တိုက်နယ်စည်းဝေးအစီအစဉ်သစ်
“ဘုရားသခင့်ပညတ်တော်များကို ကျင့်စောင့်၍အသက်ရှင်လော့” ဟူသည် စက်တင်ဘာတွင်အစပြုမည့် နှစ်ရက်ကြာတိုက်နယ်စည်းဝေးအစီအစဉ်၏ အဓိကအချက်ဖြစ်၏။ (သု. ၄:၄) ယင်းက ဘုရားသခင့်အမိန့်တော်များကိုနာခံခြင်းသည် အဘယ်ကြောင့်ဝန်ထုပ်မဖြစ်ကြောင်း အလေးပေးတင်ပြမည်။ ထို့အပြင် ဘုရားသခင်၏အလိုတော်ဆောင်ခြင်းသည် လန်းဆန်းမှုနှင့် စစ်မှန်သောပျော်ရွှင်မှုကိုသာမက အနာဂတ်မျှော်လင့်ချက်ကိုလည်း မည်သို့ရရှိစေကြောင်း တင်ပြသွားမည်။—မ. ၁၁:၂၈-၃၀; ယော. ၁၃:၁၇။
ခရစ်တော်၏အမိန့်တော်ကိုနာခံသည့်အနေနှင့် စည်းဝေးတွင်နှစ်ခြင်းခံလိုသူများသည် ဦးစီးကြီးကြပ်မှူးအားပြောပြရမည်၊ သူသည် လိုအပ်သည့်အစီအစဉ်များကို ပြုလုပ်မည်ဖြစ်သည်။—မ. ၂၈:၁၉၊ ၂၀။
အခန်းဆက်တစ်ခုက ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ညီအကိုများအပေါ် မေတ္တာတင်ပြနိုင်သည့် လက်တွေ့ကျနည်းလမ်းများကို ရှင်းပြပေးမည်။ (ယော. ၁၃:၃၄၊ ၃၅; ၁ ယော. ၅:၃) အစီအစဉ်တွင် ဆာလံ ၁၉ နှင့် ၁၁၉ မှနှလုံးကိုလှုံ့ဆော်ပေးသောသြဝါဒ ပါဝင်မည်။ ဤဆာလံကျမ်းများပါမှုတ်သွင်းခံသြဝါဒကို လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ရေးခဲ့သော်လည်း ယနေ့အချိန်ရှိကျွန်ုပ်တို့တစ်ဦးစီအား မည်သို့အကျိုးပြုကြောင်း တွေ့ရှိရမည်။
ခရိုင်ကြီးကြပ်မှူးဟောမည့် လူထုဟောပြောချက်ခေါင်းစဉ်မှာ “ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကိုစောင့်ရှောက်လော့” ဖြစ်သည်။ (ဒေ. ၁၂:၁၃) တိုက်နယ်ကြီးကြပ်မှူး၏နောက်ဆုံးဟောပြောချက်က လူငယ်များသည် လောလောဆယ် ဘဝ၏အနှစ်သာရကို မည်သို့ရယူနိုင်ကြောင်းနှင့် ထာဝရအနာဂတ်ကို အဘယ်ကြောင့် သူတို့စိတ်ချနိုင်ကြောင်းကို တင်ပြမည်။ ခရိုင်ကြီးကြပ်မှူးက မေတ္တာဆိုင်ရာ “ပညတ်ချုပ်” အတိုင်းအသက်ရှင်ခြင်းမှ ရရှိမည့်အကျိုးကျေးဇူးမြောက်မြားစွာကို ရေတွက်ခြင်းဖြင့် နိဂုံးချုပ်ပါမည်။ (ယာ. ၂:၈၊ ကဘ) အမှန်ပင် ယင်းသည် မည်သူမျှလက်လွတ်လိုလိမ့်မည်မဟုတ်သည့် အစည်းအဝေးအစီအစဉ်တစ်ရပ်ပင်ဖြစ်၏!