“သင့်အိမ်ထောင်ကို တည်ဆောက်ပါလေ”
၁ ကမ္ဘာတစ်ဝန်းရှိယဉ်ကျေးမှုတိုင်းတွင် မိသားစုအသက်တာသည် ဖရိုဖရဲပြိုကွဲနေသည်မှာ ယုံမှားဖွယ်မရှိပါ။ စာတန့်လောကသည် ကလိမ်ကျခြင်းနှင့်စာရိတ္တယိုယွင်းခြင်း၌ အလွန်အကျွံနစ်မွန်းနေသည်။ (၁ ယော. ၅:၁၉) ယင်းက ကျွန်ုပ်တို့သည် ‘မိမိတို့၏အိမ်ထောင်ကို တည်ဆောက်ပေး’ ရန်နှင့် အခြားသူများလည်း သူတို့၏အိမ်ထောင်ကို ထိုနည်းအတိုင်း မည်သို့တည်ဆောက်နိုင်ပုံကို သင်ကြားပေးရန် အရေးကြီးကြောင်း ပေါ်လွင်စေသည်။—သု. ၂၄:၃၊ ၂၇။
၂ ကျမ်းစာမူများသည် အကာအကွယ်ဖြစ်– ကျမ်းစာမူများကို ကျင့်သုံးခြင်းဖြင့် စစ်မှန်သောမိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်ကို တွေ့ရှိသည်။ ယင်း၏အစွမ်းထက်သောသမ္မာတရားများက ဘဝကဏ္ဍအသီးသီးရှိ မိသားစုဝင်တစ်ဦးစီကို အကျိုးခံစားရစေသည်။ ယင်းတို့ကို ကျင့်သုံးသောမိသားစုသည် ပျော်ရွှင်ပြီး ဘုရားရေးရာငြိမ်သက်မှုကို ခံစားရမည်ဖြစ်သည်။—ဟေရှာယ ၃၂:၁၇၊ ၁၈ နှိုင်းယှဉ်။
၃ ကျွန်ုပ်တို့၏အိမ်ထောင်ကို တည်ဆောက်ပေးရန် ထောက်ကူပေးနိုင်သည့်မူများကို မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် ဟူသောစာအုပ်သစ်တွင် ကျစ်ကျစ်လစ်လစ်ဖြင့် ဖော်ပြထားသည်။ ယခုလောလောဆယ် ယင်းစာအုပ်ကို အင်္ဂလိပ်လိုသာရရှိနိုင်သည်။ မိသားစုဝင်များ သတိရဖို့လိုသည့်မူများကို အလေးပေးသည့် အထောက်အကူပြုသွန်သင်ချက် လေးထောင့်ကွက်ဖြင့် အခန်းတစ်ခုစီကို အဆုံးသတ်ထားသည်။ ယင်းလေးထောင့်ကွက်များတွင် အများဆုံးကို “ဤကျမ်းစာမူများသည် . . . ကို မည်သို့အထောက်အကူပြုနိုင်သနည်း” ဟူသောမေးခွန်းဖြင့်အစချီထားသည်။ ယင်းက ဆွေးနွေးနေသည့်အကြောင်းအရာအပေါ် ဘုရားသခင်၏စဉ်းစားတွေးခေါ်ပုံကို သိရှိစေရန် ကိုယ်တော်၏သဘောထားများကို အာရုံစူးစိုက်စေသည်။—ဟေရှာ. ၄၈:၁၇။
၄ ယင်းစာအုပ်နှင့်အကျွမ်းတဝင်ရှိစေပါ။ အမျိုးမျိုးသောပြဿနာများပေါ်ပေါက်လာသောအခါ ထောက်ကူပေးနိုင်သည့်မူများကို ရှာတွေ့ရန်လေ့လာထားပါ။ ယင်းစာအုပ်သည် ဤကဲ့သို့သောအကြောင်းအရာများကို ဆွေးနွေးထားသည်– အလားအလာရှိသောအိမ်ထောင်ဖက်တစ်ဦးကို စဉ်းစားသုံးသပ်နေသောအခါ မျှော်လင့်သင့်သည့်အရာ (အခန်း ၂)၊ တည်မြဲသောအိမ်ထောင်ပျော်ရွှင်သာယာရေးတံခါးကို ဖွင့်ပေးသည့် အဓိကသော့ချက်များ (အခန်း ၃)၊ မိမိတို့၏ဆယ်ကျော်သက်ရွယ်သားသမီးများကို ယုံကြည်စိတ်ချရပြီး ဘုရားသခင်အားကြောက်ရွံ့သောလူကြီးများဖြစ်လာရန် မိဘများမွေးမြူနိုင်ပုံ (အခန်း ၆)၊ ပျက်စီးစေမည့်သြဇာညောင်းမှုများမှ မိသားစုကိုကာကွယ်ပုံ (အခန်း ၈)၊ ကြင်ဖော်မဲ့မိဘရှိမိသားစုများကို အောင်မြင်မှုရရှိရန် ထောက်ကူပေးသည့်မူများ (အခန်း ၉)၊ အရက်စွဲခြင်းနှင့်အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်ရသည့်မိသားစုများအတွက် ဝိညာဏအထောက်အကူ (အခန်း ၁၂)၊ အိမ်ထောင်ပြိုပျက်လုဆဲဆဲဖြစ်နေသောအခါ လုပ်ရမည့်အရာ (အခန်း ၁၃)၊ သက်ကြီးရွယ်အိုမိဘများကို လေးစားဂုဏ်ပြုရန် လုပ်နိုင်သည့်အရာ (အခန်း ၁၅) နှင့် မိသားစုအတွက် တည်မြဲသောအနာဂတ်ကို မည်သို့စိတ်ချရပုံ (အခန်း ၁၆)။
၅ စာအုပ်သစ်ကို အပြည့်အဝအသုံးချပါ– ထိုသို့အသုံးမချရသေးပါက အင်္ဂလိပ်လိုနားလည်သူများသည် မိသားစုပျော်ရွှင်မှုစာအုပ်ကို မိသားစုလိုက် အတူတကွ လေ့လာပါ။ သင့်မိသားစုသည် ပြဿနာအသစ်များနှင့် စိန်ခေါ်ချက်အသစ်များ ကြုံတွေ့ရသည့်အခါတိုင်းတွင်လည်း ယင်းတို့နှင့်ပတ်သက်၍ ဆွေးနွေးသုံးသပ်ထားသည့် ဤစာအုပ်ပါအခန်းများကို ပြန်လည်သုံးသပ်ပြီး ဩဝါဒကို မည်သို့ကျင့်သုံးရမည်ကို ဆုတောင်းပြီးဆင်ခြင်သုံးသပ်ပါ။ ထို့အပြင် မတ်လအတွင်း လူများနိုင်သလောက်များများထံ ယခင် မြန်မာလို မိသားစုစာအုပ်ကို ကြိုးစားဝေငှနိုင်ရန် လယ်ကွင်းဓမ္မအမှုအတွက် အချိန်ဇယားဆွဲရာတွင် အချိန်များများထည့်ဆွဲပါလေ။
၆ ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုကို လက်တွေ့ကျင့်သုံးသောမိသားစုများကို ဝိညာဉ်ခွန်အား သန်စွမ်းလာစေပြီး စည်းလုံးမှုစေရှိကာ စာတန့်တိုက်ခိုက်မှုများကို ရင်ဆိုင်နိုင်ရန် ကောင်းစွာအသင့်ပြင်ပေးမည်။ (၁ တိ. ၄:၇၊ ၈; ၁ ပေ. ၅:၈၊ ၉) မိသားစုကို စတီထွင်ပြုစုပေးခဲ့သူထံတော်မှ ဘုရားရေးရာညွှန်ကြားချက်ကို ကျွန်ုပ်တို့ရရှိထားသည့်အတွက် မည်မျှကျေးဇူးတင်ဖို့ကောင်းလိုက်လေခြင်း!