ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၀၁ စာ. ၁
  • သခင့်လုပ်ငန်း၌အလုပ်များနေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သခင့်လုပ်ငန်း၌အလုပ်များနေခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နဓ ၇/၀၁ စာ. ၁

သခင့်လုပ်ငန်း၌အလုပ်များနေခြင်း

၁ တမန်တော်ပေတရုက “ထိုသခင် (ယေရှု) သည်လည်း . . . လူအပေါင်းတို့အား ဟောပြောကြလော့၊ သက်သေခံကြလော့ဟု ငါတို့အားပညတ်ထားတော်မူ၏” ဟုဆိုခဲ့သည်။ (တ. ၁၀:၄၂) ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည့် ဤလုပ်ငန်းကိုလုပ်ဆောင်ရန် ယေဟောဝါထံ ကျွန်ုပ်တို့အားလုံး ဆက်ကပ်အပ်နှံခဲ့ကြသည်။ ဤလုပ်ငန်းကိုလုပ်ဆောင်နေစ “ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူအစမပြတ်ရှိသည်” ဟုယေရှုမိန့်တော်မူ၏။ (မ. ၂၈:၂၀) ယုံကြည်ခြင်းကို အလွန်ခိုင်ခံ့စေပါသည်တကား! အမှုဆောင်နေသည့်အခါ ကျွန်ုပ်တို့နှင့်အတူ ယေရှုရှိနေခြင်းသည် ထူးမတ်သောအခွင့်အရေးတစ်ခုဖြစ်သည်။

၂ ကျွန်ုပ်တို့အများစုသည် နှစ်ခြင်းခံပြီးသောသက်သေခံများဖြစ်ကြ၏၊ အချို့မှာ ဆက်ကပ်အပ်နှံထားသော်လည်း နှစ်ခြင်းမခံရသေးပါ။ သို့သော် ကျွန်ုပ်တို့အားလုံးသည် ဘုရာသခင်၏သစ္စာနှံကျေးကျွန်များဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကို သစ္စာရှိကာ သစ္စာစောင့်သိရမည်။ (ဒေ. ၅:​၄၊ ၅) ယေရှု၏စကားနှင့်အညီ ယခုကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၂၃၀ ကျော်တွင် သတင်းကောင်းဟောပြောလျက်ရှိသည်။ သန့်ရှင်းသောကောင်းကင်တမန်များအကူအညီဖြင့် သတင်းတရာကိုကြေညာရန် နာရီသန်းပေါင်းများစွာကို အသုံးပြုကြသည်။ ကမ္ဘာတစ်ဝန်းရှိကြေညာသူများသည် လစပျမ်းမျှ ၁၈ နာရီမှတ်တမ်းသွင်းကြသည်။ မည်မျှအားရစရာပါတကား! အင်ဂိုလနိုင်ငံတွင် ခက်ခဲသည့်ကာလများအတွင်၌ပင် ကြေညာသူများသည် တစ်ဦးလျှင် ပျမ်းမျှကျမ်းစာသင်အံမှု ၃ ခုကျင်းပနေကြသည်ဟု ၂၀၀၁ ယေဟောဝါသက်သေများ၏နှစ်ချုပ်စာအုပ် ကဖော်ပြသည်။ အလွန်ကောင်းသည့်မှတ်တမ်းပါတကား!

၃ ယနေ့မြန်မာနိုင်ငံတွင် ၁၂၅ နေရာ (အသင်းတော် ၁၀၅ ခုနှင့် သီးခြားအုပ်စု ၂၀) ၌ သတင်းကောင်းကိုကြေညာနေပါသည်။ သတင်းတရာ မရောက်ရှိသေးသည့်နေရာ ရာနှင့်ချီ၍ရှိပါသည်။ ကျွန်ုပ်တို့သည် သမ္မာတရာကို လူများများကြားခွင့်ရရန် ကြိုးစားလုပ်ဆောင်သင့်သည်၊ အဆုံးမတိုင်မီ သတင်းကောင်းကြေညာရာ၌ အချိန်များများအသုံးပြုသင့်သည်။ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများတွင် တစ်ဦးလျှင် တစ်လ ၁၈ နာရီစီမှတ်တမ်းသွင်းနေကြစ မြန်မာနိုင်ငံရှိကြေညာသူများမှာ ၂၀၀၀ ပြည့်နှစ်အတွင် တစ်ဦးလျှင် တစ်လ ၆.၄ နာရီစီမှတ်တမ်းသွင်းကာ သင်အံမှု ၀.၁ ခုစီကျင်းပခဲ့ကြသည်ဟု ကျွန်ုပ်တို့၏နှစ်ချုပ်မှတ်တမ်းကဖော်ပြသည်။ ၁၉၉၉ ခုနှစ်၌လည်း ထိုအတိုင်းပင် ၆.၄ နာရီနှင့် ကျမ်းစာသင်အံမှု ၀.၁ ခုမှတ်တမ်းသွင်းခဲ့ကြသည်။ ၁၉၉၈ ခုနှစ်တွင်ကော မည်သို့နည်း။ ၆.၅ နာရီနှင့် ၀.၂ ဖြစ်သည်။ တစ်နှစ်ပြီးတစ်နှစ် ထိုအတိုင်းပင်ဖြစ်ကြောင်း မှတ်တမ်းကဖော်ပြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အလွန်နီးကပ်နေသည့်အဆုံးရောက်မလမီ ယင်းကိုတိုးတက်ဖို့ တစ်စုံတစ်ရာလုပ်ရမည်ဖြစ်၏။ ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။ ကျွန်ုပ်တို့ မည်သို့တိုးတက်နိုင်သနည်း။

၄ အသင်းတော်ရှိအကြီးအကဲနှင့် ဓမ္မအမှုထမ်းများသည် အသင်းတော်၏ဝိညာရေးကို ပို၍သတိပြုသင့်သည်။ သူတို့၏အစည်းအဝေးတက်ခြင်း၊ အစည်းအဝေးများသို့ ကောင်းစွာပြင်ဆင်၍လခြင်း၊ အစည်းအဝေးများတွင်ပါဝင်ခြင်းတို့သည် အားပေးမှုဖြစ်သင့်သည်။ သူတို့သည် ဝိညာရေးတွင်သန်စွမ်းနေလျှင် သူတို့၏လယ်ကွင်းလုပ်ငန်းပါဝင်မှုသည် အလွန်အားရှိစရာဖြစ်ပေမည်။ အကြီးအကဲများသည် ကြေညာသူများအား တစ်ပတ်လျှင် အနည်းဆုံးနှစ်နာရီခွဲ သို့မဟုတ် သုံးနာရီမှတ်တမ်းသွင်းရန် မှန်မှန်အားပေးသင့်သည်။ အကြီးအကဲတို့သည် အိမ်တွင်ကျမ်းစာသင်အံမှုတစ်ခုစတင်ဖို့ အကူအညီလိုသူကို သိရှိသင့်သည်၊ ကျမ်းစာသင်အံမှုအသစ်များစတင်ကာ ယင်းတို့ကို ကြေညာသူအသစ်များအား လွှဲပြောင်းပေးရန် ရှေ့ဆောင်များနှင့် ရင့်ကျက်သောကြေညာသူတို့ကို အားပေးသင့်သည်။ ကြေညာသူများကို အားပေးရန်အကောင်းဆုံးနည်းမှာ ပုံသက်သေအားဖြင့်ဖြစ်သည်။ အကြီးအကဲများသည် အမှုဆောင်မှန်မှန်ထွက်သလော။ သူတို့တွင် ကျမ်းစာသင်အံမှုများရှိသလော။ အစည်းအဝေးအားလုံးကို သူတို့မှန်မှန်တက်ကြသလော၊ အစည်းအဝေးမစမီ အချိန်အနည်းငယ်ကြိုရောက်ပြီး အစည်းအဝေးပြီးသည့်နောက် အချိန်အနည်းငယ်နေသလော။ သူတို့သည် အစည်းအဝေးအားလုံးတွင် ပါဝင်ကြသလော။

၅ အသင်းတော်တွင် ရှေ့ဆောင်များရှိလျှင် သူတို့၏ ကြေညာသူများအား လေ့ကျင့်ပေးသည့်အစီအစသည် မည်သို့လုပ်ဆောင်နေသနည်း။ သူတို့သည် ကြေညာသူများအား တစ်လလျှင် အနည်းဆုံးဆယ်နာရီရရန်နှင့် တစ်ဦးလျှင် အနည်းဆုံး အိမ်တွင်ကျမ်းစာသင်အံမှုတစ်ခုကျင်းပရန် ကူညီပေးသင့်သည်။ အကြီးအကဲများသည် ထိုအရာအားလုံးကို ကြည့်ရှုပေးသင့်သည်။ တိုက်နယ်ကြီးကြပ်မှူးများသည် အကြီးအကဲများနှင့်ရှေ့ဆောင်များ သူတို့၏တာဝန်များကို ကောင်းစွာထမ်းဆောင်နေသည်ကို တွေ့ မြင်သည့်အခါ သူတို့အား ချီးမွမ်းကာ အသင်းတော်ကိုဆက်ကူညီပေးဖို့ အားပေးသင့်သည်။ အသင်းတော်သည် နာရီ၊ ပြန်လည်ပတ်မှုနှင့် အိမ်တွင်ကျမ်းစာသင်အံမှုတို့တွင် ကိုတာမပြည့်လျှင် တိုက်နယ်ကြီးကြပ်မှူးများသည် စင်မြင့်ပေါ်မှသာမက အကြီးအကဲများ၊ ဓမ္မအမှုထမ်းများ၊ ရှေ့ဆောင်များ၊ ကြေညာသူများနှင့် ကိုယ်တိုင်ကိုယ်ကျစကားပြောဆိုသည့်အခါတွင်လည်း သူတို့ကိုအားပေးသင့်သည်။ မည်သို့ပြုလုပ်နိုင်ပုံကို သူတို့အားပြောပြပါ။

၆ ကျွန်ုပ်တို့၏အစည်းအဝေးများနှင့် လယ်ကွင်းလုပ်ငန်းက ကျွန်ုပ်တို့သည် ဝိညာရေးတွင် မည်မျှသန်စွမ်းနေကြောင်းကို ဖော်ပြသည်။ ယခုနေ့ရက်များသည် ဤအစီအစစနစ်၏ နောက်ဆုံးသောနေ့ရက်များဖြစ်၏။ ကျွန်ုပ်တို့သည် ဝိညာရေးတွင်သန်စွမ်းကာ သခင့်လုပ်ငန်း၌ အလုပ်များနေကြဖို့လိုသည်။​​—၁ ကော. ၁၅:၅၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ