ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၉၉ စာ. ၃
  • တိုက်နယ်စည်းဝေးအစီအစဉ်သစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တိုက်နယ်စည်းဝေးအစီအစဉ်သစ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • တိုက်နယ်စည်းဝေးအစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • တိုက်နယ်စည်းဝေးပွဲအစီအစဉ်အသစ်
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • တိုက်နယ်စည်းဝေးအစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • တိုက်နယ်စည်းဝေးအစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နဓ ၇/၉၉ စာ. ၃

တိုက်နယ်စည်းဝေးအစီအစဉ်သစ်

ယေဟောဝါနှင့်လျှောက်လှမ်းခြင်းမှ ယခု သင်မည်သည့်လက်တွေ့ကျအကျိုးများ ခံစားနေရသနည်း။ သင့်အသက်တာတွင် နိုင်ငံတော်ရေးရာများကို ပထမနေရာမှဖယ်ထုတ်ပစ်ရန် သီအိုကရက်တစ်မဆန်သောလိုက်စားမှုများကိုခွင့်ပြုဖို့ သွေးဆောင်ခံရခြင်းကို သင်မည်သို့တွန်းလှန်နိုင်သနည်း။ (မ. ၆:၃၃) အမှားကိုအမှန်ဟုအထင်ရှိစေသည့်လောကတွင် အမှားနှင့်အမှန်ကိုခွဲခြားသိရှိရန် သင်အခက်တွေ့နေသလော။ (ဟေဗြဲ ၅:၁၄) ဤအကြောင်းအရာများကို ၁၉၉၉၊ စက်တင်ဘာမှအစပြုမည့် “ဘုရားသခင့်လမ်းတော်များ၌ လျှောက်လှမ်းခြင်းဖြင့် ယခုအကျိုးခံစားလော့” ဟူသည့်တိုက်နယ်အစည်းအဝေးတွင် ဟောပြောသွားပါမည်။—ဆာ. ၁၂၈:၁။

ဤတိုက်နယ်အစည်းအဝေး၏ စနေနေ့အသွင်သစ်တစ်ရပ်သည် စံပြလုပ်ငန်းတော်စည်းဝေးတစ်ခုကို တင်ဆက်ခြင်းဖြစ်ပါမည်။ သင့်တိုက်နယ်ကြီးကြပ်မှူးသည် အစီအစဉ်တွင်အပြည့်အဝပါဝင်ရန် အားလုံးပြင်ဆင်လာနိုင်ဖို့ စီစဉ်ထားသည့်အရာများကို အသင်းတော်များအား အကြောင်းကြားပါမည်။

“ရှေ့ဆောင်များ—သင်တို့လျှောက်လှမ်းပုံကို စေ့စေ့သတိပြုကြလော့” ဟူသည့်အပိုင်းက ရှေ့ဆောင်ဓမ္မအမှုအတွက် အခွင့်အခါသင့်သောအချိန်ကိုဝယ်ယူရန် ဉာဏ်ပညာနှင့် အကျိုးသင့်အကြောင်းသင့်ရှိမှုကို မည်သို့ကျင့်သုံးနိုင်ကြောင်း တင်ပြပါမည်။ (ဧ. ၅:၁၅-၁၇) “မှန်ကန်သည့်ပုံသာပေါက်သောလမ်းများကိုသတိပြု” ဟူသည့်အကြောင်းအရာက ဘဝကဏ္ဍအသီးသီးတွင် ဘုရားသခင်နှစ်သက်လက်ခံသည့်အရာများကို မည်သို့အသေအချာသိရှိကြောင်းကို သင်ပေးပါမည်။ “ပြည့်စုံပြီးသောပရောဖက်ပြုချက်က ကျွန်ုပ်တို့ကို မည်သို့အကျိုးသက်ရောက်ပုံ” ဟူသည့်ဟောပြောချက်က ကျွန်ုပ်တို့၏စိတ်နှင့်နှလုံးအား ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုချစ်ခြင်းဖြင့် ပြည့်နေစေရန် ကူညီပေးပါမည်။ “ဘုရားသခင့်နည်းလမ်းတော်များ—မည်မျှအကျိုးပြု!” ဟူသည့်လူထုဟောပြောချက်က ယေဟောဝါ၏ဖြောင့်မတ်သောတောင်းဆိုချက်များနှင့်အညီ ဆက်လျှောက်လှမ်းနေခြင်းမှ ယခုခံစားနေရသည့် လက်တွေ့ကျအကျိုးကျေးဇူးများကို အလေးပေးတင်ပြပါမည်။

သင်သည် ရေတွင်နှစ်ခြင်းခံခြင်းဖြင့် ကိုယ်တော့်ဆက်ကပ်အပ်နှံကျေးကျွန်တစ်ဦးအဖြစ် ဘုရားသခင့်နည်းလမ်းတော်အတိုင်းလျှောက်လှမ်းလိုကြောင်း လူအများရှေ့တင်ပြရန်ဆန္ဒရှိသလော။ ထိုသို့ဆန္ဒရှိလျှင် လိုအပ်သည့်အစီအစဉ်များပြုလုပ်နိုင်ရန် ဦးစီးကြီးကြပ်မှူးကိုပြောပါ။

ဤအခန့်သင့်တိုက်နယ်အစည်းအဝေးကို မလွတ်စေရန် သန္နိဋ္ဌာန်ချထားပါ။ အစီအစဉ်နှစ်ရက်စလုံးကိုတက်ပါ၊ အကြောင်းမှာ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုကြောက်ရွံ့၍ လမ်းခရီးတော်သို့လိုက်သွားသမျှသောသူတို့သည် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ]” ကြသောကြောင့်တည်း။—ဆာ. ၁၂၈:၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ