ကြေညာချက်များ
▪ စက်တင်ဘာ တွင်ဝေငှရန်စာပေ– အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်]။ အသင်းတော်တွင် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် သို့မဟုတ် သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း စာအုပ်လက်ကျန်ရှိပါက ထိုစာအုပ်များကိုဝေငှမည်။ အောက်တိုဘာ– ကင်းမျှော်စင် နှင့် နိုးလော့! တစ်စောင်ချင်းစီ။ ပြန်လည်ပတ်မှုများတွင် စိတ်ဝင်စားမှုတင်ပြမည်ဆိုလျှင် နှစ်စဉ်ကြေးကမ်းလှမ်းမည်။ နိုဝင်ဘာ– ထာဝရအသက်ရစေသောအသိပညာ စာအုပ်။ မဂ္ဂဇင်းယူထားသူအားလုံးထံသို့ အိမ်တွင်းကျမ်းစာသင်အံမှု စတင်ရန်ရည်ရွယ်ချက်ဖြင့် ပြန်သွားရန်အထူးကြိုးစားမည်။ ဒီဇင်ဘာ– ကမ္ဘာသစ်ဘာသာပြန်ကျမ်း နှင့် သမ္မာကျမ်းစာ—ဘုရားသခင်နှုတ်ကပါဌ်တော်လော သို့မဟုတ် လူမှလော [လိပ်]။
▪ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် အသင်းတော်စာရင်းအင်းများကို စက်တင်ဘာ ၁ ရက်၊ သို့မဟုတ် စောနိုင်သ၍စောစော စစ်ဆေးသင့်သည်။ ယင်းသို့ပြုပြီးနောက် အသင်းတော်အားကြေညာပေးပါ။
▪ အောက်တိုဘာလတွင် အရန်ရှေ့ဆောင်ရန်စီစဉ်နေကြသော ကြေညာသူများသည် လျှောက်လွှာများကို စောစောတင်သွင်းသင့်သည်။ သို့အားဖြင့် အကြီးအကဲများသည် မဂ္ဂဇင်း၊ စာပေစာတမ်းနှင့် ရပ်ကွက်ကို လိုအပ်သလို စီစဉ်နိုင်မည်ဖြစ်သည်။
▪ ပြန်ဝင်ချင်စိတ်ရှိသည့် နှင်ထုတ်ခံရသူ၊ သို့မဟုတ် ပေါင်းသင်းမှု ရပ်စဲခဲ့သူများနှင့်ပတ်သက်၍ ၁၉၉၁၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၁-၃ ပါညွှန်ကြားချက်များကိုလိုက်လျှောက်ကြရန် အကြီးအကဲများကို နှိုးဆော်ပါသည်။
▪ ရရှိနိုင်သောစာအုပ်– ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း (မြန်မာသီချင်းစာအုပ်-အသေး)