ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၉၆ စာ. ၁
  • စိုးလ်အပြည့် ရှိပါလေ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိုးလ်အပြည့် ရှိပါလေ!
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • အပိုင်း ၅။ စိုးလ်အပြည့်အမှုဆောင်ခြင်း၏ကြွယ်ဝသောအကျိုးကျေးဇူးများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • သတင်းကောင်း ဝေငှခြင်း—အလွတ်သဘောသက်သေခံရန် အခွင့်အရေးများဖန်တီးပေးခြင်းအားဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ယေဟောဝါသည် သင်၏စိုးလ်အကြွင်းမဲ့လုပ်ဆောင်မှုကို မြတ်နိုးတော်မူ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • အပိုင်း ၁။ ယေဟောဝါကို တန်ဖိုးထားလေးမြတ်ခြင်း၏အကျိုး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၅/၉၆ စာ. ၁

စိုးလ်အပြည့် ရှိပါလေ!

၁ ကျွန်ုပ်တို့သည် ယေဟောဝါကို ကျေးဇူးတင်ရန် အကြောင်းရင်းဒုနှင့်ဒေးရှိသည်။ ယင်းတို့တွင် အတိတ်က ကိုယ်တော်လုပ်ပေးတော်မူခဲ့သည့်အရာများ၊ ယခုပင် လုပ်ပေးနေတော်မူသည့်အရာများနှင့် အနာဂတ်တွင် လုပ်ပေးဦးမည့်အရာများ ပါဝင်သည်။ ကျွန်ုပ်တို့၏ကျေးဇူးတင်စိတ်က အဘယ်အလုပ်ကိုလုပ်ရန် လှုံ့ဆော်ပေးသနည်း။ ဆာလံဆရာဒါဝိဒ်က “ငါသည် ခပ်သိမ်းသောကာလတို့၌ ထာဝရဘုရားကို ကောင်းချီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ်မပြတ် မြွက်ဆိုမည်” ဟု အဖြေပေးသည်။—ဆာ. ၃၄:၁။

၂ ကျွန်ုပ်တို့သည် ဟောပြောဖို့ မိန့်မှာခံရကြောင်း ကျမ်းစာက ရှင်းလင်းစွာတင်ပြသည်။ ယင်းသည် “ယေဟောဝါ၏အမှုတော်ကို ဆောင်ရွက်သကဲ့သို့ စိုးလ်အပြည့်ဖြင့်” ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည်။ (ကော. ၃:၂၃၊ ကဘ) ကျွန်ုပ်တို့သည် အမှန်တကယ်စိုးလ်အပြည့်ရှိမည်ဆိုလျှင် ဓမ္မအမှုတွင် မည်မျှလုပ်ဆောင်မည်နည်း! ကျွန်ုပ်တို့၏အကျိုးအတွက်ထားရှိသော ယေဟောဝါ၏မေတ္တာတော်ကို ကျွန်ုပ်တို့သုံးသပ်သောအခါ ကိုယ်တော်နှင့် ကိုယ်တော့်အဖိုးတန်ရည်ရွယ်တော်မူချက်များအကြောင်း အခြားသူများအား ပြောပြရာတွင် ခြေစုံပစ်ပါဝင်ရန် ကျွန်ုပ်တို့၏နှလုံးက ကျွန်ုပ်တို့ကို အမှန်ပင်လှုံ့ဆော်သည်! မိမိတို့တတ်နိုင်သလောက်လုပ်ရန် ကျွန်ုပ်တို့လှုံ့ဆော်ခံရသည်။

၃ စိုးလ်အပြည့်ရှိသူတစ်ဦးသည် မိမိ၏အာရုံကို မြင့်မြတ်သောလုပ်ငန်းတော်ပေါ်တွင် ဆက်၍စူးစိုက်ထားလိုသည်ဟူ၍ မျှော်လင့်ခြင်းသည် ကျိုးကြောင်းညီညွတ်ပေသည်။ ဤနည်းအတိုင်း သိသိသာသာခံစားခဲ့ရသည့် ဆာလံဆရာက “ကိုယ်တော်ကို တစ်ရက်လျှင် ခုနစ်ကြိမ်ချီးမွမ်းတတ်ပါ၏” ဟု မြွက်ဟခဲ့သည်။ (ဆာ. ၁၁၉:၁၆၄) ဆာလံဆရာ၏ခံစားချက်အတိုင်း အတူအမျှခံစားကြရသောသူများသည် ယေဟောဝါကို ချီးမွမ်းရန် အခွင့်အရေးများရှာယူခဲ့ကြသည်။ သူတို့၏အခြေအနေအတိုင်းအတာအရ တတ်အားသ၍ ဇွဲရှိရှိအမှုဆောင်ကြသည်။

၄ ယေဟောဝါကို ချီးမွမ်းရန် အခွင့်အရေးများဖြင့် ကျွန်ုပ်တို့ဝန်းရံထားခြင်းခံရ– ကျွန်ုပ်တို့သည် သတင်းကောင်းဟောပြောရန် အိမ်ပေါက်စေ့လုပ်ငန်းတွင် ပါဝင်မည့်အချိန်အထိ စောင့်ဆိုင်းနေစရာမလိုပါ။ ကျွန်ုပ်တို့အလုပ်လုပ်ဖော်များ၊ ကျောင်းနေဖက်များ၊ ဆွေမျိုးများနှင့် အပေါင်းအသင်းများအားလုံးသည် နိုင်ငံတော်သတင်းကို ကြားရဖို့လိုသည်။ ကျွန်ုပ်တို့သည် ခရီးသွားနေစဉ် ဟိုတယ်ဝန်ထမ်းများ၊ စားသောက်ဆိုင်အလုပ်သမားများ၊ ဓာတ်ဆီဆိုင်တွင်လာရောက်သူများ သို့မဟုတ် အငှားယာဉ်မောင်းများကို သက်သေခံခွင့်ရကောင်း ရစေနိုင်ရန် စကားစမြည်စပြောနိုင်သည်။ ကျွန်ုပ်တို့သည် အိမ်၌ရှိစဉ်တွင် အိမ်နီးချင်းများ သို့မဟုတ် စာပို့လုလင်များကို သက်သေခံနိုင်ပေသည်။ ကျွန်ုပ်တို့ဆေးရုံတက်နေလျှင် သူနာပြုများ၊ ဆရာဝန်များနှင့် အခြားလူနာများကို အလွတ်သဘောသက်သေခံနိုင်သည်။

၅ အလွတ်သဘောသက်သေခံခြင်းမှရသည့် ရလဒ်များ– တစ်နေ့တွင် သက်သေခံနှစ်ယောက်သည် ပန်းခြံတစ်ခုတွင် လမ်းလျှောက်ကာ မိမိကလေးနှင့်အပျော်လမ်းလျှောက်နေသော လူငယ်အမျိုးသားတစ်ဦးနှင့် စကားစမြည်စပြောခဲ့ကြသည်။ နောက်ဆုံးတွင် သူနှင့်သူ့ဇနီးသည် သမ္မာတရားကို လက်ခံပိုက်ကျုံးခဲ့ကြသည်။ အဆိုပါလူငယ်အမျိုးသားက သက်သေခံနှစ်ဦး သူ့ကို ဦးဆုံးအကြိမ်လာမတွေ့မီ မကြာသေးခင် ‘ကိုယ်တော်ဟာ တကယ်ရှိတယ်ဆိုရင် ကိုယ်တော်ကို ကျွန်တော်သိပါရစေ’ ဟု ဘုရားသခင်ထံဆုတောင်းခဲ့ကြောင်း နောက်ပိုင်း၌ ဖွင့်ပြောခဲ့သည်။ သူ၏ဆုတောင်းချက်ကို ယေဟောဝါအဖြေပေးဖို့ ပန်းခြံထဲမှာ လာဆုံပေးသည်ဟု သူယူမှတ်ပါသည်။

၆ အခြားသူများကို စိုးလ်အပြည့်ဖြင့် ဝိညာဉ်ရေးအရ ကူညီပေးလိုသည့်ဆန္ဒရှိသူများသည် အကြီးအကျယ် ပျော်ရွှင်မှုရရှိကြသည်။ ဤသို့ “စုံလင်သောနှလုံး” ဖြင့်အမှုဆောင်ခြင်းသည် ယေဟောဝါကို နှစ်သက်မှုဖြစ်စေကြောင်း သူတို့သိကြသည်။—၅ ရာ. ၂၈:၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ