သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်စစ်ဆေးခြင်း
၁၉၉၅၊ ဇန်နဝါရီ ၂ မှ ဧပြီ ၁၇ ရက်အပတ်အတွင်း သီအိုကရက်တစ် ဓမ္မအမှုကျောင်း တာဝန်များတွင် လေ့လာခဲ့သော အကြောင်းအရာများကို စာအုပ်ပိတ်ပြန်လည်စစ်ဆေးခြင်း။ ကန့်သတ်ထားသည့်အချိန်အတွင်း သင်ဖြေဆိုနိုင်သမျှမေးခွန်းများ၏အဖြေများကို ရေးချရန် သီးခြားစာရွက်တစ်ရွက်ကို အသုံးပြုပါ။
[မှတ်ချက်– ရေးဖြေစစ်ဆေးချိန်တွင် မည်သည့်မေးခွန်းကိုမဆို ဖြေဆိုရာ၌ ကျမ်းစာကိုသာ အသုံးပြုပေမည်။ မေးခွန်းနောက်ရှိ ရည်ညွှန်းချက်များသည် သင့်ကိုယ်ပိုင်ရှာဖွေလေ့လာမှုအတွက်ဖြစ်သည်။ ကင်းမျှော်စင် ရည်ညွှန်းချက်အားလုံး၌ စာမျက်နှာနှင့် အပိုဒ်နံပါတ်များပါမည်မဟုတ်ချေ။]
အောက်ပါမေးခွန်းများ မှားကြောင်းမှန်ကြောင်း ဖော်ပြပါ–
၁။ ဗေသရှေဘနှင့်ပြစ်မှားခြင်းကြောင့် ဒါဝိဒ်၏နောင်တကို ဘုရားသခင်လက်ခံခဲ့သောအခါ မကောင်းသောလုပ်ရပ်၏ဆိုးကျိုးမှ ဒါဝိဒ်အပါအဝင် သူ့မိသားစုလွတ်ခဲ့သည်။ [ဝစ စ. ၁၉၄ ပိုဒ်. ၅]
၂။ သုတ္တံ ၁၁:၁ ၏အခြေခံမူက ယေဟောဝါ၏မျက်နှာသာတော်ရလိုလျှင် အဘယ်လုပ်ငန်းတွင်မဆို စာရိတ္တကောင်း၍ ရိုးသားရမည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က ၈၇ ၁၁/၁၅ စစ. ၂၁-၂ ရှု။]
၃။ ဆုံးမမှုကိုလက်ခံခြင်းသည် ချိနဲ့ခြင်း၏လက္ခဏာဖြစ်သည်။ [ဝစ စ. ၁၉၃ ပိုဒ်. ၄]
၄။ စိတ်လှုပ်ရှားမှုသည် များသောအားဖြင့် အပြုအမူများအရင်ဖြစ်သောကြောင့် သုတ္တံ ၁၄:၁၇ ကစိတ်လှုပ်ရှားမှုကိုဦးစွာ သတိမူစေသည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က ၉၃ ၈/၁၅ စစ. ၂၀-၁ ရှု။]
၅။ ယေရှုအားသခင်ဟုခေါ်သူအားလုံး ကယ်တင်ခြင်းခံရမည်။ [ဝစ စ. ၁၅၉ ပိုဒ်. ၅]
၆။ စီ.အီး. ၃၃ တွင်ရှင်ပြန်ထမြောက်ခံရပြီး ဘုရားသခင့်လက်ယာဘက်တွင် မိမိနေရာကိုယူသောအခါ ယေရှုသည် မိမိ၏ဘိသိက်ခံတပည့်များကို စတင်အုပ်စိုးလေသည်။ (ကော. ၁:၁၃) [ကဆ အခန်း ၁၃၂]
၇။ သိပ္ပံပညာရှင်များသည် ဗီဇနိယာမကိုမတွေ့ရှိမီ နှစ်ပေါင်း ၃,၀၀၀ ကျော်ခန့်က ဆာလံ ၁၃၉:၁၃-၁၆ တွင်ယင်းအကြောင်းဖော်ပြထားနှင့်သည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က ၉၂ ၅/၁၅ စ. ၄ ရှု။]
၈။ သုတ္တံ ၈:၂၂-၃၁ သည်ဉာဏ်ပညာကိုသာ ဖော်ပြထားရုံသက်သက်ဖြစ်သည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က ၈၇ ၃/၁ စ. ၂၄ ရှု။]
၉။ စစ်မှန်သောခရစ်ယာန်တစ်ဦးသည် အဘယ်အရာကိုမျှမမုန်းတီးရ။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က ၉၂ ၁/၁ စ. ၂၄ ရှု။]
၁၀။ သုတ္တံ ၁၁:၂၅ သည်ဆင်တူသောသဘောများကို ဟေဗြဲကဗျာပုံစံဖြင့်တင်ပြထားသည့်နမူနာဖြစ်ပြီး သုတ္တံ ၁၀:၇ မူကားဆန့်ကျင်ဘက်သဘောတင်ပြသည့် နမူနာဖြစ်သည်။[ကမ စ. ၁၁၄ ပိုဒ်. ၇]
အောက်ပါမေးခွန်းများကို ဖြေဆိုပါ။
၁၁။ ဆာလံကျမ်းသည် အဘယ်ကြောင့်ဂန္တဝင်မြောက်စာပေမျှသာ မဟုတ်သနည်း။ [ကမ စ. ၁၀၇ ပိုဒ်. ၂၃]
၁၂။ ဆာလံကျမ်းကိုသိထားခြင်းက ယေရှုအတွက် အဘယ်အကျိုးရှိသနည်း။ [ကမ စ. ၁၁၀ ပိုဒ်. ၃၀]
၁၃။ ရှောလမုန်အား အဘယ်သူကဉာဏ်ပညာပေးသနည်း။ သုတ္တံကျမ်းကိုဖတ်သည့်အခါ ယင်းကဘာကိုသဘောပေါက်စေသင့်သနည်း။ [ကမ စ. ၁၁၆ ပိုဒ်. ၁]
၁၄။ ရှင်ပြန်ထမြောက်လာသောယေရှုသည် ဥယျာဉ်တွင် မာဂဒလမာရိကို စကားပြောဆိုသောအခါ သူမကမည်သူဟုထင်မှတ်သနည်း။ ကိုယ်တော်ဖြစ်ကြောင်း မှန်ကန်စွာသိရှိရန် သူမကိုအဘယ်အရာကအကူအညီပေးသနည်း။ [ကဆ အခန်း ၁၂၈]
၁၅။ ယေရှုနှင့်အတွဲမခံဝံ့သော အဘယ်လွှတ်ရုံးအဖွဲ့ဝင်နှစ်ဦးသည် ကိုယ်တော်၏အလောင်းကိုသင်္ဂြိုဟ်ရန် ဝိုင်းပြင်ဆင်ပေးခဲ့သနည်း။ [ကဆ အခန်း ၁၂၇]
၁၆။ ညီအစ်ကိုများအပေါ် ကိုယ်ကျိုးစွန့်မေတ္တာထားကြောင်း နေ့စဉ်လုပ်ငန်းဆောင်တာများ၌ မည်သို့ဖော်ပြမည်နည်း။ [ဝစ စစ. ၂၀၂-၃ ပိုဒ်. ၃၊ ၄]
၁၇။ အဘယ်သမိုင်းဝင်အဖြစ်အပျက်ကို ဆာလံ ၁၃၆:၁၀-၁၅ ဖော်ပြသနည်း။ ဖာရောဘာဖြစ်သွားသနည်း။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က ၉၃ ၆/၁၅ စ. ၅ ရှု။]
၁၈။ ခရစ်တော်သွန်းလောင်းသောအသွေးတော်သည် အဘယ်နှစ်ဖက်နှစ်လမ်းအကျိုးကိုပြုသနည်း။ [ဝစ စ.၁၇၄ ပိုဒ်. ၁၃]
၁၉။ သစ္စာရှိတမန်တော်များ၊ ယေရှု၏မိတူဖကွဲညီယာကုပ်နှင့် တပည့်တော် ၅၀၀ ကျော်တို့သည် ယေရှုရှင်ပြန်ထမြောက်ကြောင်းကို အဘယ်ကြောင့်လက်ခံနိုင်ကြသနည်း။ [ကဆ အခန်း ၁၃၁]
၂၀။ ယေရှုအား အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားဖြစ်စေသည့်အရာကား အဘယ်နည်း။ [ကဆ နိဒါန်းရှင်းလင်းချက်။]
အောက်ပါဝါကျများကို ပြီးပြည့်စေရန် လိုအပ်သောစကားလုံး သို့မဟုတ် စကားစုများကို ထည့်ပေးပါ–
၂၁။ စီ.အီး.၃၃ ပင်တေကုတ္တေပွဲနေ့ပေတရု၏ကျော်ကြားသောဟောပြောချက်တွင် သူသည် _________________________ ကျမ်းမှ အကြိမ်ကြိမ်ကိုးကား၏; ထိုအချိန်တွင် လူ _________________________ ကျော်နှစ်ခြင်းယူခဲ့သည်။ [ကမ စစ၊ ၁၀၈-၉ ပိုဒ်. ၂၅၊ ၂၆]
၂၂။ ယေရှုအား _________________________ ကမ်းပေးမည်၊ _________________________ ကိုမဲချယူမည်၊ သူ့အား _________________________ စွန့်ပစ်ပုံရှိမည်ဟု ဆာလံကြိုတင်ဟောထားသည်။[ကမ စ. ၁၁၀ ပိုဒ်. ၃၀]
၂၃။ ယေဟောဝါ၏အဖွဲ့အစည်းသည် သီအိုကရက်တစ်ဖြစ်သည်ဟူသောအဓိပ္ပာယ်မှာ _________________________ ကြောင်း; အသင်းတော်၏ဦးခေါင်း _________________________ မှတစ်ဆင့် ကိုယ်တော်၏နှုတ်ကပါဌ်တော် _________________________ အားဖြင့် ယေဟောဝါလမ်းညွှန်ပေးကြောင်း; “ _________________________ ” အားယေရှုအထူးတာဝန်ပေးထားသည်ဟူ၍ အဓိပ္ပာယ်ရှိသည်။ (မ. ၂၄:၄၅၊ သမ) [ဝစ စစ. ၁၈၀-၁ ပိုဒ်. ၄-၆]
၂၄။ ကောင်းကင်သို့ခေါ်ဆောင်ခံရသော ၁၄၄,၀၀၀ နှင့်မတူဘဲ မည်သူမျှမရေမတွက်နိုင်သော “ _________________________ ” သည်ဤ _________________________ ပေါ်တွင်ပင် _________________________ ကိုကပ်ကျော်ကြမည်။ (ဗျာ. ၇:၉၊ ၁၄) [ဝစ စစ. ၁၅၇-၈ ပိုဒ်. ၃၊ ၄]
၂၅။ ဘုရားအလိုတော်နှင့်တွေ့သော ဆုံးဖြတ်ချက်ကိုချရန် ပထမရာစုအုပ်ချုပ်ရေးအဖွဲ့သည် ပေါ်ပေါက်လာသောပြဿနာအကြောင်း မှုတ်သွင်းခံ _________________________ ကဘာပြောထားသည်ကိုသုံးသပ်ပြီး _________________________ လမ်းဖွင့်လိုက်ပုံများကိုပါ သုံးသပ်ကြသည်။ (တမန်တော် ၁၅:၆-၂၉) [ဝစ စ. ၁၈၃ ပိုဒ်. ၈]
အောက်ပါဝါကျများတွင် အဖြေမှန်ကို ရွေးပေးပါ–
၂၆။ ယေရှုအား နှက်တိုင်တင်ထားချိန်တွင် မုရန်ဆေးစပ်ထားသောစပျစ်ရည်ကိုတိုက်သော်လည်း (ပညတ်တော်က တားမြစ်ထား; ကိုယ်တော်သည် နာဇရိသားဖြစ်; မိမိ၏စွမ်းရည်သတ္တိရှိသမျှတို့ကို အပြည့်အဝထိန်းထားလို) သည့်အတွက်မသောက်ဘဲနေတော်မူ၏။ [ကဆ အခန်း ၁၂၅]
၂၇။ မိမိတို့ဝတ်လုံများကို သိုးသငယ်၏အသွေး၌ လျှော်၍ဖြူစေခြင်းက (နောက်တစ်ဖန်အပြစ်မလုပ်တော့ခြင်း; ယေရှုပူဇော်သကာ၏အပြစ်ဖြေနိုင်စွမ်းကို မိမိတို့လိုအပ်ကြောင်း အသိအမှတ်ပြုခြင်း; ဘုရားသခင်ထံ မိမိဘဝကိုဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခြင်း) ကိုဆိုလိုသည်။ [ဝစ စ. ၁၆၁ ပိုဒ်. ၇]
၂၈။ နောက်ပိုင်းတွင် ဂျူးများ၏ဆူပူခြိမ်းခြောက်မှုများအောက် အညံ့ခံပြီး သတ်ပစ်ဖို့ရန် ယေရှုကိုအပ်လိုက်သော (ဟေရုဒ်; ပိလတ်; ဖေလဇ်) သည်ယေရှု၌အပြစ်မရှိကြောင်း အနည်းဆုံးငါးကြိမ်ကြေညာခဲ့သည်။ [ကဆ အခန်း ၁၂၄]
၂၉။ စီ.အီး. (၃၆; ၃၅; ၃၃) ပင်တေကုတ္တေပွဲနေ့မတိုင်မီက ကွယ်လွန်သော ဘုရားသခင်၏သစ္စာရှိကျေးကျွန်အားလုံးသည် ကောင်းကင်အသက်တာသို့ ခေါ်တော်မူခြင်းခံရခြင်းငှာ ဘိသိက်ပေးခြင်းမခံခဲ့ရပါ။ [ဝစ စ. ၁၆၉ ပိုဒ်. ၅]
၃၀။ (ချစ်ခြင်းမေတ္တာ; မုန်းတီးခြင်း; ကိုယ်ကျိုးစီးပွား) ကြောင့်သာလူအားလုံးလုပ်ဆောင်နေကြပြီး (ဘုရားသခင့်နာမတော်; သူတစ်ပါး; ကိုယ်ကောင်းစားရေး) အတွက်သာ အဓိကထားကြိုးစားသည်ဟု စာတန်စွပ်စွဲသည်။ [ဝစ စ.၁၈၈ ပိုဒ်. ၁၄]
အောက်ပါဝါကျများနှင့် သက်ဆိုင်ရာ ကျမ်းချက်များကို ပူးတွဲပေးပါ–
သု. ၃:၂၇၊ ၂၈; ယော. ၁၉:၄-၆; ၁၉:၂၅-၂၇; ရော. ၁၅:၂၊ ၃; ဗျာ. ၇:၁၆၊ ၁၇
၃၁။ ခရစ်ယာန်များသည် မိမိတို့၏သက်ကြီးရွယ်အိုမိဘများကို ကြည့်ရှုစောင့်ရှောက်ပေးရန်တာဝန်ရှိသည်။ [ကဆ အခန်း ၁၂၆]
၃၂။ ကျွန်ုပ်တို့၏ပုံပန်းသဏ္ဌာန်က အခြားသူများအပေါ် အကျိုးသက်ရောက်မည်အကြောင်း အမှန်ပင် စိုးရိမ်သည့်အတွက် ကိုယ့်အကြိုက်ကိုလုပ်ခြင်းကို ကျွန်ုပ်တို့စိတ်လိုကိုယ်လျောက် စွန့်လွှတ်ပါသည်။ [ဝစ စစ. ၁၉၇-၈ ပိုဒ်. ၁၀၊ ၁၁]
၃၃။ ဝိညာဉ်ရေး သို့မဟုတ် ကာယရေးအရ သူတစ်ပါးအားကောင်းမှုပြုခွင့်ရတိုင်း အခွင့်အရေးရှာယူ၍ အထူးသဖြင့် ကျွန်ုပ်တို့၏ဝိညာဏညီအစ်ကိုများဖြစ်သည့် အချင်းချင်းအားကူညီပေးသင့်သည်။ [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း; က ၉၃ ၁၂/၁၅ စ. ၂၀ ရှု]
၃၄။ အတိုက်အခံရင်ဆိုင်ရချိန်တွင် သိက္ခာရှိရှိ တည်တည်ငြိမ်ငြိမ်ဖြစ်သည် ယေဟောဝါ၏ဘုန်းတော်ကိုထင်ရှားစေ၍ လူတို့၏လေးစားမှုကိုလည်း ခံရစေသည်။ [ကဆ အခန်း ၁၂၃]
၃၅။ “ဝိညာဏပရဒိသု” ဟု သင့်လျော်စွာခေါ်ဆိုထားသော ကတိတော်ရှိသည့် အခြေအနေများအပေါ် ကျွန်ုပ်စတင်ပျော်မွေ့နေကြပြီ။ [ဝစ စစ. ၁၆၂-၄ ပိုဒ်. ၉-၁၁]