ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၀၂ စာ. ၃-၄
  • ‘ကောင်းမှုများနှင့်ကြွယ်ဝလော့’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ကောင်းမှုများနှင့်ကြွယ်ဝလော့’
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အပြည့်အဝဟောပြောလော့”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ကောင်းသောအမှုအရာအတွက် စိတ်ထက်သန်မှုရှိလော့!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ‘သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံလော့’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ‘ခပ်သိမ်းသောသူတို့အား ကောင်းမှုပြုလော့’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၃/၀၂ စာ. ၃-၄

‘ကောင်းမှုများနှင့်ကြွယ်ဝလော့’

၁ တမန်တော်ပေါလုသည် ဇွဲနပဲဖြင့်ဓမ္မအမှုဆောင်ခဲ့သည့် နောက်ဆုံးနှစ်များအတွင်း တိမောသေ၊ တိတုတို့နှင့် အနီးကပ်လုပ်ဆောင်ခဲ့သည်။ သူသည် ၎င်းတို့တစ်ဦးစီထံ တူညီသောအားပေးစကားများရေးသားခဲ့သည်။ သူက “ဘုရားသခင်ကိုယုံကြည်သောသူတို့” သည် “ကောင်းမှုများဆက်ပြုနေခြင်းကိုအာရုံစိုက်” သင့်သည်ဟု တိတုထံရေးသားခဲ့သည်။ (တိ. ၃:၈၊ ကဘ) ဘုရားသခင်ကိုအားကိုးမျှော်လင့်သူတို့သည် ‘ကောင်းမှုများနှင့်ကြွယ်ဝ’ သင့်သည်ဟု တိမောသေထံ ရေးသားခဲ့သည်။ (၁ တိ. ၆:၁၇၊ ၁၈၊ သမ) ယင်းသည် ကျွန်ုပ်တို့အားလုံးအတွက် အလွန်ကောင်းသည့်အကြံပြုချက်ဖြစ်၏! သို့သော် ကျွန်ုပ်တို့၏အသက်တာတွင် ကောင်းမှုများပြုရန် မည်သည့်အရာက လှုံ့ဆော်ပေးမည်နည်း။ ထို့အပြင် လာမည့်နေ့ရက်များတွင် အဘယ်သတ်သတ်မှတ်မှတ်ကောင်းမှုများကို ကျွန်ုပ်တို့ပြုနိုင်သနည်း။

၂ မှန်ကန်သောလုပ်ဆောင်မှုများတွင် ကြွယ်ဝနေရန်လှုံ့ဆော်မှုသည် ယေဟောဝါအား ယုံကြည်၍ ချစ်မြတ်နိုးခြင်းနှင့် ကျွန်ုပ်တို့ကို ကိုယ်တော်ပေးထားသည့် အံ့ဖွယ်မျှော်လင့်ချက်တို့မှ ပေါ်ပေါက်လာသည်။ (၁ တိ. ၆:၁၉; တိ. ၂:၁၁) အထူးသဖြင့် နှစ်၏ဤအချိန်အခါတွင် ယေရှုသည် မိမိ၏ခမည်းတော်ကို သံသယကင်းရှင်းစေကာ ထိုက်တန်သူအားလုံးအတွက် အသက်လမ်းဖွင့်ပေးနိုင်ရန် သားတော်ကို ယေဟောဝါစေလွှတ်ခဲ့ကြောင်း ကျွန်ုပ်တို့နှိုးဆော်ခံကြရသည်။ (မ. ၂၀:၂၈; ယော. ၃:၁၆) ယင်းကို မတ်လ ၂၈ ရက်၊ ခရစ်တော်၏သေခြင်းဆိုင်ရာ သတိရအောက်မေ့ပွဲတွင် အလွန်ရှင်းလင်းစေမည်ဖြစ်သည်။ ကျွန်ုပ်တို့ရရှိထားသည့် ထာဝရအသက်မျှော်လင့်ချက်ကို တုံ့ပြန်ရာတွင် ‘ကောင်းမှုများနှင့်ကြွယ်ဝ’ ရန် အတတ်နိုင်ဆုံးလုပ်ဆောင်ဖို့ ကျွန်ုပ်တို့လှုံ့ဆော်မခံရပေလော။ လှုံ့ဆော်ခံရသည်မှာအမှန်ပင်! ကျွန်ုပ်တို့သည် အဘယ်ကောင်းမှုများကို ယခုပြုနိုင်သနည်း။

၃ မတ်လနှင့် ၎င်းနောက်ပိုင်းလများတွင် လုပ်ဆောင်ရန်ကောင်းမှုများ– ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများအတွက် နှစ်၏အရေးကြီးဆုံးဖြစ်ရပ်—သတိရအောက်မေ့ပွဲ—ကိုတက်ရောက်ကြမည်မှာသေချာသည်။ (လု. ၂၂:၁၉) သို့သော် ကျွန်ုပ်တို့သည် လူများနိုင်သရွေ့များများအား ထိုအခါသမယ၏ရွှင်လန်းမှုကို ဝေမျှလိုကြသည်။ ၂၀၀၂ နှစ်ချုပ်စာအုပ် ပါ လုပ်ငန်းတော်မှတ်တမ်းကိုကြည့်လျှင် လွန်ခဲ့သည့်နှစ်က ကမ္ဘာတစ်ဝန်းရှိနိုင်ငံများစွာတွင် သတိရအောက်မေ့ပွဲတက်ရောက်သူသည် ကြေညာသူအရေအတွက်ထက် သုံးလေးငါးဆ သို့မဟုတ် ထိုထက်မကများကြောင်း သင်တွေ့ရလိမ့်မည်။ အသင်းတော်ရှိသူအားလုံးသည် မိမိတို့၏ရပ်ကွက်အနှံ့တွင် သတိရအောက်မေ့ပွဲဖိတ်စာများကို ကျယ်ကျယ်ပြန့်ပြန့်ဝေငှရန် ဝီရိယရှိရှိကြိုးစားခဲ့ကြသည်မှာ သေချာသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သတိရအောက်မေ့ပွဲသို့ လူတို့ကိုဖိတ်ခေါ်ကာ ကယ်တင်ခြင်းမျှော်လင့်ချက်အကြောင်း သိရှိရန်ကူညီပေးဖို့ ယခုနှင့် မတ်လ ၂၈ ရက်ကြားတွင် တတ်နိုင်သရွေ့ အချိန်များများအသုံးပြုလိုကြသည်။

၄ ဧပြီလရောက်သောအခါ နေ့တာရှည်ကာ ရာသီဥတုပိုကောင်းပေမည်။ ‘ကောင်းမှုများနှင့်ကြွယ်ဝ’ ရန် ၎င်းအခြေအနေကောင်းများကို မည်သို့ကောင်းစွာအသုံးချနိုင်သနည်း။ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းတွင် ဆက်၍အားတက်သရောပါဝင်ကာ “ကောင်းသောအကျင့်ဘက် [“ကောင်းမှု၊” သမ] ၌စိတ်အားကြီး” နေခြင်းအားဖြင့်ဖြစ်သည်။ (တိ. ၂:၁၄; မ. ၂၄:၁၄) သင်သည် မတ်လတွင် အရန်ရှေ့ဆောင်မလုပ်နိုင်လျှင် ဧပြီနှင့်/သို့မဟုတ် မေလတွင် လုပ်နိုင်မည်လော။ သင်သည် မတ်လတွင်ရှေ့ဆောင်လုပ်နေလျှင် ဆက်လုပ်နိုင်မည်လော။

၅ လောကီလုပ်ငန်းလုပ်သူတို့သည် အလုပ်သွားစဉ်အမှုဆောင်ခြင်း၊ လမ်းပေါ်သက်သေခံခြင်း သို့မဟုတ် နံနက်စောစောဖွင့်သည့်အလုပ်များတွင် အလုပ်လုပ်သူများထံ လည်ပတ်ခြင်းဖြင့် တစ်နာရီ သို့မဟုတ် ထိုမျှလောက်အသုံးပြုနိုင်ကြောင်း တွေ့ရှိကြသည်။ အခြားသူတို့မူ မိမိတို့၏နေ့လယ်စာစားချိန်အချို့တွင် သက်သေခံရန်စီစဉ်ကြသည်။ ထိုအချိန်အတွင်း အလုပ်ဖော်တစ်ဦးနှင့် ကျမ်းစာသင်အံမှုကျင်းပနိုင်ကြောင်း အချို့သူတို့တွေ့ရှိခဲ့ကြပြီ။ အိမ်ရှင်မများဖြစ်ကြသည့် ညီအစ်မများစွာသည် ၎င်းတို့၏ကလေးများ ကျောင်းတက်နေစဉ် လယ်ကွင်းဓမ္မအမှုအတွက် အချိန်ပေးနိုင်ခဲ့ကြသည်။ ၎င်းတို့သည် အချို့ရက်များတွင် အိမ်မှုကိစ္စများလုပ်ဆောင်ရန် အိပ်ရာမှ အနည်းငယ်စောစောထခြင်းဖြင့် ဟောပြောသွန်သင်ခြင်းလုပ်ငန်းအတွက် နေ့ဘက်တွင် အချိန်ပိုရရှိကြသည်။—ဧ. ၅:၁၅၊ ၁၆။

၆ သင်သည် အရန်ရှေ့ဆောင်မလုပ်နိုင်သည့်တိုင် “သူတစ်ပါးအားကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့် [“ကောင်းမှု၊” သမ] ၌ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲချင်သောစေတနာစိတ်ရှိခြင်း၊ အချင်းချင်းဆက်ဆံခြင်း” ပြုရန် အတတ်နိုင်ဆုံးလုပ်ဆောင်ကာ ဓမ္မအမှုတွင် ပို၍ပါဝင်ဖို့ ကိုယ်ပိုင်အစီအစဉ်တစ်ခုပြုလုပ်နိုင်ပေမည်။—၁ တိ. ၆:၁၈။

၇ တပည့်ဖြစ်စေခြင်းဆိုင်ရာ ကောင်းမှုကိုသတိရပါ– နှစ်စဉ် သတိရအောက်မေ့ပွဲသို့လာကြသည့် စိတ်ဝင်စားသူများရှိသည်။ တက်ရောက်သော်လည်း ယခုသင်အံမှုမပြုနေသူများအား အသင်းတော်သားအချို့သည် အာရုံစိုက်ပေးနိုင်မည်လော။ ဝိညာဉ်ရေးတိုးတက်ရန်ကူညီပေးဖို့ရည်ရွယ်ချက်ဖြင့် သူတို့ထံ ပြန်လည်ပတ်မှုများ လုပ်နိုင်မည်လော။ ဤသတိရအောက်မေ့ပွဲတက်ရောက်သူများမှအချို့သည် သက်သေခံများ၏ ဆွေမျိုးများဖြစ်ပေမည်။ အခြားသူတို့မူ ယခင်က သင်အံမှုလုပ်ခဲ့ကာ သင်အံမှုပြန်စရန်နှင့် အစည်းအဝေးများမှန်မှန်တက်ရန် အားပေးမှုအတော်အတန်သာလိုအပ်သူများဖြစ်ပေမည်။ သူတို့သည် ကျွန်ုပ်တို့နှင့်အတူ ယေဟောဝါ၏တက်ကြွသောကျေးကျွန်များဖြစ်လာသည်ကို တွေ့မြင်ရခြင်းသည် ကျွန်ုပ်တို့ကို မည်မျှရွှင်လန်းစေပါမည်တကား!

၈ ကျွန်ုပ်တို့သည် မတ်လနှင့် ၎င်းနောက်ပိုင်းလများအတွင်း ဓမ္မအမှု၌တိုးချဲ့ပါဝင်ခြင်းဖြင့် ပြန်လည်ပတ်ရမည့် နောက်ထပ်စိတ်ဝင်စားသူများကို တွေ့နိုင်စရာအကြောင်းရှိသည်။ သူတို့ကို မေးခွန်းတစ်ခုမေးခဲ့ရန် ကြိုးစားပါ။ ထို့နောက် နောက်တစ်ခါလာသည့်အခါ အဖြေပြောပြမည်ဟု ကတိပေးပါ။ ထိုသို့လုပ်ဆောင်သည့်အခါ ပြန်လည်ပတ်မှုအတွက် လမ်းပွင့်မည်ဖြစ်သည်။ မြန်မြန်ပြန်လည်ပတ်နိုင်လေ ပိုကောင်းလေဖြစ်၏။ ကျွန်ုပ်တို့သည် ဦးဆုံးအကြိမ်တွင် သင်အံမှုမစနိုင်ပါက ဖြစ်နိုင်လျှင် နောက်တစ်ကြိမ်တွင်စတင်ရန် ကြိုးစားလိုကြသည်။

၉ ကျွန်ုပ်တို့သည် လမ်းပေါ်သက်သေခံသည့်အခါ ကြိုးစား၍ လူတို့နှင့်စကားစမြည်စတင်ပြောဆိုရန် နိုးကြားနေသင့်သည်။ ကြေညာသူများစွာသည် လမ်းပေါ်အမှုဆောင်နေစဉ်တွေ့ဆုံခဲ့ရသည့် စိတ်ဝင်စားသူများ၏အမည်၊ လိပ်စာနှင့် တယ်လီဖုန်းနံပါတ်များကို ရရှိခဲ့ကြသည်။ တွေ့ဆုံခဲ့သူသည် သင့်ရပ်ကွက်တွင်မနေထိုင်ပါက ကျေးဇူးပြု၍ဆက်လိုက်ပေးပါ (S-43) ပုံစံကို နိုင်ငံတော်ခန်းမတွင်ရယူကာ ယင်းကိုဖြည့်စွက်ပြီး ထိုသူနေထိုင်သည့်ရပ်ကွက်ရှိ အသင်းတော်သို့လွှဲပြောင်းပေးမည့် အသင်းတော်အတွင်းရေးမှူးထံပေးပါ။ အတွင်းရေးမှူးသည် ထိုသို့မလုပ်နိုင်ပါက ယင်းကို ကိုင်တွယ်ရန် ဌာနခွဲရုံးသို့ပေးပို့မည်ဖြစ်သည်။ ဤနည်းဖြင့် စိတ်ဝင်စားမှုကိုပျိုးထောင်ပေးနိုင်သည်။

၁၀ တယ်လီဖုန်းနံပါတ်ရထားသော်လည်း လိပ်စာမရထားလျှင် ထိုသူကိုဖုန်းဆက်၍ ပြန်လည်ပတ်မှုလုပ်နိုင်သည်။ သင်ဆွေးနွေးလိုသည့်အရာကို ကြိုတင်ပြင်ဆင်ထားပါ။ ချက်ချင်းကိုးကားဖော်ပြနိုင်ရန် သင့် ကျိုးကြောင်းဆင်ခြင် စာအုပ်ကို လက်လှမ်းမီသောနေရာတွင်ထားပါ။ အချို့သူတို့သည် အိမ်တွင်တွေ့ဖို့ခက်သူများအပါအဝင် လူတို့နှင့် တယ်လီဖုန်းဖြင့် သင်အံမှုပြုရာတွင် အောင်မြင်မှုကောင်းရရှိနေကြသည်။ ညီအစ်မတစ်ဦးသည် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင်တွေ့ခဲ့ရသည့် စိတ်ဝင်စားသူအမျိုးသမီးများထံမှ တယ်လီဖုန်းနံပါတ်တောင်းခဲ့သည်။ ရလဒ်အနေနှင့် သူသည် သင်အံမှုနှစ်ခုစတင်ကျင်းပနိုင်ခဲ့သည်။

၁၁ မလှုပ်ရှားသူများကိုကူညီရာတွင် အကြီးအကဲများနှင့်ပူးပေါင်းပါ– အကြီးအကဲများသည် ထိုသို့သောသူများကို မေတ္တာဖြင့်ဂရုစိုက်ခြင်းတွင် အလွန်စိတ်ဝင်စားကြသည်။ ၎င်းတို့၏အစပြုလုပ်ဆောင်မှုဖြင့် ထိုသို့သောသူအတော်များများသည် အသင်းတော်စည်းဝေးများပြန်တက်နေကြပြီဖြစ်သည်။ သူတို့သည် ဆာလံ ၉၁ တွင်ဖော်ပြထားသည့် ဝိညာဏလုံခြုံမှုရရှိရန် ယေဟောဝါ၏အဖွဲ့အစည်းနှင့် အနီးကပ်ပေါင်းသင်းမှုရယူဖို့လိုအပ်ကြောင်း သဘောပေါက်ကြသည်။ ယခု သူတို့ထဲမှအချို့သည် လယ်ကွင်းလုပ်ငန်းတွင်ပြန်ပါဝင်ရန် အသင့်ရှိနေကြသည်။ မလှုပ်ရှားသောအခြားသူများသည် ဤလသတိရအောက်မေ့ပွဲကို တက်ရောက်မည်ဆိုလျှင် ကိုယ်ပိုင်ကျမ်းစာသင်အံမှုတစ်ခုလက်ခံလိုကြပေမည်။ ထိုသို့ဖြစ်လျှင် အကြီးအကဲများသည် အကူအညီရလိုသူများနှင့်သင်အံမှုကျင်းပရန် တစ်စုံတစ်ဦးကို စီစဉ်ပေးမည်ဖြစ်သည်။ သင်သည် ဤနည်းဖြင့်အကူအညီပေးရန် တောင်းဆိုခံရလျှင် သင့်ပူးပေါင်းဆောင်ရွက်မှုသည် အလွန်တန်ဖိုးထားခံရမည်ဖြစ်၏။—ရော. ၁၅:၁၊ ၂။

၁၂ ‘ကောင်းမှုများကိုတည်မြဲနေ’ စေပါ– မိမိတို့၏လယ်ကွင်းလုပ်ငန်းသည် နောက်လများတွင် တိုးတက်လာကြောင်း အရန်ရှေ့ဆောင်လုပ်ငန်းတွင် တစ်လ သို့မဟုတ် ထိုထက်မက ပါဝင်ခဲ့ကြသူများစွာတို့တွေ့ရှိခဲ့ကြပြီ။ သူတို့သည် ပြန်လည်ပတ်ရန်လိုအပ်သည်ဟုယူဆရသည့် စိတ်ဝင်စားသူများကိုတွေ့ခဲ့ကြသည်။ ယင်းက စိတ်ဝင်စားသူများနှင့်ပြန်တွေ့ရန် လယ်ကွင်းလုပ်ငန်းတွင်ပိုမိုပါဝင်ဖို့ အထူးကြိုးစားကြရန် သူတို့ကိုလှုံ့ဆော်ပေးသည်။ အချို့သည် သင်အံမှုများစခဲ့ရကာ ယင်းက ဓမ္မအမှုတွင် ပို၍ပါဝင်ရန် သူတို့ကိုကူညီပေးခဲ့သည်။

၁၃ အခြားသူတို့မူ မိမိတို့၏ဦးစားထားရာများကိုဆန်းစစ်ရန် လှုံ့ဆော်ပေးသည့် ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ပိုမိုလုပ်ဆောင်ခြင်းဖြင့် ရွှင်လန်းမှုများစွာရရှိခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ရလဒ်အနေနှင့် အချို့သူတို့သည် လောကီအလုပ်ကိုလျှော့ချကာ အရန်ရှေ့ဆောင်ဆက်တိုက်လုပ်နိုင်ခဲ့ကြသည်။ အခြားသူတို့မူ မှန်မှန်ရှေ့ဆောင်လုပ်ငန်းသို့ ဝင်ရောက်နိုင်ခဲ့ကြသည်။ သူတို့သည် လောကကမ်းလှမ်းသည့် အရာများပေါ်မဟုတ်ဘဲ ဘုရားသခင်အပေါ် ပို၍အပြည့်အဝမျှော်လင့်အားထားနိုင်ခဲ့ကြသည်။ “ဝေငှပေးကမ်း” ခြင်းသည် ယေဟောဝါထံမှ ကြွယ်ဝသောကောင်းချီးများသက်ရောက်စေကာ “စစ်မှန်သောအသက်” ရရှိရန်ဟူသော ၎င်းတို့၏မျှော်လင့်ချက်ကို ခိုင်မာစေကြောင်း သူတို့တွေ့ရှိခဲ့ကြသည်။ (၁ တိ. ၆:၁၈၊ ၁၉၊ သက) မှန်ပါသည်၊ ရှေ့ဆောင်လုပ်ငန်းတွင် ပို၍ပါဝင်သည်နှင့်အမျှ အသင်းတော်တစ်ခုလုံးအကျိုးခံစားရသည်။ ရှေ့ဆောင်တို့သည် မိမိတို့၏တွေ့ကြုံမှုများကိုပြောပြကာ ဓမ္မအမှုတွင် မိမိတို့နှင့်အတူပါဝင်ရန် အခြားသူတို့ကိုဖိတ်ခေါ်လေ့ရှိရာ ယင်းက အသင်းတော်ဝိညာဉ်ရေးအခြေအနေကို တိုးတက်ကောင်းမွန်စေသည်။

၁၄ ကျွန်ုပ်တို့အားလုံး ဤသတိရအောက်မေ့ပွဲကာလနှင့် ယင်းနောက်ပိုင်းကာလများတွင် ခရစ်ယာန်ဓမ္မအမှု၌တိုးချဲ့ပါဝင်ခြင်းဖြင့် ‘ကောင်းမှုများနှင့်ကြွယ်ဝ’ နိုင်ကြပါစေ။ ဖြောင့်မတ်သောကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်ရန်မျှော်လင့်ချက်ကို ကျွန်ုပ်တို့အားပေးရန် ယေဟောဝါလုပ်ဆောင်ခဲ့ရာများအတွက် ကျေးဇူးတင်ကြောင်းပြကြပါစို့။—၂ ပေ. ၃:၁၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ