောဆိုနိုင်ပါသည်။ သင့်လျော်စွာဖြင့် များစွာတောင်းဆိုပါလိမ့်မည်။

၃ လိုအပ်ချက်များအပေါ် သင့်လျော်သောအမြင်ထားရှိခြင်း– အချို့က ကျွန်ုပ်တို့ဖြည့်စွက်ရမည့် တောင်းဆိုချက်များသည် များလွန်း၏ဟု ယူဆသည်။ ခရစ်ယာန်အသင်းတော်သည် လုပ်ငန်းချောမွတ်စွာလည်ပတ်နိုင်ရန် ယင်း၏ဦးခေါင်းအဖြစ် ယေရှုခရစ်တော်က “သက်ဆိုင်ရာအလုပ်တာဝန်ကို” ဆုံးဖြတ်စီရင်ပါသည်။ (ဧ. ၄:၁၅၊ ၁၆၊ သတင်းကောင်း) ‘ကိုယ်တော်၏ထမ်းပိုးသည် ထမ်းလွယ်၍ ပေါ့၏’ ဟု ကိုယ်တော်စိတ်ချစေသည်။ (မ. ၁၁:၂၈-၃၀၊ ကဘ) စွမ်းဆောင်မှု အကန့်အသတ်သာရှိသူများကို ကိုယ်တော်ထည့်သွင်းစဉ်းစားပေးတော်မူသည်။ (လုကာ ၂၁:၁-၄) အတတ်နိုင်ဆုံး၊ ပေးဆက်ကြမည်ဆိုလျှင် မည်မျှပင်ပြုလုပ်စေကာမူ အမှန်ကောင်းချီးရပါလိမ့်မည်။—ကော. ၃:၂၃၊ ၂၄။

၄ မိမိကိုယ်ကို ဤသို့မေးမြန်းပါ။ ကျွန်ုပ်တို့အသက်တာမှာ ‘နိုင်ငံတော်အမှုရေးရာများကို ရှေးဦးထားသလော။ ကျွန်ုပ်၏အချိန်နှင့် အစွမ်းအစများကို ဘုရားသခင့်နာမတော်ဘုန်းထင်ရှား၍ အခြားသူများအကျိုးဖြစ်စေသည့်နည်းအတိုင်းအသုံးပြုနေသလော။ အကျွန်ုပ်၏အကြီးမားဆုံးပျော်ရွှင်မှုသည် အတ္တဆန်ဆန် စည်းစိမ်ခံခြင်းအစား ယေဟောဝါအမှုတော်ထမ်းခြင်းလော။’ ဤမေးခွန်းများကို မှန်မှန်ကန်ကန်ဖြေဆိုခြင်းသည် ကျွန်ုပ်တို့၏ရည်ရွယ်ချက်ကို ဖော်ပြသည်။—လုကာ ၆:၄၅။

၅ မကောင်းမှုပြုရန် သွေးဆောင်ခံရခြင်းကို ရှောင်ကြဉ်ခြင်း– ကိုယ်ကျိုးရှာခြင်း၊ လောဘကြီးခြင်းနှင့် ကာမဂုဏ်ခံစားခြင်းငှာ စုံစမ်းသွေးဆောင်မှုများနှင့် ဖိစီးမှုများကို တစ်ခါကမျှ ဤအချိန်လောက် မခံရပါ။ စာရိတ္တနှင့်ပတ်သက်သည့် စိန်ခေါ်ချက်များကို နေ့စဉ်ကြုံတွေ့နေကြရပြီး အလျှော့ပေးလိုက်လျောရန် သွေးဆောင်ခံရကြသည်။ ဤစိန်ခေါ်ချက်များကို အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ရန် ယေဟောဝါထံအကူအညီ တောင်းခံရမည်။ (မ. ၂၆:၄၁) ကိုယ်တော်၏ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ကို ခွန်အားရှိစေနိုင်သည်။ (ဟေရှာ. ၄၀:၂၉) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နေ့စဉ်ဖတ်ရှုခြင်းသည် များစွာထောက်ကူသည်။ (ဆာ. ၁:၂၊ ၃) မိမိကိုယ်ကိုပဲ့ပြင်ဆုံးမခြင်းနှင့် ချုပ်တည်းခြင်းသည်လည်း အလွန်အရေးကြီးသည်။—၁ ကော. ၉:၂၇။

၆ ကောင်းမှုကိုမြတ်နိုးခြင်းနှင့်သာ မလုံလောက်—အဆိုးကိုလည်း မုန်းတီးရမည်။ (ဆာ. ၉၇:၁၀) ယင်းကြောင့် မကောင်းမှုကို လိုလားတမ်းတခြင်း မမွေးမြူဖို့ဖြစ်သည်။ နယပုံပြင် ၆:၁၆-၁၉ ကယေဟောဝါမုန်းတီးသောအရာခုနစ်ခုကို စာရင်းတင်ပြထားသည်။ ယေဟောဝါအလိုတော်နှင့်တွေ့လိုသူသည် ဤသို့သောမကောင်းမှုများကို မုန်းတီးရမည်ဖြစ်ကြောင်း ထင်ရှားသည်။ သမ္မာတရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကိုရထားသဖြင့် ကောင်းမြတ်ရာတို့ကို အာရုံစူးစိုက်ကာ ထိုအသိပညာနှင့်အညီ ကျင့်ကြံလိုသင့်သည်။

၇ “သခင်ဘုရား၏လုပ်ငန်းတော်၌ လုပ်ကိုင်စရာများစွာ အမြဲရှိ” သည့်အတွက် အခြေအနေ အခွင့်သာဖို့ ဆုတောင်းသင့်သည်။ (၁ ကော. ၁၅:၅၈၊ ကဘ) ယေဟောဝါ၏လုပ်ငန်းတော်တွင် အလုပ်များနေခြင်းသည် အကာအကွယ်ဖြစ်ကြောင်း များစွာသောသူတို့သိမြင်ကြသည်။ အကြောင်းမှာ အကျိုးမရှိသောအရာများကို ဆည်းပူးခြင်းငှာ အချိန်လျော့နည်းစေကြသည့်အတွက် ဖြစ်သည်။

၈ အကုန်အစင်ထည့်စဉ်းစားကြည့်သော် ယေဟောဝါတောင်းဆိုထားရာသည် အလွန်အကျိုးသင့်အကြောင်းသင့်ဖြစ်သည်။ (မိ. ၆:၈) လုပ်ငန်းတော်နှင့်ဆိုင်သည့် အခွင့်အရေးတစ်ခုစီအတွက် ကျေးဇူးတင်စရာအကြောင်းများစွာရှိသည်။ (ဧ. ၅:၂၀) ထို့ကြောင့် ကျွန်ုပ်တို့ရရှိမည့်ဆုကျေးဇူးသည် ကျွန်ုပ်တို့ထံမှတောင်းဆိုထားသော မည်သည့်အရာထက်မက များစွာသာလွန်သည်ကို စိတ်ချကာ ကျွန်ုပ်တို့ဆက်၍ “ကြိုးစားအားထုတ်လျက်” နေကြသည်။—၁ တိ. ၄:၁၀၊ သမ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ