ကြေညာချက်များ
◼ ဩဂုတ် လတွင်ဝေငှရန်စာပေ– အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝထာဝရစံစားကြ!၊ “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်၊” သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်]၊ ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ၊ ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း [လိပ်]၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကို သင်မည်သို့ရှာတွေ့နိုင်သနည်း နှင့် သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ။ လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်၊ ကျွန်ုပ်တို့၏ပြဿနာများ—ယင်းတို့ကိုဖြေရှင်းရန် ကျွန်ုပ်တို့ကိုမည်သူကူညီမည်နည်း [လိပ်]၊ လူသေတို့၏ဝိညာဉ်များ—သင့်ကိုကူညီနိုင်သလော၊ ဒုက္ခပေးနိုင်သလော၊ ယင်းတို့အမှန်တည်ရှိသလော [လိပ်] နှင့် စစ်မဲ့ကမ္ဘာတစ်နေ့နေ့ရှိနိုင်ပါမည်လော [လိပ်] ဘရိုရှာများကို သင့်လျော်သလိုဝေငှနိုင်သည်။ စက်တင်ဘာ– အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်]။ အောက်တိုဘာ– ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများ။ ပြန်လည်ပတ်မှုများ၌ စိတ်ဝင်စားမှုတွေ့လျှင် နှစ်စဉ်ကြေးကမ်းလှမ်းကာ ကျမ်းစာသင်အံမှုစတင်ရန် အထူးကြိုးစားပါ။ နိုဝင်ဘာ– ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း သို့မဟုတ် ထာဝရအသက်ရစေသောအသိပညာ။ လူတို့တွင် ၎င်းတို့ရှိထားနှင့်ပြီးဖြစ်ပါက စာအုပ်ဟောင်းတစ်ခုကို ဝေငှနိုင်သည်။
◼ အသင်းတော်များသည် ယေဟောဝါသက်သေများ၏ ၂၀၀၃ ခုနှစ်ပြက္ခဒိန် [လိပ်]၊ ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၃ နှင့် ယေဟောဝါသက်သေတို့၏ ၂၀၀၃ နှစ်ချုပ်စာအုပ် [လိပ်] ကို နောက်လစာအုပ်စာတမ်းတောင်းခံလွှာနှင့်တစ်ပါတည်း စတင်မှာယူနိုင်သည်။
◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် အသင်းတော်စာရင်းအင်းများကို စက်တင်ဘာ ၁ ရက် သို့မဟုတ် စောနိုင်သရွေ့စောစော စစ်ဆေးသင့်သည်။ ယင်းသို့စစ်ဆေးပြီးနောက် စာရင်းအင်းအစီရင်ခံစာဖတ်ပြသောအခါ အသင်းတော်အား ကြေညာပေးပါ။
◼ ၂၀၀၂ ခုနှစ်၊ ဩဂုတ် ၃၁ တွင် သို့မဟုတ် ဖြစ်နိုင်သရွေ့ ၎င်းနှင့်အနီးဆုံးရက်တွင် လက်ရှိစာအုပ်စာတမ်းနှင့် မဂ္ဂဇင်းအားလုံး၏နှစ်ချုပ်စာရင်းကို ပြုစုသင့်သည်။ ဤလက်ရှိပစ္စည်းစာရင်းသည် စာအုပ်စာတမ်းအမှုထမ်း လစဉ်ပြုစုထားသည့် အရေအတွက်မှန်နှင့်အလားတူကာ စုစုပေါင်းများကို စာအုပ်စာတမ်းလက်ရှိပစ္စည်းစာရင်းပုံစံ (S-18) တွင်ရေးသွင်းသင့်သည်။ လက်ရှိစုစုပေါင်းမဂ္ဂဇင်းအရေအတွက်ကို မဂ္ဂဇင်းအမှုထမ်းများထံမှ ရယူနိုင်သည်။ အသင်းတော်များသည် စာအုပ်စာတမ်းလက်ရှိပစ္စည်းစာရင်းပုံစံ (S-18) စာရွက်သုံးရွက် ရရှိပါမည်။ ကျေးဇူးပြု၍ မူရင်းကို စက်တင်ဘာ ၆ ရက်နေ့မတိုင်မီ ဌာနခွဲရုံးသို့ပေးပို့ပါ။ မိတ္တူပုံစံတစ်ခုကို သင့်ဖိုင်တွဲများတွင် သိမ်းဆည်းထားပါ။ တတိယပုံစံစာရွက်ကိုကား တွက်ချက်မှုအတွက် အသုံးပြုနိုင်သည်။
◼ ၂၀၀၂ ခုနှစ်၊ ဩဂုတ် ၃၀ မှ ၃၁ အထိ ဌာနခွဲတွင် လက်ရှိစာအုပ်စာတမ်းအားလုံးကို စာရင်းယူမည်ဖြစ်သည်။ ဤစာရင်းယူလုပ်ဆောင်မှုကြောင့် မည်သည့်အသင်းတော်၏စာအုပ်စာတမ်းမှာယူခြင်းကိုမဆို ထိုနေ့များအတွင်း ထုပ်ပိုးသယ်ပို့ပေးခြင်းကို စီမံဆောင်ရွက်ပေးနိုင်မည်မဟုတ်ချေ။
◼ ရရှိနိုင်သောစာအုပ်စာတမ်းများ–
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်—မြန်မာ၊ ဟားခါး၊ တီးတိန်၊ ကချင်၊ တရုတ် (အသေး)
လူငယ်များ အမေး—တာသွားသည့် အဖြေ—အင်္ဂလိပ်၊ မြန်မာ၊ နပါလီ၊ တရုတ်
အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော (အသေး)—အင်္ဂလိပ်၊ တယ်မီလ်
ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း—အင်္ဂလိပ် (အသေး)၊ မြန်မာ
ဒံယေလ၏ပရောဖက်ပြုချက်ကိုဂရုပြုလော့!—အင်္ဂလိပ်၊ တယ်မီလ်၊ မြန်မာ
ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း ၁—အင်္ဂလိပ်
ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း ၂—အင်္ဂလိပ်
ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ!—မြန်မာ
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း—အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်
ထာဝရအသက်ရစေသောအသိပညာ—အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်၊ ဟားခါး၊ အူရ်ဒူ၊ ဟင်ဒီ၊ တရုတ်
မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်—အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်
အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား—မြန်မာ၊ တရုတ်၊ အူရ်ဒူ၊ ဟင်ဒီ
သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိသလော—အင်္ဂလိပ်၊ တရုတ်
ကျွန်ုပ်တို့၏ဓမ္မအမှုကို ပြီးမြောက်စေရန် ဖွဲ့စည်းထားခြင်း—မြန်မာ
သီအိုကရက်တစ်ဓမ္မအမှုကျောင်း လမ်းညွှန်စာအုပ်—မြန်မာ
ကမ္ဘာသားဘဝထာဝရစံစားကြ!—ပိုးကရင်၊ ရှမ်း၊ ကချင်၊ ဟားခါး၊ ဇိုတုန်း၊ ကယန်း
ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း—ကူကီး၊ ကချင်၊ စကောကရင်၊ လားဟူ၊ လီဆူး၊ အင်္ဂလိပ်
ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော—စကောကရင်၊ ဟင်ဒီ
ယေဟောဝါသက်သေများ—သူတို့မည်သူများနည်း—အင်္ဂလိပ်
ကျေနပ်ရောင့်ရဲသောဘဝ—ယင်းကိုမည်သို့ရရှိနိုင်—အင်္ဂလိပ်
ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်—လားဟူ၊ စကောကရင်၊ အူရ်ဒူ
ဘရိုရှာမျိုးစုံ—မြန်မာ၊ အင်္ဂလိပ်၊ ဟင်ဒီ၊ တယ်မီလ်၊ တရုတ်
ဝေစာမျိုးစုံ—အင်္ဂလိပ်၊ မြန်မာ
ဝေစာနံပါတ် ၁၄၊ ၁၅—လားဟူ
ဝေစာနံပါတ် ၂၅—အင်္ဂလိပ်၊ တယ်မီလ်၊ လားဟူ
ဝေစာနံပါတ် ၂၆—လူရှိုင်း၊ တယ်မီလ်
◼ ရရှိနိုင်သောစီဒီဓာတ်ပြား–
အသင်းတော်သုံးရန်အတွက် တစ်စုံပါဓာတ်ပြား ၈ ခု (၂၂၅ ပုဒ်) (cdsb)—အင်္ဂလိပ်