ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၉၉ စာ. ၁
  • ဟောပြောခြင်းက ကျွန်ုပ်တို့ကိုခြားနားစေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟောပြောခြင်းက ကျွန်ုပ်တို့ကိုခြားနားစေ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသက်သေများ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ဘာသာတရား
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • သင်ဟာ ‘ကောင်းသော အမှု၌ စိတ်အားထက်သန်’ သူလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဟောပြောခြင်းလုပ်ငန်းမှာ ယေရှုရဲ့ ထက်သန်မှုကို အတုယူပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နဓ ၁၁/၉၉ စာ. ၁

ဟောပြောခြင်းက ကျွန်ုပ်တို့ကိုခြားနားစေ

၁ “ယေဟောဝါသက်သေတွေကို တခြားဘာသာတွေနဲ့ ကွာခြားစေတဲ့အရာကဘာလဲ” ဟူ၍လူအများမေးကြ၏။ သင်မည်သို့ပြန်ဖြေမည်နည်း။ ကျွန်ုပ်တို့၏ကျမ်းစာအခြေပြုယုံကြည်ချက်အချို့ကို သင်ရှင်းပြနိုင်သည်။ သို့သော် ကျွန်ုပ်တို့၏ဓမ္မအမှုက ကျွန်ုပ်တို့ကို အခြားဘာသာများနှင့် မည်မျှခြားနားစေသည်ကိုလည်းထောက်ပြဖို့ သင်စဉ်းစားဖူးသလော။—မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀။

၂ ယနေ့၊ မိမိတို့၏ယုံကြည်ချက်များကို အခြားသူများအားဝေမျှရန် လှုံ့ဆော်ခံရကြသော ဘာသာရေးကိုင်းရှိုင်းသူများမှာ နည်း၏။ သူတို့သည် ကဲသာ၏ဥပဒေများကိုနာခံလျှင်၊ ကိုယ်ကျင့်တရားကောင်းသည့်အသက်တာနှင့်နေထိုင်လျှင် သို့မဟုတ် အခြားသူတို့အား ကောင်းမှုများပြုလျှင် လုံလောက်သည်ဟု ယူဆကြပေမည်။ သို့သော် ကယ်တင်ခြင်းရဖို့နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာဖော်ပြထားရာများကို အခြားသူများ သိရှိရန်ကူညီပေးဖို့ တာဝန်မရှိဟု သူတို့ယူဆကြသည်။ ကျွန်ုပ်တို့မည်သို့ကွာခြားကြသနည်း။

၃ ကျွန်ုပ်တို့၏ဇွဲရှိသောဓမ္မအမှုသည် အခြားဘာသာများ၏လုပ်ဆောင်မှုများနှင့် အလွန်ကွာခြားကြောင်း သိသာထင်ရှားသည်။ အနှစ် ၁၀၀ ကျော်တိုင်တိုင် မျက်မှောက်ခေတ်သက်သေခံများသည် ကနဦးခရစ်ယာန်များကိုတုပကာ သတင်းကောင်းကို မြေကြီးစွန်းတိုင်အောင် ဝီရိယရှိရှိဟောပြောခဲ့ကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် ကျွန်ုပ်တို့၏ဦးတည်ချက်မှာ လူများနိုင်သလောက်များများအား သူတို့၏အသက်တာကို ဘုရားသခင်၏အလိုတော်နှင့်ညီညွတ်စေရန် ကူညီပေးဖို့ဖြစ်သည်။—၁ တိ. ၂:၄; ၂ ပေ. ၃:၉။

၄ သင့်ဂုဏ်သတင်းကား အဘယ်နည်း။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဇွဲရှိရှိဟောပြောသူတစ်ဦးအဖြစ် သင့်ကိုသိရှိကြသလော။ (တ. ၁၇:၂၊ ၃; ၁၈:၂၅) သင့်ဟောပြောခြင်းလုပ်ငန်းကြောင့် သင့်အိမ်နီးချင်းများသည် သူတို့၏ဘာသာနှင့် သင့်ဘာသာကွာခြားချက်ကို အလွယ်တကူတွေ့ မြင်ကြသလော။ မိမိ၏မျှော်လင့်ချက်ကို အခြားသူများအားဝေမျှဖို့ စိတ်အားထက်သန်သူတစ်ဦးအဖြစ် သင့်ကို သိရှိကြသလော။ ဓမ္မအမှုတွင်ပါဝင်ရန်အတွက် ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုရှိသလော။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏နာမည်အားဖြင့်သာမက ထိုနာမည်ကဖော်ပြသည့်အရာ—ယေဟောဝါအကြောင်းသက်သေခံခြင်း—ကိုလုပ်ဆောင်ခြင်းအားဖြင့်လည်း မိမိကိုယ်ကိုခြားနားစေကြသည်။—ဟေရှာ. ၄၃:၁၀။

၅ ဘုရားသခင်နှင့် အိမ်နီးချင်းကိုချစ်ခြင်းက ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေး၏။ (မ. ၂၂:၃၇-၃၉) ယင်းကြောင့် ကျွန်ုပ်တို့သည် ယေရှုနှင့်တမန်တော်များနည်းတူ အခြားသူများအား နိုင်ငံတော်သတင်းကိုဝေမျှရန် ရသမျှအခွင့်အရေးကိုအသုံးချလိုကြသည်။ သတင်းကောင်းကို နားထောင်လိုသူများအား ဇွဲနပဲဖြင့် ဆက်၍ဟောပြောကြစို့။ ထိုသို့လုပ်ဆောင်ခြင်းသည် နှလုံးရိုးဖြောင့်သူများအား “ဘုရားသခင်၏အမှုတော်ကိုဆောင်သောသူ၊ မဆောင်သောသူတို့ကို ပိုင်းခြား၍သိ” ရန်ကူညီပေးပါမည်။—မာလ. ၃:၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ