ကြေညာချက်များ
▪ မေလအတွင်းအသုံးပြုရန်စာပေ– ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများ။ မကြာခဏ အမှုဆောင်ထွက်ထားသည့်ရပ်ကွက်များတွင် (ကျောင်း ဘရိုရှာမှအပ) မည်သည့်ဘရိုရှာကိုမဆိုပါ အသုံးပြုနိုင်သည်။ ပြန်လည်ပတ်မှုသွားချိန်တွင် စိတ်ဝင်စားမှုရှိကြောင်းတွေ့ရှိပါက နှစ်စဉ်ကြေးများယူရန် ကမ်းလှမ်းပါ။ ဇွန်– သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း။ ဇူလိုင်နှင့် ဩဂုတ်– အောက်ပါ ၃၂- မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို– ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝ ထာဝရစံစားကြ!၊ ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရ၊ “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်”၊ ဘဝရည်ရွယ်ချက်ကား အဘယ်နည်း၊ သုံးပါးပေါင်းတစ်ဆူကို အသင်ယုံကြည်သင့်သလော [လိပ်]၊ သင်ချစ်မြတ်နိုးရ သူတစ်ဦးသေဆုံးသည့်အခါ [လိပ်]။ သတိပြုရန်– ဝေငှရမည့် အထက်ပါစာပေများကို မမှာယူရသေးသော အသင်းတော်များသည် နောက်လစာအုပ်စာတမ်းတောင်းခံလွှာပုံစံ (အက်စ်-၁၄) ကိုဖြည့်စွက်ကာ မှာယူသင့်သည်။
▪ လ၏ ၂၀ ရက်နေ့မတိုင်မီ အသင်းတော်အတွက် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာစောင်များ မရောက်လာပါက ဦးစီးကြီးကြပ်မှူးသည် အသင်းမထံဖုန်းဆက် အကြောင်းကြားသင့်သည်။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာစောင်များကို ဦးစီးကြီးကြပ်မှူးလိပ်စာသို့ ပို့လေ့ရှိသည့်အတွက် ဦးစီးကြီးကြပ်မှူးသည် နေအိမ်လိပ်စာ ပြောင်းမည်ဆိုလျှင် ဦးစီးကြီးကြပ်မှူး လိပ်စာပြောင်းလဲပုံစံ (အက်စ်-၂၉) ကိုဖြည့်စွက်ပြီး အသင်းမထံ ချက်ချင်းပို့ပေးပါ။