ဖန်ဆင်းရှင်စာအုပ်အတွက် တင်ဆက်မှုများပြင်ဆင်ရာတွင် သင့်အတွက် အကူအညီဖြစ်စေရန် အောက်ပါအကြံပြုချက်များကို အသုံးပြုပါ။
“ကျွန်တော်တို့ရဲ့ အရှုပ်ထွေးဆုံးပြဿနာတွေကို ဖြေရှင်းပုံနဲ့ပတ်သက်ပြီး အကောင်းဆုံးအကြံဉာဏ် ဘယ်နေရာမှာရရှိနိုင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် မဿဲ ၇:၂၈၊ ၂၉ ကိုဖတ်ပါ။] ဒီကျမ်းချက်က ယေရှုရဲ့တောင်ပေါ်ဒေသနာကို လူတွေ ဘယ်လိုတုံ့ပြန်တယ်ဆိုတာ ဖော်ပြတယ်။ တခြားလူတွေ ပြောဆိုခဲ့တဲ့စကားတွေကို သတိပြုကြည့်ပါ။ [စာမျက်နှာ ၁၅၂ ရှိမှတ်ချက်များကို သုံးသပ်ပါ။] ဒီအခန်းက ယေရှုရဲ့အသက်တာနဲ့ သွန်သင်ချက်တွေကို ဆွေးနွေးထားတယ်။”
“‘ဘုရားတစ်ဆူရှိမယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ ဆင်းရဲဒုက္ခနဲ့ မတရားမှုတွေကို တစ်ချိန်ချိန်မှာဖယ်ရှားပေးမလား’ ဆိုပြီး မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်ပါ။] ဒီစာအုပ်က ဆင်းရဲဒုက္ခနဲ့ ဆင်းရဲဒုက္ခရဲ့မူလရင်းမြစ်ကို ဘုရားသခင် ဘယ်လိုဖယ်ရှားပေးမယ်ဆိုတာ ရှင်းပြထားတယ်။” အခန်း ၁၀ ကိုပြပါ။