ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၁ စာ. ၁
  • ကြိုတင်စီစဉ်ခြင်း—အဘယ်အရာအတွက်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြိုတင်စီစဉ်ခြင်း—အဘယ်အရာအတွက်နည်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • အောင်မြင်မှုကို သင်မည်သို့တိုင်းတာသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ‘သင့်ရဲ့ အစီအစဉ်အားလုံးကို အောင်မြင်ခွင့်ပေးပါစေ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ကြိုတင်စီစဉ်ပါလေ!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • အချိန်ပြည့်လုပ်ငန်း၏ရွှင်လန်းမှု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နဓ ၄/၀၁ စာ. ၁

ကြိုတင်စီစဉ်ခြင်း—အဘယ်အရာအတွက်နည်း

၁ ကျွန်ုပ်တို့အားလုံးသည် အနာဂတ်အတွက် ကျွန်ုပ်တို့၏အစီအစဉ်များကို အတော်အတန်စဉ်းစားကြသည်။ မြေကြီးမျှော်လင့်ချက်ရှိသူများသည် ဘုရားသခင့်ဖြောင့်မတ်သောကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်ရန် စောင့်မျှော်နေကြသည်။ သို့သော် ထိုမျှော်လင့်ချက်ကို လူတစ်ဦး၏နှလုံးထဲမှနုတ်ယူနိုင်သည့် ဩဇာလွှမ်းမိုးမှုများရှိ၏။ ကျွန်ုပ်တို့၏အသက်တာကို နိုင်ငံတော်ရေးရာများအပေါ် ဆက်တည်ဆောက်နေရန်နှင့် မက်မောစရာကောင်းသည့် သွေးသားလိုအင်ဆန္ဒများကြောင့် လမ်းမလွဲသွားစေရန် အင်တိုက်အားတိုက်ကြိုးစားဖို့လိုသည်။—၁ ယော. ၂:၁၅-၁၇။

၂ ဤလောကသည် ဝိညာဏလူတို့၏ရည်မှန်းချက်များကို လုံးဝနားလည်နိုင်မည်မဟုတ်ပေ။ (၁ ကော. ၂:၁၄) အခြားလူသားများသည် ကျော်ကြားမှု၊ အခွင့်အာဏာ သို့မဟုတ် စည်းစိမ်ဥစ္စာရရှိရန် ကြိုးပမ်းနေကြစဉ် ကျွန်ုပ်တို့မူ ဝိညာဏဘဏ္ဍာအတွက် ကြိုးပမ်းကြသည်။ (မ. ၆:၁၉-၂၁) အနာဂတ်ကိုလောကရှုမြင်ပုံအတိုင်း ကျွန်ုပ်တို့တွေးခေါ်ရန် ပြုပြင်ပြောင်းလဲဖို့ကြိုးစားလျှင် ကျွန်ုပ်တို့၏ဝိညာဏပန်းတိုင်များကိုမီပါမည်လော။ လောကီရေးရာများသည် ကျွန်ုပ်တို့၏နှလုံးကို တစ်ခဏချင်းတွင် လွှမ်းမိုးသွားပါလိမ့်မည်။ ထိုသို့မဖြစ်စေရန် ကျွန်ုပ်တို့မည်သို့တားဆီးနိုင်သနည်း။

၃ “သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့”– ကျွန်ုပ်တို့၏အနာဂတ်ကို နိုင်ငံတော်ရေးရာများအပေါ် တည်ဆောက်နေမနေပိုင်းဖြတ်ရန် နည်းတစ်နည်းမှာ ကျွန်ုပ်တို့၏အပြောအဆိုကို ဆန်းစစ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ရုပ်ပစ္စည်းများနှင့် လောကီရေးရာများအကြောင်း အမြဲတစေပြောဆိုနေသလော။ သို့ဖြစ်နေလျှင် ကျွန်ုပ်တို့၏နှလုံးသည် ဝိညာဏတန်ဖိုးရှိရာများအပေါ် အာရုံစိုက်နေမနေ သုံးသပ်ရပေမည်။ ကျွန်ုပ်တို့သည် ‘ကိုယ်ကာယ၏တပ်မက်ခြင်းအလို့ငှာ ကြံစည်မည့်အစား သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ခြင်း’ ကိုပိုအလေးထားရန် လိုအပ်နေပေမည်။—ရော. ၁၃:၁၄။

၄ လူငယ်တို့သည် အချိန်ပြည့်ဓမ္မအမှုတွင် ပါဝင်ဆောင်ရွက်သည့်နေ့အတွက် ကြိုတင်စီစဉ်ခြင်းအားဖြင့် ‘ခရစ်တော်ကို ယူတင်ဝတ်ဆောင်’ နိုင်သည်။ မှန်မှန်ရှေ့ဆောင်လုပ်လိုသောလူငယ်တစ်ဦးသည် လူငယ်များအနေနှင့် ငွေရေးကြေးရေးအမာခံရှိအောင်လုပ်ထားရန် ဓလေ့ထုံးစံခေတ်စားနေသည့် ယဉ်ကျေးမှုတွင် ကြီးပြင်းလာခဲ့သည်။ ထို့ကြောင့် သူသည် အစည်းအဝေးတက်ခြင်းနှင့် ဓမ္မအမှုတွင်ပါဝင်ခြင်းတို့ကို ဝတ်ကျေတန်းကျေမျှသာ ပြုလုပ်တော့သည်အထိ လုပ်ငန်းတွင်နစ်မြုပ်နေသည်။ သူသည် မဿဲ ၆:၃၃ ပါယေရှု၏စကားကို ယုံကြည်အားထားလာသည်နှင့် ရည်မှန်းချက်မဲ့ပြီး ရှိသမျှအချိန်ကုန်လူပင်ပန်းသောလုပ်ရိုးလုပ်စဉ်ကို ရပ်ဆိုင်းကာ အချိန်ပြည့်လုပ်ငန်းတွင်ပါဝင်လေတော့သည်။ ယခု သူသည် ကောင်းသောသြတ္တပ္ပစိတ်ဖြင့် သူပြောပြသည့်အတိုင်း ‘အစွမ်းရှိသမျှ’ နှင့်ယေဟောဝါ၏အမှုတော်ကို ဆောင်ရွက်နေပါသည်။

၅ သမ္မာကျမ်းစာက အနာဂတ်အတွက်စီစဉ်ခြင်းသည် ပညာရှိကြောင်းဖော်ပြသည်။ (သု. ၂၁:၅) ကျွန်ုပ်တို့အားလုံး ဘုရားသခင်၏အလိုတော်ကို ဦးစားထားကာ ထိုသို့လုပ်ဆောင်ကြစို့။—ဧ. ၅:၁၅-၁၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ