ကြေညာချက်များ
▪ ဒီဇင်ဘာတွင်ဝေငှရန်စာပေ– ကမ္ဘာသစ်ဘာသာပြန်ကျမ်းနှင့်အတူ ထာဝရအသက်ရစေသောအသိပညာ။ ဇန်နဝါရီ– အသင်းတော်တွင်ရှိမည့် ၁၉၈၅ ခုနှစ်မတိုင်မီထုတ်ဝေခဲ့သော ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆို။ ထိုသို့သောစာအုပ်များမရှိသည့်အသင်းတော်များသည် စစ်မှန်သောငြိမ်းချမ်းရေးနှင့်လုံခြုံမှု—ယင်းကို သင်မည်သို့ရရှိနိုင်သနည်း [လိပ်] သို့မဟုတ် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်ကို ဝေငှမည်။ ဖေဖော်ဝါရီ– မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်။ မတ်– ထာဝရအသက်ရစေသောအသိပညာ။ အိမ်တွင်းကျမ်းစာသင်အံမှုများစရန် အထူးကြိုးစားကြမည်။
▪ အသင်းတော်များသည် ဒီဇင်ဘာစာအုပ်စာတမ်းမှာယူရာတွင် ၁၉၉၈ ခုနှစ်အတွက် အင်္ဂလိပ်ကင်းမျှော်စင်နှင့် နိုးလော့!နှစ်ချုပ်စာအုပ်တွဲများကို စတင်မှာယူနိုင်သည်။ နှစ်ချုပ်စာအုပ်တွဲများကို တရုတ်၊ အင်္ဂလိပ်ဘာသာစကားများဖြင့် ရရှိနိုင်ပါသည်။ နှစ်ချုပ်စာအုပ်တွဲများမရောက်မချင်း အသင်းတော်သို့ပို့သည့်စာရင်းတွင် “ဆိုင်းငံ့ထား” ဟူ၍ဖော်ပြထားမည်။ နှစ်ချုပ်စာအုပ်တွဲများသည် အထူးမှာယူရသည့်စာပေဖြစ်သည်။
▪ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် အသင်းတော်စာရင်းအင်းများကို ဒီဇင်ဘာ ၁ ရက် သို့မဟုတ် စောနိုင်သရွေ့စောစောစစ်ဆေးသင့်သည်။ ပြီးသည့်အခါ နောက်အပတ်စာရင်းအင်းမှတ်တမ်းဖတ်ပြပြီးနောက် အသင်းတော်ကိုကြေညာပေးပါ။
▪ သက္ကရာဇ် ၂၀၀၀ အတွက် သတိရအောက်မေ့ပွဲသည် ဧပြီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ နေဝင်ပြီးချိန်တွင်ဖြစ်သည်။ အရေးကြီးသည့်အခါသမယဖြစ်သောကြောင့် သတိရအောက်မေ့ပွဲဟောပြောချက်ပေးရန်တာဝန်ပေးရာတွင် အကြီးအကဲအဖွဲ့သည် အလှည့်ကျဟောခြင်း သို့မဟုတ် နှစ်စဉ် ညီအစ်ကိုတစ်ဦးတည်းကိုသာသုံးခြင်းအစား ပိုအရည်အချင်းရှိသည့်အကြီးအကဲများထဲမှတစ်ဦးကို ရွေးသင့်သည်။ ဟောပြောချက်ပေးနိုင်သည့် အရည်အချင်းရှိဘိသိက်ခံအကြီးအကဲတစ်ဦးရှိမည်ဆိုလျှင် ခြွင်းချက်ဖြစ်မည်။
▪ ဇန်နဝါရီလတွင် စနေတနင်္ဂနွေငါးပတ်ရှိရာ များစွာသောသူတို့အတွက် အရန်ရှေ့ဆောင်ရန် ကောင်းသောအချိန်ဖြစ်သည်။
▪ ၁၉၉၉ နှစ်ချုပ်ကျမ်းချက်—‘ယခုပင် ကယ်တင်ရာနေ့ရက်ဖြစ်၏။’—၂ ကော. ၆:၂၊ သမ္မာ။
▪ “Look! Now is the day of salvation.”—2 Cor. 6:2.
▪ “Zohhmanh! Atu hi khamhnak ni a si.”—2 Kor. 6:2, NW. [Hakha Chin]
▪ ၁၉၉၉ အထူးနှင့်တိုက်နယ်အစည်းအဝေးများ—
တိုက်နယ် ၁ မော်လမြိုင် မတ် ၁၂-၁၄
ရန်ကုန် မေ ၇-၉
တိုက်နယ် ၂ မြစ်ကြီးနား (မြောက်) မတ် ၂၆-၂၈
လားရှိုး (မြောက်) ဧပြီ ၂၃-၂၅
တိုက်နယ် ၃ ကြာအင်း မတ် ၁၂-၁၄
နန်းခေါက်ခေါက် မတ် ၁၉-၂၁
တိုက်နယ် ၄ တလန်ခွား ဧပြီ ၉-၁၁
လိုတော ဧပြီ ၂၃-၂၅
တိုက်နယ် ၅ အုန်းပင်စု မတ် ၂၆-၂၈
မြဂိုးကြီး ဧပြီ ၂၃-၂၅
တိုက်နယ် ၆ ထမံသီ ဖေဖော်ဝါရီ ၂၆-၂၈
တောင်ကြီး မတ် ၁၉-၂၁
လွိုင်မွေ ဧပြီ ၂၃-၂၅
▪ ရရှိနိုင်သောစာအုပ်စာတမ်းများ—
အကြီးမြတ်ဆုံးလူသား— မြန်မာ၊ အင်္ဂလိပ်၊ ဟင်ဒီ
အသိပညာ— အင်္ဂလိပ်၊ တယ်မီလ်
ကမ္ဘာသားဘဝ— ကယန်း
တောင်းဆို— ဟားခါး၊ ကူကီး
ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ— မြန်မာ
သွေးသည် သင့်အသက်ကို မည်သို့ကယ်တင်နိုင်သနည်း— အင်္ဂလိပ်