ကြေညာချက်များ
▪ မတ် တွင်ဝေငှရန်စာပေ– သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း။ ဧပြီ နှင့် မေ– ကင်းမျှော်စင်နှင့် နိုးလော့! တစ်စောင်ချင်းစီ။ ရက်သတ္တပတ်အလယ်လုပ်ငန်းတော်အတွက်နှင့် မကြာခဏအမှုဆောင်ရသည့်ရပ်ကွက်တွင် ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်းဘရိုရှာကို အသုံးပြုပေမည်။ ဇွန်– ထာဝရအသက်ရစေသောအသိပညာ။ အိမ်တွင်းကျမ်းစာသင်အံမှုစခြင်းအပေါ် အာရုံစိုက်ပါ။
▪ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသောသူသည် အသင်းတော်စာရင်းအင်းများကို မတ်လ ၁ ရက် သို့မဟုတ် ထိုနေ့ရက်နောက်ပိုင်း စောစော စာရင်းစစ်သင့်သည်။ ယင်းကိုပြုလုပ်ပြီးလျှင် အသင်းတော်အား ကြေညာပါ။
▪ ဤနှစ်သတိရအောက်မေ့ပွဲအချိန်အခါအတွက် အထူးလူထုဟောပြောချက်ကို အသင်းတော်အများစုတွင် ဧပြီ ၆ ရက်၊ တနင်္ဂနွေနေ့တွင်ပေးပါမည်။ ဟောပြောချက်၏ခေါင်းစဉ်မှာ “လောကီညစ်ညူးမှုများမှ ကင်းစင်လျက်နေလော့” ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးတက်ရောက်သင့်ပြီး သတိရအောက်မေ့ပွဲတက်ရောက်သော စိတ်ဝင်စားသူများကို ဟောပြောချက်ပေးသောအခါ ရောက်ရှိနေရန် ကူညီပေးသင့်သည်။ ကျွန်ုပ်တို့ကြားရသည့်အရာသည် အမှန်ပင် ဘုရားသခင့်စိတ်တော်နှင့်တွေ့သည့် ဆုံးဖြတ်ချက်ကို ထပ်မံချမှတ်ရန် ဖြစ်စေပါမည်။
▪ အကြီးမြတ်ဆုံးလူသားစာအုပ်ဖြင့် အသင်းတော်လေ့လာမှုများကို အကျိုးအများဆုံးရရှိနိုင်ရန် ၁၉၉၂၊ စက်တင်ဘာလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၁ တွင်ပါသည့် လမ်းညွှန်ချက်ကောင်းများကို ကျေးဇူးပြု၍သုံးသပ်ပါ။ ထိုဆောင်းပါးက သင်ခန်းစာတစ်ခုစီကို မည်သို့ကြိုတင်ပြင်ဆင်ရမည်နှင့် အသင်းတော်စာအုပ်ကြီးသင်တန်းအတွက် လိုက်လျှောက်ရမည့်ပုံစံတို့ကို ရှင်းပြထားသည်။ သင်တန်းမှူးနှင့် တက်ရောက်သူအားလုံးသည် ဤအချက်အလက်များကို ပြန်လည်သုံးသပ်ကြခြင်းဖြင့် အကျိုးခံစားရမည်ဖြစ်သည်။
▪ ဤနှစ်အတွင်း လူထုအဖွဲ့အစည်းတိုင်း၌ လောကီအားလပ်ရက်များ အကြိမ်များစွာရှိနေခြင်းသည် ကလေးများအား ကျောင်းတက်ရခြင်းမှကင်းလွတ်ခွင့်ရစေပြီး လောကီအလုပ်မှ အားလပ်ချိန်ရရှိစေသည်။ ယင်းက အသင်းတော်အတွက် လယ်ကွင်းဓမ္မအမှုတွင် တိုး၍ပါဝင်ရန် အခွင့်အခါကောင်းများရရှိစေသည်။ အကြီးအကဲများသည် ဤအခါသမယများပေါ်ပေါက်လာမည့်အချိန်ကို ကြိုတင်မျှော်လင့်ထားသင့်ပြီး အားလပ်ရက်များအတောအတွင်း အုပ်စုလိုက်သက်သေခံရန် အစီအစဉ်များကို အသင်းတော်အား ကြိုတင်ကြေညာသင့်သည်။
▪ တိုက်နယ်နှင့် အထူးအစည်းအဝေးနေ့များ၏ ရက်စွဲနှင့်နေရာ ပြင်ဆင်သတ်မှတ်ခြင်း–
တိုက်နယ် ၄ တွင် ဒိုင်နမ်းအစား မတူပီတွင်ကျင်းပမည်ဖြစ်ပါသည်။
မတူပီ—မေ ၂-၄
တိုက်နယ် ၆
ကျောက်မဲ—ဧပြီ ၁၈-၂၀