ကြေညာချက်များ
▪ မတ် တွင်ဝေငှရန်စာပေ– ထာဝရအသက်ရစေသောအသိပညာ။ အိမ်တွင်းကျမ်းစာသင်အံမှုများစခြင်းအပေါ် အာရုံစိုက်ပါ။ ဧပြီနှင့် မေ– ကင်းမျှော်စင်နှင့် နိုးလော့!တစ်စောင်ချင်းစီ။ ဇွန်– အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား၊ ဘုရားသခင်ကို လူသားများ ရှာပုံတော် [လိပ်] သို့မဟုတ် ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆို။
▪ ဧပြီနှင့် မေလများတွင် အရန်ရှေ့ဆောင်လိုသော ကြေညာသူများသည် ယခုပင်စီစဉ်ပြီး လျှောက်လွှာများကို စောစောတင်ထားသင့်သည်။ ဤသို့အားဖြင့် အကြီးအကဲများသည် လယ်ကွင်းလုပ်ငန်းအစီအစဉ်များကို လိုအပ်သလိုစီစဉ်ကာ မဂ္ဂဇင်းနှင့် အခြားစာအုပ်စာတမ်းများ အလုံအလောက်ရှိရန် စီစဉ်ပေးနိုင်ပါမည်။ အရန်ရှေ့ဆောင်လုပ်ရန် ခွင့်ပြုချက်ရသည့်သူအားလုံး၏ အမည်ကို အသင်းတော်အားကြေညာသင့်သည်။
(စာမျက်နှာ ၆၊ ကော်လံ ၁ တွင်ဆက်ရန်)
▪ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသောသူသည် အသင်းတော်စာရင်းအင်းများကို မတ်လ ၁ ရက် သို့မဟုတ် ထိုနေ့ရက်နောက်ပိုင်း စောစော စာရင်းစစ်သင့်သည်။ ယင်းကိုပြုလုပ်ပြီးလျှင် အသင်းတော်အား ကြေညာပါ။
▪ ကင်းမျှော်စင်နှင့် နိုးလော့!အတွက် ကိုယ်ပိုင်နှစ်စဉ်ကြေးအပါအဝင် နှစ်စဉ်ကြေးအသစ်နှင့် နောက်နှစ်အတွက် ပြန်ယူခြင်းတို့ကို အသင်းတော်နှင့်ပူးပေါင်းသူများသည် အသင်းတော်မှတစ်ဆင့်ပို့ပေးရမည်။
▪ ကြေညာသူတစ်ဦးချင်းစီ တောင်းခံသည့်စာအုပ်စာတမ်းများကို အသင်းမပို့ပေးမည်မဟုတ်ပါ။ ကိုယ်ပိုင်ရလိုသောစာပေစာတမ်းအားလုံးကို စာအုပ်စာတမ်းတာဝန်ခံညီအစ်ကိုအား အသိပေးနိုင်ရန်၊ အသင်းတော်၏လစဉ် စာအုပ်စာတမ်းမှာယူသည့်စာရင်းကို အသင်းမသို့မပို့မီ ဦးစီးကြီးကြပ်မှူးသည် လစဉ်ကြေညာပေးရန် စီစဉ်ပေးပါမည်။ မည်သည့်စာအုပ်များသည် အထူးမှာယူရသည့်စာအုပ်များဖြစ်သည်ကို ကျေးဇူးပြု၍ မမေ့ပါနှင့်။
▪ ရရှိနိုင်သောစာအုပ်စာတမ်းများ–
လူငယ်များအမေး—အင်္ဂလိပ်
အသိပညာ—အင်္ဂလိပ်၊ မြန်မာ
ကျမ်းစာပုံပြင်—အင်္ဂလိပ်၊ ဟားခါး
အကြီးမြတ်ဆုံးလူသား—မြန်မာ၊ ဟင်ဒီ
ထာဝစဉ်အသက်ရှင်—(အကြီး) မြန်မာ၊ အင်္ဂလိပ်
သီချင်းစာအုပ်—(အကြီး) (အသေး) အင်္ဂလိပ်
ထိုးထွင်းသိမြင်ခြင်း—အင်္ဂလိပ်
ကျွန်ုပ်တို့၏ဓမ္မအမှုကို ပြီးမြောက်စေရန် ဖွဲ့စည်းထားခြင်း—မြန်မာ
သီအိုကရက်တစ်ဓမ္မအမှုကျောင်းလမ်းညွှန်စာအုပ်—မြန်မာ
တောင်းဆို—မြန်မာ၊ ဟားခါး၊ စကောကရင်
ကမ္ဘာသားဘဝ—မြန်မာ
ဘုရားသခင်သည် ကျွန်ုပ်တို့အားအမှန်ပင်ဂရုစိုက်တော်မူသလော—စကောကရင်
လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်—မြန်မာ
▪ ရရှိနိုင်သောလေဆာဓာတ်ပြားများ–
နိုင်ငံတော်သီချင်းကျူးဧခြင်း—(cds-E)
▪ ရရှိနိုင်သောကက်ဆက်ခွေများ–
နိုင်ငံတော်သီချင်းကျူးဧခြင်း—(css-E)