၁၉၉၆ ခုနှစ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှအကျိုးခံစား—အပိုင်း ၃
၁ မိမိသည် သတင်းကောင်းကို ရဲရင့်စွာ ဟောပြောနိုင်ရန် ညီအစ်ကိုများ ဆုတောင်းပေးကြဖို့ တမန်တော်ပေါလုတောင်းဆိုခဲ့သည်။ (ဧ. ၆:၁၈-၂၀) ကျွန်ုပ်တို့လည်း ထပ်တူအရည်အချင်းကို မွေးမြူပေးလိုကြ၏။ ယင်းကြောင့် နာမည်စာရင်းသွင်းနိုင်သော အစည်းအဝေးတက်သူများကို စာရင်းသွင်းကြရန် တိုက်တွန်းပေးသည့် သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှ ရရှိသောအကူအညီကို ကျွန်ုပ်တို့ တန်ဖိုးထားလေးစားကြသည်။
၂ ကျောင်းသားများအဖြစ် ဟောပြောသွန်သင်ခြင်းအရည်အချင်း တိုးတက်လာရန် တစ်ယောက်ချင်းစီ သွန်သင်ချက်ပေးခံရသည်။ (သု. ၉:၉) အခြားကျောင်းသားများအတွက်ဖြစ်သည့် ဩဝါဒစကားကို ကိုယ်တိုင်ကျင့်သုံးခြင်းအားဖြင့်လည်း ကျွန်ုပ်တို့အကျိုးရရှိသည်။ မိမိတာဝန်ကိုပြင်ဆင်သည့်အခါ မိမိ၏ရှင်းလင်းတင်ပြချက်သည် တိကျမှန်ကန်နေရန် တာဝန်ကျသည့်အကြောင်းအရာပါသော စာပေကို ကောင်းစွာလေ့လာဖတ်ရှုသင့်သည်။ တင်ပြသော အဓိကအချက်များနှင့် အသုံးပြုသည့် ကျမ်းချက်များသည် ဟောပြောချက်တစ်ခုလုံးကို ခြုံငုံသောအဓိကအချက်နှင့် သက်ဆိုင်နေရမည်။ မိမိတာဝန်ကို အခြားသူတစ်ဦးနှင့်အတူ တွဲ၍တင်ပြရမည်ဆိုလျှင် ကျောင်းတွင်မတင်ဆက်မီ ကြိုတင်၍ ကောင်းစွာတိုက်ထားသင့်သည်။ ကျွန်ုပ်တို့သည် တဖြည်းဖြည်းတိုးတက်လာသည်နှင့်အမျှ စာမူကိုအသုံးမပြုတော့ဘဲ မှတ်စုများမှသာ အလွတ်သဘောဟောပြောတတ်ရန် ကြိုးစားသင့်သည်။
၃ ကျောင်းတွင် တာဝန်ကျသူအားလုံးသည် စောစောရောက်ရှိလာပြီး ကျောင်းကြီးကြပ်မှူးကို မိမိတို့၏ ဟောပြောသွန်သင်ချက်စာရွက်ပေးအပ်ကာ ခန်းမအရှေ့တွင် နေရာယူသင့်သည်။ ညီအစ်မများသည် မိမိတို့၏ဇာတ်ကွက်အရ ထိုင်မည် သို့မဟုတ် ရပ်မည်အကြောင်း ကျောင်းကြီးကြပ်မှူးကို ကြိုတင်အသိပေးသင့်သည်။ ဤနည်းများဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်းသည် အစီအစဉ်ချောမွေ့ဖို့ရန်နှင့် စင်မြင့်ကို အသင့်ရှိစေရန် တာဝန်ရရှိထားသူများအတွက် အထောက်အကူဖြစ်စေသည်။
၄ တာဝန်နံပါတ် ၂ ကိုပြင်ဆင်ခြင်း– ကျမ်းစာဖတ်ရွတ်ခြင်း၏ရည်ရွယ်ချက်တစ်ခုမှာ ကျောင်းသား၏ စာဖတ်နိုင်စွမ်းကို တိုးတက်စေရန်ဖြစ်သည်။ ယင်းကို မည်သို့အကောင်းဆုံးဖြစ်စေနိုင်မည်နည်း။ ကျွမ်းကျင်ပိုင်နိုင်စွာဖတ်ရွတ်နိုင်သည့် အကောင်းဆုံးနည်းကား ဖတ်ရမည့်အကြောင်းကို ထပ်ခါတလဲလဲ အသံထွက်ဖတ်ရွတ်ခြင်းဖြင့်ဖြစ်သည်။ မိမိအကျွမ်းတဝင်မရှိသောစကားလုံးများ၏ အဓိပ္ပာယ်နှင့် အသံထွက်အမှန်ကို သိရှိရန် အဘိဓာန်ကိုဖွင့်ကြည့်သင့်သည်။ သို့ ပြုရန် အဘိဓာန်ပါ အသံထွက်သင်္ကေတများ၏အနက်ကို သိကျွမ်းဖို့လိုပေမည်။
၅ ကျမ်းစာတွင်ပါသော နာမည်များနှင့် အသုံးနည်းသောစကားလုံးများ၏ အသံထွက်ကို ကမ္ဘာသစ်ဘာသာပြန်ကျမ်း က ဤသို့တင်ပြသည်။ ယင်းစကားလုံးများပါ ဝဏ္ဏသံများကို ခွဲခြားဖော်ပြကာ သံပြောင်းပြသင်္ကေတများဖြင့် တင်ပြထား၏။ (“ကျမ်းစာတစ်ကျမ်းလုံး ဘုရားမှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု” (လိပ်) စာမျက်နှာ ၃၂၅-၆၊ အပိုဒ် ၂၇-၈ ရှု။) များသောအားဖြင့် သံပြောင်းပြသင်္ကေတရှေ့ ရှိဝဏ္ဏသံကို ဖိရွတ်ပေးရသည်။ သံပြောင်းပြသင်္ကေတပါဝဏ္ဏသံသည် သရအက္ခရာနှင့် အဆုံးသတ်မည်ဆိုလျှင် သရအက္ခရာသံကိုဆွဲပေးရ၏။ ဗျည်းအက္ခရာနှင့် အဆုံးသတ်လျှင်မူကား ထိုဝဏ္ဏသံရှိ သရအက္ခရာသံသည် အသံပြတ်၏။ (စားလူးနှင့် စဲလူတို့ကို နှိုင်းယှဉ်။) ညီအစ်ကိုအချို့သည် ကျမ်းစာဖတ်ရွတ်ခြင်းအတွက် ပြင်ဆင်ရာတွင် အသင်းမတိတ်ခွေများကို နားထောင်လေ့ရှိသည်။
၆ မိဘများသည် မိမိတို့၏ကလေးငယ်များ၏ ဖတ်ရွတ်ခြင်းတာဝန်ကို ဝိုင်းဝန်းပြင်ဆင်ပေးနိုင်သည်။ သို့ ပြုရာတွင် ကလေးသည် သူ၏တာဝန်ကိုလေ့ကျင့်နေစဉ် နားထောင်ပေးပြီး တိုးတက်စရာ လိုအပ်သည့်နေရာတွင် အကြံပြုချက်များပေးခြင်းတို့ ပါဝင်ပေမည်။ ခွင့်ပြုထားချိန်အတွင်း နိဒါန်းတိုတိုနှင့် အဓိကအချက်များ၏သက်ဆိုင်ပုံကို တင်ပြသော နိဂုံးချုပ်စကား ပြောဆိုခွင့်ရှိ၏။ သို့ ဖြင့် ကျောင်းသားသည် သူ၏လက်တန်းပြောဆိုနိုင်စွမ်းကို တိုးတက်စေနိုင်သည်။
၇ ဆာလံဆရာက “အိုထာဝရဘုရား အကျွန်ုပ်၏နှုတ်ကို ဖွင့်တော်မူပါ။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ မြွက်ဆိုပါမည်” ဟုဆုတောင်းခဲ့သည်။ (ဆာ. ၅၁:၁၅) ကျွန်ုပ်တို့သည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ပါဝင်ခြင်းအားဖြင့် ထပ်တူဆန္ဒပြည့်မြောက်ရန် အကူအညီရရှိပါလေစေ။